Premier League

မာနေးရဲ့ခြေရာအတိုင်း လိုက်နင်းသွားဖွယ်ရှိနေတဲ့ လီဗာပူးလ်ကြယ်ပွင့်

လီဗာပူးလ်အသင်းဟာ ရောဘတ်တို ဖာမီနိုနဲ့ ၎င်းရဲ့ကိုယ်စားလှယ်တွေကို လာမယ့်ရက်သတ္တပတ်မှာ ပြောဆိုဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဖာမီနိုဟာ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး တစ်ချိန်တုန်းကလောက် ထင်ပေါ်ကျော်ကြားခြင်းမရှိတော့သူဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ဟာ ယာဂန် ကလော့ပ်ရဲ့ တိုက်စစ်မှာ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးတို့ရဲ့ကြားမှာ ကစားခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဂျိုတာ ရောက်ရှိလာမှုက ဘရာဇီးလ်တိုက်စစ်မှူးကို နေရာပျောက်စေခဲ့တာဖြစ်ပါတယ်။

ယခုနွေရာသီမှာ ဘင်ဖီကာကြယ်ပွင့် ဒါဝင် နူးညက်ဇ်ပါ ရောက်ရှိလာတာကြောင့် ရောဘတ်တို ဖာမီနိုရဲ့ ပွဲထွက်ခွင့်ဟာ ပိုလို့တောင် ဝေးကွာလာခဲ့ပြီ ဖြစ်ပါတယ်။ ဖာမီနိုအနေနဲ့ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်မယ့် လာမယ့်နွေရာသီအထိ အန်းဖီးမှာ ဆက်ရှိနေဦးမယ်လို့ မျှော်မှန်းမှုတွေ ရှိနေပေမယ့် လာမယ့် နိုဝင်ဘာမှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတာကြောင့် ယခုနွေရာသီမှာ လီဗာပူးလ်နဲ့ ဆက်ရှိနေမယ်လို့ အာမခံချက်မရှိတော့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဖာမီနိုနဲ့ ၎င်းရဲ့ကိုယ်စားလှယ်တွေနဲ့အတူ စကားပြောဆို ဆွေးနွေးသွားတော့မှာဖြစ်တယ်လို့ the Daily Mirror က ဖော်ပြခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ အသင်းကနေ ထွက်ဖို့ စဉ်းစားချင်တယ်လို့ ပြောခဲ့မယ်ဆိုရင်တော့ မာဆေးဆိုဒ်အသင်းက တားဆီးထားမှာမဟုတ်တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နှစ် နွေရာသီမှာ ရောဘတ်တို ဖာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့်အစား ယခုနွေရာသီမှာပဲ ငွေကြေးရရှိအောင် ရောင်းထုတ်သွားဖို့ ပိုများနေပြီး ဘရာဇီးလ်တိုက်စစ်မှူးဘက်ကကြည့်ရင်လည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားခွင့် ရရှိနိုင်ဖို့က ကလပ်အသင်းအဆင့်မှာ မကြာခဏ ပါဝင်ကစားခွင့်ရရှိနေမှဖြစ်နိုင်မှာဖြစ်ပါတယ်။

အဲဒါကြောင့် ယာဂန် ကလော့ပ်အနေနဲ့ ဖာမီနိုကို ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်ဘူးဆိုရင်တော့ ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ ဆာဒီယို မာနေးရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး အန်းဖီးကို စွန့်ခွာသွားမှာဖြစ်ပြီး တစ်ဖက်မှာလည်း ဂျာမန်လူမျိုးနည်းပြဟာ ၎င်းရဲ့နည်းပြဘဝတလျှောက် အများဆုံး အသုံးပြုခဲ့တဲ့ ကစားသမားအပေါ်မှာ ဆက်လက် အားထားချင်နေမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင် ဖာမီနိုရဲ့ ပြီးခဲ့တဲ့ရာသီ ပွဲကစားချိန် နည်းပါးသွားတာရဲ့နောက်ကွယ်မှာ ဒဏ်ရာပြဿနာက တစ်စိတ်တပိုင်း ရှိနေခဲ့တာဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဦးစားပေးခြင်းမခံခဲ့ရတာတော့ မဟုတ်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ေရာဘတ္တို ဖာမီႏိုနဲ႔ ၎ရဲ႕ကိုယ္စားလွယ္ေတြကို လာမယ့္ရက္သတၱပတ္မွာ ေျပာဆိုေဆြးေႏြးသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဖာမီႏိုဟာ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္ၿပီး တစ္ခ်ိန္တုန္းကေလာက္ ထင္ေပၚေက်ာ္ၾကားျခင္းမရွိေတာ့သူျဖစ္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္ဟာ ယာဂန္ ကေလာ့ပ္ရဲ႕ တိုက္စစ္မွာ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးတို႔ရဲ႕ၾကားမွာ ကစားခဲ့သူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ ဂ်ိဳတာ ေရာက္ရွိလာမႈက ဘရာဇီးလ္တိုက္စစ္မႉးကို ေနရာေပ်ာက္ေစခဲ့တာျဖစ္ပါတယ္။

ယခုေႏြရာသီမွာ ဘင္ဖီကာၾကယ္ပြင့္ ဒါဝင္ ႏူးညက္ဇ္ပါ ေရာက္ရွိလာတာေၾကာင့္ ေရာဘတ္တို ဖာမီႏိုရဲ႕ ပြဲထြက္ခြင့္ဟာ ပိုလို႔ေတာင္ ေဝးကြာလာခဲ့ၿပီ ျဖစ္ပါတယ္။ ဖာမီႏိုအေနနဲ႔ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္မယ့္ လာမယ့္ေႏြရာသီအထိ အန္းဖီးမွာ ဆက္ရွိေနဦးမယ္လို႔ ေမွ်ာ္မွန္းမႈေတြ ရွိေနေပမယ့္ လာမယ့္ ႏိုဝင္ဘာမွာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲရွိေနတာေၾကာင့္ ယခုေႏြရာသီမွာ လီဗာပူးလ္နဲ႔ ဆက္ရွိေနမယ္လို႔ အာမခံခ်က္မရွိေတာ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဖာမီႏိုနဲ႔ ၎ရဲ႕ကိုယ္စားလွယ္ေတြနဲ႔အတူ စကားေျပာဆို ေဆြးေႏြးသြားေတာ့မွာျဖစ္တယ္လို႔ the Daily Mirror က ေဖာ္ျပခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ အသင္းကေန ထြက္ဖို႔ စဥ္းစားခ်င္တယ္လို႔ ေျပာခဲ့မယ္ဆိုရင္ေတာ့ မာေဆးဆိုဒ္အသင္းက တားဆီးထားမွာမဟုတ္တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ႏွစ္ ေႏြရာသီမွာ ေရာဘတ္တို ဖာမီႏိုကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဆုံးရႈံးရမယ့္အစား ယခုေႏြရာသီမွာပဲ ေငြေၾကးရရွိေအာင္ ေရာင္းထုတ္သြားဖို႔ ပိုမ်ားေနၿပီး ဘရာဇီးလ္တိုက္စစ္မႉးဘက္ကၾကည့္ရင္လည္း ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းနဲ႔အတူ ပါဝင္ကစားခြင့္ ရရွိႏိုင္ဖို႔က ကလပ္အသင္းအဆင့္မွာ မၾကာခဏ ပါဝင္ကစားခြင့္ရရွိေနမွျဖစ္ႏိုင္မွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဖာမီႏိုကို ပြဲထြက္ခြင့္အတြက္ အာမခံခ်က္မေပးႏိုင္ဘူးဆိုရင္ေတာ့ ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ ဆာဒီယို မာေနးရဲ႕ ေျခရာအတိုင္း လိုက္နင္းၿပီး အန္းဖီးကို စြန႔္ခြာသြားမွာျဖစ္ၿပီး တစ္ဖက္မွာလည္း ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၎ရဲ႕နည္းျပဘဝတေလွ်ာက္ အမ်ားဆုံး အသုံးျပဳခဲ့တဲ့ ကစားသမားအေပၚမွာ ဆက္လက္ အားထားခ်င္ေနမွာျဖစ္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာရရင္ ဖာမီႏိုရဲ႕ ၿပီးခဲ့တဲ့ရာသီ ပြဲကစားခ်ိန္ နည္းပါးသြားတာရဲ႕ေနာက္ကြယ္မွာ ဒဏ္ရာျပႆနာက တစ္စိတ္တပိုင္း ရွိေနခဲ့တာျဖစ္ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဦးစားေပးျခင္းမခံခဲ့ရတာေတာ့ မဟုတ္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.