Premier League Transfer News

3 Jul နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းများ

– အာဆင်နယ်အသင်းအနေနဲ့ ဘလော့ညာနောက်ခံလူ အာရွန် ဟစ်ကီကို မခေါ်ယူနိုင်တော့တဲ့ အနေအထားကြောင့် ဘင်ဖီကာအသင်းရဲ့ စပိန်နောက်ခံလူ အဲလက်စ် ဂရီမယ်လ်ဒိုဘက်ကို လှည့်လာခဲ့ပြီး နည်းစနစ်ပိုင်း ပိုမိုကောင်းမွန်တဲ့ လာမာစီယာထွက် နောက်ခံလူကို သူ့ရဲ့ တစ်နှစ်တည်းသာ ကျန်တောတဲ့ စာချုပ်ကြောင့် ပေါင် ၆ သန်း-၇ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေ။

– လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို အာဆင်နယ်တို့အနေနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီထားတာကြောင့် အပိုင် တွက်ထားပြီး တခြားကစားသမားတွေကို ခေါ်ယူပြီးမှ အေးအေးဆေးဆေး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ Give Me Sport ရဲ့ ဂျာနယ်လစ် ဘန် ဂျက်ဘော့စ်က ထုတ်ဖော်သွားပြီး လက်ရှိဆိုဈေး ပေါင် ၃၂ သန်းကို ၂၅ သန်းနဲ့ ရချင်နေကြောင်းလည်း ဖော်ပြသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဂျူဗင်တပ်စ်အသင်းက ရောင်းချချင်နေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ အာတူရ် မယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလိုပဲ အငှားနဲ့ ကမ်းလှမ်းသွားမလား၊ တီးလီးမန်းစ်ရဲ့ အရန်အစီအစဉ်အဖြစ် စောင့်ပြီးမှ ဆွေးနွေးသွားမလားတော့ စိတ်ဝင်စားစရာဖြစ်နေ။

– ဂန်းနားပရိသတ်တွေအနေနဲ့ ဘာစီလိုနာ၊ ချဲလ်ဆီးတို့နဲ့ သံယောဇဉ် မပြတ်ဘဲ အပျော်လာကြံနေတဲ့ လိဒ်စ်တောင်ပံသမား ရာဖင်ညာထက် အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ အတွေ့အကြုံရင့် ဂျာမနီလက်ရွေးစင် ဘိုင်ယန်မြူးနစ်ကစားသမား ဆာ့ဂျ် ဂနာဘရီကို အမ်းမရိတ်ကွင်းမှာ ပြန်လည်မြင်တွေ့ရဖို့ ပိုမိုအလိုရှိနေ။

– မန်ချက်စတာယူနိုက်တက်ရော အာဆင်နယ်တို့ပါ အိုင်းယက်စ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေတယ်လို့ အမ်စတာဒမ်ကလပ်ဘက်က ဈေးတောင်းကြမ်းမှုအပေါ် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ကြပြီး ပေါင် ၄၅ သန်းအထိ ကျနိုင်တဲ့ ဈေးနှုန်းကြောင့် အခက်အခဲဖြစ်နေကြ။

– ဘာစီလိုနာအသင်းရဲ့ ဝါရင့် နယ်သာလန်တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းကို ပေါင် ၂၁ သန်းတည်းနဲ့ ခေါ်ယူနိုင်မယ်လို့ မြောက်လန်ဒန်ကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ဆီ သူ့ရဲ့ အေးဂျင့်ဖြစ်သူက ကမ်းလှမ်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ ၇ နှစ်လောက်က ရုန်းကန်ခဲ့ရဖူးတဲ့ ရာဇဝင်အရတော့ သိပ်ပြီး စိတ်ဝင်စားစရာမရှိဘဲဖြစ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ စီးရီးအေကလပ် တိုရီနိုအသင်းကနေ အလွတ်ထွက်ခွာလာခဲ့တဲ့ အသင်းလက်မဲ့ တိုက်စစ်မှူး အန်ဒရီးယား ဘယ်လော့တီကို ကမ်းလှမ်းသွားဖို့ စိတ်ဝင်စားနေပြီး အက်ဒီ နကီးတီးယားနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့အပြင် အသက် ၂၈ နှစ်အရွယ် အီတလီသားရဲ့ အတွေ့အကြုံတွေကို အသုံးချသွားဖို့ အလိုရှိနေ။

– ဘီဘီစီမှာ ရုပ်သံတင်ဆက်သူတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ပီးယားစ် မော်ဂန်က မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ တောင်းဆိုလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အာဆင်နယ်အသင်းမှာ လာရောက်ကစားဖို့ ဖိတ်ခေါ်လိုက်မှုကို ပရိသတ်စစ်စစ်တွေ ပေါက်ကွဲနေကြပြီး လုံးဝ နားလည်မှုမရှိဘဲ Attention ရှာတဲ့သူအဖြစ် ဝိုင်းဝန်းကျိန်ဆဲနေကြ။

– အာဆင်နယ်အသင်းနဲ့ အစ်ပ်ဆွစ်ချ်တောင်းအသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ နံပါတ် ၁၄ အင်္ကျီကို ပထမဆုံးအကြိမ် မြက်ခင်းစိမ်းပေါ် ဝတ်ဆင်ခွင့်ရရှိခဲ့တဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယား ဟက်ထရစ် ရယူနိုင်ခဲ့ပြီး ကွင်းလယ်တိုက်စစ်မှာ ပြောင်းလဲကစားသွားခဲ့တဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါလည်း ခြေစွမ်းပြသနိုင်ခဲ့။

– ခြေစွမ်းမတည်ငြိမ်ဘဲ နှေးကွေးလေးလံတဲ့ ဂရာနစ် ချာကာနဲ့ မဖြစ်တော့တဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ အာဆင်နယ်တို့အနေနဲ့ ပြင်သစ်ဈေးကွက်ကို ထိုးဖောက်ရှာဖွေနေပြီး လိဂန်ကလပ် လွန်းစ်အသင်းရဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် ဆီကို ဖိုဖာနာနဲ့ လီလ်အသင်းရဲ့ ဘယ်လ်ဂျီယမ်လက်ရွေးစင် အာမာဒူ အိုနာနာတို့ကို ဆက်သွယ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဘေလာ့ညာေနာက္ခံလူ အာ႐ြန္ ဟစ္ကီကို မေခၚယူႏိုင္ေတာ့တဲ့ အေနအထားေၾကာင့္ ဘင္ဖီကာအသင္းရဲ႕ စပိန္ေနာက္ခံလူ အဲလက္စ္ ဂရီမယ္လ္ဒိုဘက္ကို လွည့္လာခဲ့ၿပီး နည္းစနစ္ပိုင္း ပိုမိုေကာင္းမြန္တဲ့ လာမာစီယာထြက္ ေနာက္ခံလူကို သူ႔ရဲ႕ တစ္ႏွစ္တည္းသာ က်န္ေတာတဲ့ စာခ်ဳပ္ေၾကာင့္ ေပါင္ ၆ သန္း-၇ သန္း ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖြယ္ရွိေန။

– လက္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို အာဆင္နယ္တို႔အေနနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီထားတာေၾကာင့္ အပိုင္ တြက္ထားၿပီး တျခားကစားသမားေတြကို ေခၚယူၿပီးမွ ေအးေအးေဆးေဆး ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ Give Me Sport ရဲ႕ ဂ်ာနယ္လစ္ ဘန္ ဂ်က္ေဘာ့စ္က ထုတ္ေဖာ္သြားၿပီး လက္ရွိဆိုေဈး ေပါင္ ၃၂ သန္းကို ၂၅ သန္းနဲ႔ ရခ်င္ေနေၾကာင္းလည္း ေဖာ္ျပသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းက ေရာင္းခ်ခ်င္ေနတဲ့ ဘရာဇီးလ္ကြင္းလယ္လူ အာတူရ္ မယ္လိုကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီတုန္းကလိုပဲ အငွားနဲ႔ ကမ္းလွမ္းသြားမလား၊ တီးလီးမန္းစ္ရဲ႕ အရန္အစီအစဥ္အျဖစ္ ေစာင့္ၿပီးမွ ေဆြးေႏြးသြားမလားေတာ့ စိတ္ဝင္စားစရာျဖစ္ေန။

– ဂန္းနားပရိသတ္ေတြအေနနဲ႔ ဘာစီလိုနာ၊ ခ်ဲလ္ဆီးတို႔နဲ႔ သံေယာဇဥ္ မျပတ္ဘဲ အေပ်ာ္လာႀကံေနတဲ့ လိဒ္စ္ေတာင္ပံသမား ရာဖင္ညာထက္ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ အေတြ႕အႀကဳံရင့္ ဂ်ာမနီလက္ေ႐ြးစင္ ဘိုင္ယန္ျမဴးနစ္ကစားသမား ဆာ့ဂ်္ ဂနာဘရီကို အမ္းမရိတ္ကြင္းမွာ ျပန္လည္ျမင္ေတြ႕ရဖို႔ ပိုမိုအလိုရွိေန။

– မန္ခ်က္စတာယူႏိုက္တက္ေရာ အာဆင္နယ္တို႔ပါ အိုင္းယက္စ္ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ ခက္ခဲဖြယ္ရွိေနတယ္လို႔ အမ္စတာဒမ္ကလပ္ဘက္က ေဈးေတာင္းၾကမ္းမႈအေပၚ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြ သုံးသပ္ခဲ့ၾကၿပီး ေပါင္ ၄၅ သန္းအထိ က်ႏိုင္တဲ့ ေဈးႏႈန္းေၾကာင့္ အခက္အခဲျဖစ္ေနၾက။

– ဘာစီလိုနာအသင္းရဲ႕ ဝါရင့္ နယ္သာလန္တိုက္စစ္မႉး မမ္းဖစၥ ဒီပိုင္းကို ေပါင္ ၂၁ သန္းတည္းနဲ႔ ေခၚယူႏိုင္မယ္လို႔ ေျမာက္လန္ဒန္ကလပ္ေတြ ျဖစ္ၾကတဲ့ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ဆီ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူက ကမ္းလွမ္းခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၿပီးခဲ့တဲ့ ၇ ႏွစ္ေလာက္က ႐ုန္းကန္ခဲ့ရဖူးတဲ့ ရာဇဝင္အရေတာ့ သိပ္ၿပီး စိတ္ဝင္စားစရာမရွိဘဲျဖစ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ စီးရီးေအကလပ္ တိုရီႏိုအသင္းကေန အလြတ္ထြက္ခြာလာခဲ့တဲ့ အသင္းလက္မဲ့ တိုက္စစ္မႉး အန္ဒရီးယား ဘယ္ေလာ့တီကို ကမ္းလွမ္းသြားဖို႔ စိတ္ဝင္စားေနၿပီး အက္ဒီ နကီးတီးယားနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔အျပင္ အသက္ ၂၈ ႏွစ္အ႐ြယ္ အီတလီသားရဲ႕ အေတြ႕အႀကဳံေတြကို အသုံးခ်သြားဖို႔ အလိုရွိေန။

– ဘီဘီစီမွာ ႐ုပ္သံတင္ဆက္သူတစ္ဦးအျဖစ္ ေဆာင္႐ြက္ေနတဲ့ ပီးယားစ္ ေမာ္ဂန္က မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာေတာ့မယ္လို႔ ေတာင္းဆိုလိုက္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အာဆင္နယ္အသင္းမွာ လာေရာက္ကစားဖို႔ ဖိတ္ေခၚလိုက္မႈကို ပရိသတ္စစ္စစ္ေတြ ေပါက္ကြဲေနၾကၿပီး လုံးဝ နားလည္မႈမရွိဘဲ Attention ရွာတဲ့သူအျဖစ္ ဝိုင္းဝန္းက်ိန္ဆဲေနၾက။

– အာဆင္နယ္အသင္းနဲ႔ အစ္ပ္ဆြစ္ခ်္ေတာင္းအသင္းတို႔ရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲမွာ နံပါတ္ ၁၄ အက်ႌကို ပထမဆုံးအႀကိမ္ ျမက္ခင္းစိမ္းေပၚ ဝတ္ဆင္ခြင့္ရရွိခဲ့တဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယား ဟက္ထရစ္ ရယူႏိုင္ခဲ့ၿပီး ကြင္းလယ္တိုက္စစ္မွာ ေျပာင္းလဲကစားသြားခဲ့တဲ့ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါလည္း ေျခစြမ္းျပသႏိုင္ခဲ့။

– ေျခစြမ္းမတည္ၿငိမ္ဘဲ ေႏွးေကြးေလးလံတဲ့ ဂရာနစ္ ခ်ာကာနဲ႔ မျဖစ္ေတာ့တဲ့ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔ အာဆင္နယ္တို႔အေနနဲ႔ ျပင္သစ္ေဈးကြက္ကို ထိုးေဖာက္ရွာေဖြေနၿပီး လိဂန္ကလပ္ လြန္းစ္အသင္းရဲ႕ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ဆီကို ဖိုဖာနာနဲ႔ လီလ္အသင္းရဲ႕ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ အာမာဒူ အိုနာနာတို႔ကို ဆက္သြယ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.