Premier League Transfer News

ထိပ်တန်းပစ်မှတ်ကို ၅ နှစ်စာချုပ် ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ကို ယခုနွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ရာဖင်ညာကို ၅ နှစ်စာချုပ် ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၁၈၀၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ ရာဖင်ညာကို စတမ်းဖို့ဒ် ဘရစ်ချ် ပြောင်းရွှေ့ချင်လာအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

ယခုအပတ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့တဲ့သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမတိုင်ခင် တိုက်စစ်ကို အင်အားတိုးမြှင့်ချင်နေတာကြောင့် ရာဖင်ညာကို စိတ်ဝင်စားမှု နောက်တဆင့်တက်လှမ်းခဲ့တယ်လို့ သိရပါတယ်။

ယင်းသတင်းတွေကပဲ ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်နဲ့ ရာဖင်ညာအတွက် ထပ်ဆောင်းပေးချေမှုပါဝင်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဝန်းကျင်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရာဖင်ညာရဲ့အေးဂျင့် ဒေကို ကို ယခုအပတ် ဘာစီလိုနာမှာ မြင်တွေ့ခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမားရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့အတွက် ဖိအားပေးနေတယ်လို့ သိရပါတယ်။

အမှန်တကယ်လည်း ချဲလ်ဆီးအသင်းဟာ ရာဖင်ညာကို လိဒ်စ်ယူနိုက်တက်ကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဖြစ်နိုင်မယ်ဆိုရင် ဘာစီလိုနာအသင်းဆီကို ပိုမို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် ချဲလ်ဆီးအသင်းဟာ အနှေးနဲ့ အမြန် ဘရာဇီးလ်တောင်ပံကစားသမားကို ခေါ်ယူဖို့ သဘောတူညီမှုကို အပြီးသတ်ဖို့ အသည်းအသန် ကြိုးပမ်းလာတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ကို ယခုေႏြရာသီ ပထမဆုံးကစားသမားေခၚယူမႈအျဖစ္ အၿပီးသတ္ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ရာဖင္ညာကို ၅ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းလိုက္တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၁၈၀၀၀ ဝန္းက်င္တန္ေၾကးရွိတဲ့ ၅ ႏွစ္စာခ်ဳပ္ကို ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အသင္းဟာ ရာဖင္ညာကို စတမ္းဖို႔ဒ္ ဘရစ္ခ်္ ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ယခုအပတ္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနခဲ့တဲ့သတင္းေတြအရ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ရာသီမတိုင္ခင္ တိုက္စစ္ကို အင္အားတိုးျမႇင့္ခ်င္ေနတာေၾကာင့္ ရာဖင္ညာကို စိတ္ဝင္စားမႈ ေနာက္တဆင့္တက္လွမ္းခဲ့တယ္လို႔ သိရပါတယ္။

ယင္းသတင္းေတြကပဲ ခ်ဲလ္ဆီးအသင္းဟာ လိဒ္စ္ယူႏိုက္တက္နဲ႔ ရာဖင္ညာအတြက္ ထပ္ေဆာင္းေပးေခ်မႈပါဝင္တဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၅ သန္းဝန္းက်င္နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ရာဖင္ညာရဲ႕ေအးဂ်င့္ ေဒကို ကို ယခုအပတ္ ဘာစီလိုနာမွာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ ဘရာဇီးလ္ေတာင္ပံကစားသမားရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဖို႔အတြက္ ဖိအားေပးေနတယ္လို႔ သိရပါတယ္။

အမွန္တကယ္လည္း ခ်ဲလ္ဆီးအသင္းဟာ ရာဖင္ညာကို လိဒ္စ္ယူႏိုက္တက္ကေန ေခၚယူဖို႔အတြက္ သေဘာတူညီမႈရဖို႔ နီးစပ္ေနေပမယ့္လည္း ကစားသမားကိုယ္တိုင္က ျဖစ္ႏိုင္မယ္ဆိုရင္ ဘာစီလိုနာအသင္းဆီကို ပိုမို ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ အေႏွးနဲ႔ အျမန္ ဘရာဇီးလ္ေတာင္ပံကစားသမားကို ေခၚယူဖို႔ သေဘာတူညီမႈကို အၿပီးသတ္ဖို႔ အသည္းအသန္ ႀကိဳးပမ္းလာတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.