Premier League Transfer News

အသင်းပြောင်းတော့မှာဖြစ်လို့ အာနိုးကို အိမ်ရောင်းဖို့ လုပ်နေတဲ့ စတားလင်း

ချဲလ်ဆီးအသင်းပစ်မှတ် ရာဟင်း စတားလင်းဟာ ၎င်းရဲ့အိမ်ကို လီဗာပူးလ် ညာနောက်ခံကစားသမား ထရင့် အလက်ဇန်းဒါး-အာနိုးကို ရောင်းချဖို့ ကြိုးပမ်းနေတယ်လို့ Mirror ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့အတွက် အလွန်နီးစပ်နေပြီဖြစ်ပြီး လန်ဒန်ကို ပြောင်းရွှေ့ဖို့အတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အလက်ဇန်းဒါး-အာနိုးဟာ မန်ချက်စတာတောင်ပိုင်းက ၎င်းရဲ့အိမ်ကနေ ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသင်းဖော် အယ်လစ်ဆန်၊ ပေါ့ဂ်ဘာတို့နဲ့ တစ်လမ်းတည်း နေထိုင်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် အာနိုးဟာ ပေါင် ၄.၅ သန်းဝန်းကျင် တန်ကြေးရှိတဲ့ ချက်ရှိုင်းယားက ရာဟင်း စတားလင်းရဲ့ အိမ်ကို ဝယ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ချဲလ်ဆီးနဲ့ မန်စီးတီးတို့ဟာ အင်္ဂလန်တောင်ပံကြယ်ပွင့်အတွက် ပေါင် ၄၅ သန်းနဲ့ သဘောတူညီမှုရရှိဖို့ နောက်တဆင့် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမားဟာ ယခုနွေရာသီမှာ ၎င်းရဲ့ အစ်တီဟတ်မှာ နေထိုင်ခဲ့တဲ့ ၇ နှစ်တာကာလကို အဆုံးသတ်တော့မှာဖြစ်ပြီး စတားလင်းဟာ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်ကနေ မန်ချက်စတာစီးတီးအသင်းကို ပေါင် ၄၉ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရာဟင်း စတားလင်းဟာ မန်ချက်စတာစီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃၁ ဂိုးနဲ့ ဂိုးဖန်တီမှု ၉၄ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အပါအဝင် အခြားဆုဖလားများစွာကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ အာလင်း ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ကို ခေါ်ယူခဲ့တာကြောင့် စတားလင်းအနေနဲ့ အစ်တီဟတ်မှာ ပွဲကစားချိန် ပိုမို နည်းပါးလာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

စတားလင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ အင်တာမီလန်ကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ လူကာကူးကြောင့် လစ်လပ်သွားတဲ့ ဂိုးသွင်းသူနေရာကို မန်စီးတီးကြယ်ပွင့်နဲ့ အစားထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းပစ္မွတ္ ရာဟင္း စတားလင္းဟာ ၎ရဲ႕အိမ္ကို လီဗာပူးလ္ ညာေနာက္ခံကစားသမား ထရင့္ အလက္ဇန္းဒါး-အာႏိုးကို ေရာင္းခ်ဖို႔ ႀကိဳးပမ္းေနတယ္လို႔ Mirror ရဲ႕သတင္းအရ သိရပါတယ္။

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အလြန္နီးစပ္ေနၿပီျဖစ္ၿပီး လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ႀကိဳတင္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ အလက္ဇန္းဒါး-အာႏိုးဟာ မန္ခ်က္စတာေတာင္ပိုင္းက ၎ရဲ႕အိမ္ကေန ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး အသင္းေဖာ္ အယ္လစ္ဆန္၊ ေပါ့ဂ္ဘာတို႔နဲ႔ တစ္လမ္းတည္း ေနထိုင္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အာႏိုးဟာ ေပါင္ ၄.၅ သန္းဝန္းက်င္ တန္ေၾကးရွိတဲ့ ခ်က္ရႈိင္းယားက ရာဟင္း စတားလင္းရဲ႕ အိမ္ကို ဝယ္ယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ဟာ အဂၤလန္ေတာင္ပံၾကယ္ပြင့္အတြက္ ေပါင္ ၄၅ သန္းနဲ႔ သေဘာတူညီမႈရရွိဖို႔ ေနာက္တဆင့္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ယခုေႏြရာသီမွာ ၎ရဲ႕ အစ္တီဟတ္မွာ ေနထိုင္ခဲ့တဲ့ ၇ ႏွစ္တာကာလကို အဆုံးသတ္ေတာ့မွာျဖစ္ၿပီး စတားလင္းဟာ ၂၀၁၅ ခုႏွစ္မွာ လီဗာပူးလ္ကေန မန္ခ်က္စတာစီးတီးအသင္းကို ေပါင္ ၄၉ သန္းဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။

ရာဟင္း စတားလင္းဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၃၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၃၁ ဂိုးနဲ႔ ဂိုးဖန္တီမႈ ၉၄ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အပါအဝင္ အျခားဆုဖလားမ်ားစြာကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းဟာ အာလင္း ဟာလန္းနဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ကို ေခၚယူခဲ့တာေၾကာင့္ စတားလင္းအေနနဲ႔ အစ္တီဟတ္မွာ ပြဲကစားခ်ိန္ ပိုမို နည္းပါးလာေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

စတားလင္းဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁ ႏွစ္က်န္ရွိေနေသးတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ အင္တာမီလန္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားတဲ့ လူကာကူးေၾကာင့္ လစ္လပ္သြားတဲ့ ဂိုးသြင္းသူေနရာကို မန္စီးတီးၾကယ္ပြင့္နဲ႔ အစားထိုးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.