Premier League Serie A Transfer News

အာဆင္နယ္နဲ႔ ႐ိုးမားတုိ႔ ေတာ္ရဲရားအတြက္ အလဲအထပ္ျပဳလုပ္ဖို႔ ရွိလာ

အာဆင္နယ္အသင္းကေန ေရာင္းခ်သြားဖို႔ အစီအစဥ္ရွိေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူဖို႔ စီးရီးေအကလပ္ ႐ိုးမားအသင္းက စိတ္ဝင္စားေနၿပီး ကစားသမား အလဲအထပ္နဲ႔ ကမ္းလွမ္းသြားဖို႔ ရွိေနသလို ႏွစ္သင္းၾကားက ဆက္ဆံေရးေကာင္းကို အသုံးခ်သြားဖို႔ ရွိေနတယ္လုိ႔ ဆုိပါတယ္။

ပရီးမီးယားလိဂ္မွာ ႏွစ္ရာသီ ျဖတ္သန္းခဲ့တဲ့ ေတာ္ရဲရားဟာ တစ္ဖက္ကစားသမားေတြရဲ႕ ၾကမ္းတမ္းတဲ့ ကစားဟန္ေတြေၾကာင့္ ဒုတိယရာသီမွာ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မွဳ သိသိသာသာ က်ဆင္းသြားခဲ့ၿပီးေနာက္ ကစားခြင့္လည္း နည္းပါးေနခဲ့တဲ့အတြက္ သူ႕ရဲ႕ ကစားသမားဘဝအတြက္ အမ္းမရိတ္ကေန ထြက္ခြာတာက လုပ္သင့္လုပ္ထုိက္တဲ့ အရာတစ္ခုဆုိရင္ ေရြးခ်ယ္သြားမယ္လို႔ ဆုိထားခဲ့တာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ႐ိုးမားအသင္းအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ လိုအပ္ခ်က္ျဖစ္ၿပီး သူတုိ႔ အီတလီစတုိင္ကစားဟန္မွာ အေရးမပါတဲ့ ကြင္းလယ္ အဖ်က္ကစားသမားတစ္ဦးျဖစ္တဲ့ အမာဒူ ဒီယာဝါရာနဲ႔ အသက္ ၂၄ ႏွစ္ရြယ္ ဥ႐ုေဂြးသားကို လဲလွယ္ဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး ႏွစ္သင္းၾကား ေဆြးေႏြးသြားဖို႔ ရွိေနတယ္လုိ႔ ဆုိပါတယ္။

အာဆင္နယ္ဘက္ကေတာ့ တုိက္႐ိုက္လဲလွယ္မွဳမ်ဳိးကို လက္ခံသြားမလားဆုိတာကေတာ့ မေသခ်ာတဲ့ ကိစၥျဖစ္ၿပီး ေဈးကြက္ေပါက္ေဈးအရ အနည္းဆုံး ယူ႐ိုသန္း ၃၀ ေလာက္တန္တဲ့ ေတာ္ရဲရားကို သန္း ၂၀ ေလာက္သာ တန္တဲ့ ဂီနီယာလက္ေရြးစင္ ဒီယာဝါရာနဲ႔ေတာ့ တန္ဖိုးခ်င္းကိုက္ညီေအာင္ ေငြေၾကး အလုိက္ရရွိဖို႔လည္း ေမွ်ာ္လင့္ႏုိင္ပါတယ္။

႐ိုးမားနဲ႔ အာဆင္နယ္အသင္းတုိ႔ၾကားမွာ ကစားသမားအေျပာင္းအေရႊ႕ေတြ လုပ္ေဆာင္ခဲ့ရာမွာ ဂ်ာဗင္ညဳိကို ေရာင္းခ်ထားခဲ့ဖူးသလို ဂိုးသမား ရွခ်က္စနီနဲ႔ ကြင္းလယ္လူ မစ္ခီတာရီယန္တုိ႔ကိုလည္း အငွားခ်ထားခဲ့ဖူးၿပီး ေနာက္ဆုံးအေနနဲ႔ ေတာ္ရဲရားကို အလိုရွိေနသလို ဒီယာဝါရာကို ငါးစာအျဖစ္ အသုံးျပဳၿပီး ႏွစ္သင္းစလုံးအတြက္ အက်ဳိးရွိမယ့္ သေဘာတူညီမွဳကို ရရွိႏုိင္ဖို႔ ေရာမသားေတြဘက္က ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကနေ ရောင်းချသွားဖို့ အစီအစဉ်ရှိနေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ခေါ်ယူဖို့ စီးရီးအေကလပ် ရိုးမားအသင်းက စိတ်ဝင်စားနေပြီး ကစားသမား အလဲအထပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေသလို နှစ်သင်းကြားက ဆက်ဆံရေးကောင်းကို အသုံးချသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာ နှစ်ရာသီ ဖြတ်သန်းခဲ့တဲ့ တော်ရဲရားဟာ တစ်ဖက်ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်တွေကြောင့် ဒုတိယရာသီမှာ ခြေစွမ်းနဲ့ ကြံ့ခိုင်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက် ကစားခွင့်လည်း နည်းပါးနေခဲ့တဲ့အတွက် သူ့ရဲ့ ကစားသမားဘဝအတွက် အမ်းမရိတ်ကနေ ထွက်ခွာတာက လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုဆိုရင် ရွေးချယ်သွားမယ်လို့ ဆိုထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ ရိုးမားအသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ လိုအပ်ချက်ဖြစ်ပြီး သူတို့ အီတလီစတိုင်ကစားဟန်မှာ အရေးမပါတဲ့ ကွင်းလယ် အဖျက်ကစားသမားတစ်ဦးဖြစ်တဲ့ အမာဒူ ဒီယာဝါရာနဲ့ အသက် ၂၄ နှစ်ရွယ် ဥရုဂွေးသားကို လဲလှယ်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး နှစ်သင်းကြား ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်ဘက်ကတော့ တိုက်ရိုက်လဲလှယ်မှုမျိုးကို လက်ခံသွားမလားဆိုတာကတော့ မသေချာတဲ့ ကိစ္စဖြစ်ပြီး ဈေးကွက်ပေါက်ဈေးအရ အနည်းဆုံး ယူရိုသန်း ၃၀ လောက်တန်တဲ့ တော်ရဲရားကို သန်း ၂၀ လောက်သာ တန်တဲ့ ဂီနီယာလက်ရွေးစင် ဒီယာဝါရာနဲ့တော့ တန်ဖိုးချင်းကိုက်ညီအောင် ငွေကြေး အလိုက်ရရှိဖို့လည်း မျှော်လင့်နိုင်ပါတယ်။

ရိုးမားနဲ့ အာဆင်နယ်အသင်းတို့ကြားမှာ ကစားသမားအပြောင်းအရွှေ့တွေ လုပ်ဆောင်ခဲ့ရာမှာ ဂျာဗင်ညိုကို ရောင်းချထားခဲ့ဖူးသလို ဂိုးသမား ရှချက်စနီနဲ့ ကွင်းလယ်လူ မစ်ခီတာရီယန်တို့ကိုလည်း အငှားချထားခဲ့ဖူးပြီး နောက်ဆုံးအနေနဲ့ တော်ရဲရားကို အလိုရှိနေသလို ဒီယာဝါရာကို ငါးစာအဖြစ် အသုံးပြုပြီး နှစ်သင်းစလုံးအတွက် အကျိုးရှိမယ့် သဘောတူညီမှုကို ရရှိနိုင်ဖို့ ရောမသားတွေဘက်က မျှော်လင့်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.