Bundesliga Premier League Transfer News

ကြယ်ပွင့်ဟောင်းရဲ့အခြေအနေကို စောင့်ကြည့်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်တောင်ပံကြယ်ပွင့် ဂနာဘရီရဲ့ အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်လို့ 90min က ဖော်ပြခဲ့ပါတယ်။

ဂျာမန်တောင်ပံကစားသမားဟာ ၂၀၁၆ ခုနှစ်တုန်းက ပွဲကစားချိန် ရရှိဖို့အတွက် မြောက်လန်ဒန်ကလပ်အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက ဥရောပရဲ့ ဂိုးသွင်းအကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဂနာဘရီဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၁၇၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၆၄ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၄၀ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ပွဲထွက်လူစာရင်းမှာ ပါလိုက်၊ မပါလိုက်ဖြစ်နေခဲ့တာကို ထည့်တွက်ရင် အထင်ကြီးစရာ မှတ်တမ်းလို့ ယူဆရမှာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းက ၁၂ လသာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒါကြောင့် အာဆင်နယ်အသင်းက ဂနာဘရီရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လိဒ်စ်ယူနိုက်တက်တောင်ပံကြယ်ပွင့် ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ဖို့ များနေတာကြောင့် ကြယ်ပွင့်ကစားသမားဟောင်းဘက်ကို အာရုံပြန်စိုက်လာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ အိုင်းယက်စ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကိုလည်း ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရ အိုင်းယက်စ်နောက်ခံကစားသမားဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြခဲ့ပြီး အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ မာတီနက်ဇ်အတွက် ၃ ကြိမ်အထိ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာမှာ နောက်ဆုံးကမ်းလှမ်းမှုဟာ ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းအပြင် ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုင်းယက်စ်အသင်းက ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ကိုက်ညီခြင်းမရှိသေးတာဖြစ်ပြီး အာဂျင်တီးနားနောက်ခံကစားသမားဟာ ဗဟိုခံစစ်၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ်နေရာတွေမှာ ကစားနိုင်တဲ့ စွယ်စုံရကစားသမားဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ၂ သင်းစလုံးဟာ အာဂျင်တီးနားနောက်ခံကစားသမားကို ခေါ်ယူနိုင်ဖို့ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်တာကြောင့် လီဆန်ဒရို မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်မယ့် အခွင့်အရေးရှိနေတဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ေတာင္ပံၾကယ္ပြင့္ ဂနာဘရီရဲ႕ အေျခအေနကို အနီးကပ္ ဆက္လက္ေစာင့္ၾကည့္ေနဆဲျဖစ္တယ္လို႔ 90min က ေဖာ္ျပခဲ့ပါတယ္။

ဂ်ာမန္ေတာင္ပံကစားသမားဟာ ၂၀၁၆ ခုႏွစ္တုန္းက ပြဲကစားခ်ိန္ ရရွိဖို႔အတြက္ ေျမာက္လန္ဒန္ကလပ္အသင္းကို စြန႔္ခြာခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ဥေရာပရဲ႕ ဂိုးသြင္းအေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂနာဘရီဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ပြဲေပါင္း ၁၇၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၆၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၄၀ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီအနည္းငယ္အတြင္း ပြဲထြက္လူစာရင္းမွာ ပါလိုက္၊ မပါလိုက္ျဖစ္ေနခဲ့တာကို ထည့္တြက္ရင္ အထင္ႀကီးစရာ မွတ္တမ္းလို႔ ယူဆရမွာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္းက ၁၂ လသာ က်န္ရွိေတာ့တာျဖစ္ၿပီး အဲဒါေၾကာင့္ အာဆင္နယ္အသင္းက ဂနာဘရီရဲ႕ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လိဒ္စ္ယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာကို ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ဖို႔ မ်ားေနတာေၾကာင့္ ၾကယ္ပြင့္ကစားသမားေဟာင္းဘက္ကို အာ႐ုံျပန္စိုက္လာခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ အိုင္းယက္စ္ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကိုလည္း ေခၚယူဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရ အိုင္းယက္စ္ေနာက္ခံကစားသမားဟာ ယခုေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး အာဆင္နယ္အသင္းက ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ မာတီနက္ဇ္အတြက္ ၃ ႀကိမ္အထိ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ရာမွာ ေနာက္ဆုံးကမ္းလွမ္းမႈဟာ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၃၅ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၅ သန္းျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုင္းယက္စ္အသင္းက ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားအတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၃ သန္းနဲ႔ ကိုက္ညီျခင္းမရွိေသးတာျဖစ္ၿပီး အာဂ်င္တီးနားေနာက္ခံကစားသမားဟာ ဗဟိုခံစစ္၊ ဘယ္ေနာက္ခံနဲ႔ ကြင္းလယ္ခံစစ္ေနရာေတြမွာ ကစားႏိုင္တဲ့ စြယ္စုံရကစားသမားျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ၂ သင္းစလုံးဟာ အာဂ်င္တီးနားေနာက္ခံကစားသမားကို ေခၚယူႏိုင္ဖို႔ ဆက္လက္ တိုက္ပြဲဝင္ေနဆဲျဖစ္တာေၾကာင့္ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္မွာ ကစားႏိုင္မယ့္ အခြင့္အေရးရွိေနတဲ့အတြက္ စိတ္လႈပ္ရွားေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.