International Premier League

ဂွါဒီယိုလာနဲ့ပတ်သက်ပြီး FA ကို တောင်းဆိုခဲ့ကြတဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း ၂ ဦး

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာကို အချိန်ပိုင်း အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ တောင်းဆိုခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ဟန်ဂေရီကို အိမ်ကွင်းမှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပါအဝင် ဆိုးရွားတဲ့ နိုင်ပွဲမရှိ စံချိန်ရရှိခဲ့ပြီးနောက် နည်းပြ ဂါးရတ် ဆောက်ဂိတ်အပေါ် ဖိအားတွေ တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ‘မင်း ဘာလုပ်နေတယ်ဆိုတာ မင်းမသိဘူး’လို့ ပရိသတ်တွေရဲ့ အော်ဟစ်ခြင်းကိုတောင် ခံခဲ့တာဖြစ်ပြီး ပရိသတ်အများအပြားက လူမှုကွန်ရက်ပေါ်မှာ လက်ရွေးစင်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ဆွဲဆောင်မှုရှိတဲ့ ကစားဟန်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် နည်းပြပေးနိုင်ခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးအတွက် ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်ဟောင်း ၂ ဦးဖြစ်တဲ့ ဒါရင်း ဘန့်တ်နဲ့ ဂျက်ခ် ဝီလ်ရှိုင်းယားတို့က ဂွါဒီယိုလာဟာ လက်ရှိ လူစာရင်းကနေ ဒီထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရရှိလာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

“သူက အင်္ဂလန်ကစားသမားတွေနဲ့ ပိုပြီး လုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ အင်္ဂလန်အသင်းတစ်ဝက်လောက်က သူ့အသင်းမှာ ကစားနေတာလေ။ ဂါးရတ်က ဂွါဒီယိုလာထက် ပိုကောင်းတဲ့နည်းပြမဟုတ်ပါဘူး။ အင်္ဂလန်လူစာရင်းတစ်ဝက်လောက်က ဂါးရတ် ဆောက်ဂိတ်ကို သိတာထက် ဂွါဒီယိုလာကို ပိုပြီး သိကြပါတယ်”

“ဘာလို့လဲဆိုတော့ သူနဲ့ တစ်ချိန်လုံးရှိနေလို့ပါ။ ခင်ဗျားဆီမှာ စတားလင်း၊ ဂျွန် စတုန်း၊ ဝေါ်ကာ၊ ဂရီးလစ်ရှ်၊ ဖိုဒန်တို့ရှိတယ်။ သူ့မှာ ကယ်လ်ဗင် ဖိလပ်စ်တောင် ရှိလာနိုင်တယ်။ အဲဒါဆို ၆ ယောက်ဖြစ်သွားပြီ”လို့ ဒါရင်း ဘန့်တ်က talkSPORT ကို ပြောကြားခဲ့ပါတယ်။

“လက်ရှိနည်းပြကို ကျွန်တော်တို့ မကောင်းဘူးပြောနေတာလို့ မထင်ပေမယ့် ပက်က ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြပါ။ အခုချက်ချင်း သူ့ကို နည်းပြခန့်လိမ့်မယ်လို့ ကျွန်တော် မထင်ပေမယ့် ရှေ့ကျရင်တော့ အဲဒါက ဖြစ်လာနိုင်တဲ့အရာလို့ ထင်ပါတယ်။ ကျွန်တော် အဲဒီလိုဖြစ်လာမယ်လို့ မြင်ပါတယ်”လို့ ဝီလ်ရှိုင်းယားက ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာကို အခ်ိန္ပိုင္း အဂၤလန္နည္းျပအျဖစ္ ခန႔္အပ္ဖို႔ ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

အဂၤလန္အသင္းဟာ ဟန္ေဂရီကို အိမ္ကြင္းမွာ ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအပါအဝင္ ဆိုး႐ြားတဲ့ ႏိုင္ပြဲမရွိ စံခ်ိန္ရရွိခဲ့ၿပီးေနာက္ နည္းျပ ဂါးရတ္ ေဆာက္ဂိတ္အေပၚ ဖိအားေတြ တိုးျမင့္လာခဲ့တာျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ ‘မင္း ဘာလုပ္ေနတယ္ဆိုတာ မင္းမသိဘူး’လို႔ ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ျခင္းကိုေတာင္ ခံခဲ့တာျဖစ္ၿပီး ပရိသတ္အမ်ားအျပားက လူမႈကြန္ရက္ေပၚမွာ လက္ေ႐ြးစင္နည္းျပရာထူးကေန ႏုတ္ထြက္ဖို႔ ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တားဟာ ၿပီးခဲ့တဲ့ရာသီမွာ အသင္းကို ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္နဲ႔ အမွတ္ေပးဇယား အဆင့္ ၉ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ေအာင္ နည္းျပေပးႏိုင္ခဲ့ၿပီးေနာက္ အဂၤလန္လက္ေ႐ြးစင္နည္းျပရာထူးအတြက္ ေရပန္းစားလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဂၤလန္ၾကယ္ပြင့္ေဟာင္း ၂ ဦးျဖစ္တဲ့ ဒါရင္း ဘန႔္တ္နဲ႔ ဂ်က္ခ္ ဝီလ္ရႈိင္းယားတို႔က ဂြါဒီယိုလာဟာ လက္ရွိ လူစာရင္းကေန ဒီထက္ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ရရွိလာေအာင္ လုပ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

“သူက အဂၤလန္ကစားသမားေတြနဲ႔ ပိုၿပီး လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဂၤလန္အသင္းတစ္ဝက္ေလာက္က သူ႔အသင္းမွာ ကစားေနတာေလ။ ဂါးရတ္က ဂြါဒီယိုလာထက္ ပိုေကာင္းတဲ့နည္းျပမဟုတ္ပါဘူး။ အဂၤလန္လူစာရင္းတစ္ဝက္ေလာက္က ဂါးရတ္ ေဆာက္ဂိတ္ကို သိတာထက္ ဂြါဒီယိုလာကို ပိုၿပီး သိၾကပါတယ္”

“ဘာလို႔လဲဆိုေတာ့ သူနဲ႔ တစ္ခ်ိန္လုံးရွိေနလို႔ပါ။ ခင္ဗ်ားဆီမွာ စတားလင္း၊ ဂြၽန္ စတုန္း၊ ေဝၚကာ၊ ဂရီးလစ္ရွ္၊ ဖိုဒန္တို႔ရွိတယ္။ သူ႔မွာ ကယ္လ္ဗင္ ဖိလပ္စ္ေတာင္ ရွိလာႏိုင္တယ္။ အဲဒါဆို ၆ ေယာက္ျဖစ္သြားၿပီ”လို႔ ဒါရင္း ဘန႔္တ္က talkSPORT ကို ေျပာၾကားခဲ့ပါတယ္။

“လက္ရွိနည္းျပကို ကြၽန္ေတာ္တို႔ မေကာင္းဘူးေျပာေနတာလို႔ မထင္ေပမယ့္ ပက္က ကမာၻေပၚမွာ အေကာင္းဆုံးနည္းျပပါ။ အခုခ်က္ခ်င္း သူ႔ကို နည္းျပခန႔္လိမ့္မယ္လို႔ ကြၽန္ေတာ္ မထင္ေပမယ့္ ေရွ႕က်ရင္ေတာ့ အဲဒါက ျဖစ္လာႏိုင္တဲ့အရာလို႔ ထင္ပါတယ္။ ကြၽန္ေတာ္ အဲဒီလိုျဖစ္လာမယ္လို႔ ျမင္ပါတယ္”လို႔ ဝီလ္ရႈိင္းယားက ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.