La Liga Premier League Serie A Transfer News

ေလာ္တာ႐ို မာတီနက္ဇ္ကို မန္စီးတီး အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္း ေစာင့္ၾကည့္ေနဆဲ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အင္တာမီလန္အသင္းရဲ႕ တုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ကို လက္မေလွ်ာ့ေသးဘဲ ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း အီတလီက လာတဲ့ သတင္းေတြမွာ ေဖာ္ျပခဲ့ၾကၿပီး စီတီဇင္ေတြရဲ႕ အားကစားဒါ႐ိုက္တာ ဇီကီ ဘီဂရီစတိန္းအေနနဲ႔ အသင္းနဲ႔ ကစားသမားတုိ႔ၾကားက အေနအထားကို မ်က္ေျချပတ္မခံဘဲ ရွိေနေၾကာင္းဆိုပါတယ္။

အင္တာမီလန္အသင္းနဲ႔ စီးရီးေအကို ႏွစ္ရာသီ ျဖတ္သန္းခဲ့ၿပီးတဲ့ မာတီနက္ဇ္ဟာ ဒီႏွစ္မွာေတာ့ အသင္းနဲ႔အတူ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ကို ေရာက္ရွိႏုိင္ခဲ့ၿပီျဖစ္ၿပီး အသင္းကို ေရာက္ရွိလာခဲ့စဥ္က ေပးေခ်ခဲ့ရတဲ့ ယူ႐ို ၂၂.၇ သန္း (ေပါင္ ၂၀.၅ သန္း)ထက္ သာလြန္တဲ့ တန္ဖိုးကိုလည္း ျပသေနသူျဖစ္ပါတယ္။

ဒီရာသီ စီးရီးေအ ၃၅ ပြဲမွာ ၁၄ ဂိုးသြင္းယူထားခဲ့ၿပီး ၿပဳိင္ပြဲစုံသြင္းဂိုး ၁၉ ဂိုး ရရွိထားခဲ့တဲ့ အသက္ ၂၂ အရြယ္ တုိက္စစ္မွဴးအေနနဲ႔ မန္စီးတီးရဲ႕ ဆာဂ်ီယို အေဂြ႐ိုကို ဆက္ခံမယ့္သူလို႔ ေဘာလုံးေလာကမွာ ခ်ီးက်ဴးေျပာဆုိခံထားရသူလည္းျဖစ္ၿပီး တကယ္တမ္း ဆက္ခံႏိုင္ဖို႔အတြက္ကိုေတာ့ တစ္ရာသီမွာ အနည္းဆုံး သြင္းဂိုး ၂၀ မွတ္တုိင္ကိုေတာ့ ေက်ာ္ျဖတ္ဖို႔ လိုအပ္ေနေသးတာပါ။

အင္တာမီလန္အသင္းနဲ႔အတူ တည္ၿငိမ္ျခင္းမရွိတဲ့ နည္းျပ အန္တိုနီယို ကြန္တီတုိ႔ရဲ႕ ဆက္ဆံေရးကေတာ့ မာတီနက္ဇ္ကို အသင္းက ထြက္ခြာေစဖို႔ စဥ္းစားစရာလည္းျဖစ္ႏုိင္ၿပီး မန္စီးတီးအေနနဲ႔ ဘာစီလိုနာနဲ႔ ယွဥ္ၿပဳိင္ရႏုိင္ေပမယ့္ တစ္ႏွစ္ႏွစ္ႏွစ္အတြင္း နာလံထူလာဖို႔ မရွိေသးတဲ့ ကာတာလန္အသင္းရဲ႕ ဘဏၰာေရးအေျခအေနအရေတာ့ တကယ္တမ္းေခၚယူဖို႔ မျဖစ္ႏုိင္ေသးတာလည္းျဖစ္ပါတယ္။

ေဘာလုံးေလာကမွာ စီးပြားေရးနဲ႔ ကစားသမားေရာင္းခ်မွဳပုိင္းမွာ မကၽြမ္းက်င္ဘဲ ကြင္းဝင္ေၾကးကိုသာ မီွခိုေနခဲ့ရတဲ့ အာဆင္နယ္၊ ဘာစီလိုနာတုိ႔လို အသင္းေတြအေနနဲ႔ ကိုဗစ္-၁၉ ေၾကာင့္ ႀကီးႀကီးမားမား အထိနာခဲ့ရၿပီး ကစားသမားေတြကို ေရာင္းထုတ္သြားရဖို႔ ရွိေနခ်ိန္မွာ စီးပြားေရး ေတာင့္တင္းသလို ပုိင္ရွင္ဘက္က ဘဏၰာေရးေထာက္ပံ့ေပးႏုိင္မွဳပါ သာလြန္ေနတဲ့ မန္စီးတီးတုိ႔အေနနဲ႔ မာတီနက္ဇ္ကို လက္ဦးမွဳရယူၿပီး ေခၚယူႏုိင္ဖို႔ ခ်ဥ္းကပ္ေစာင့္ၾကည့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY ITALIA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို လက်မလျှော့သေးဘဲ စောင့်ကြည့်နေဆဲဖြစ်ကြောင်း အီတလီက လာတဲ့ သတင်းတွေမှာ ဖော်ပြခဲ့ကြပြီး စီတီဇင်တွေရဲ့ အားကစားဒါရိုက်တာ ဇီကီ ဘီဂရီစတိန်းအနေနဲ့ အသင်းနဲ့ ကစားသမားတို့ကြားက အနေအထားကို မျက်ခြေပြတ်မခံဘဲ ရှိနေကြောင်းဆိုပါတယ်။

အင်တာမီလန်အသင်းနဲ့ စီးရီးအေကို နှစ်ရာသီ ဖြတ်သန်းခဲ့ပြီးတဲ့ မာတီနက်ဇ်ဟာ ဒီနှစ်မှာတော့ အသင်းနဲ့အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပြီး အသင်းကို ရောက်ရှိလာခဲ့စဉ်က ပေးချေခဲ့ရတဲ့ ယူရို ၂၂.၇ သန်း (ပေါင် ၂၀.၅ သန်း)ထက် သာလွန်တဲ့ တန်ဖိုးကိုလည်း ပြသနေသူဖြစ်ပါတယ်။

ဒီရာသီ စီးရီးအေ ၃၅ ပွဲမှာ ၁၄ ဂိုးသွင်းယူထားခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၉ ဂိုး ရရှိထားခဲ့တဲ့ အသက် ၂၂ အရွယ် တိုက်စစ်မှူးအနေနဲ့ မန်စီးတီးရဲ့ ဆာဂျီယို အဂွေရိုကို ဆက်ခံမယ့်သူလို့ ဘောလုံးလောကမှာ ချီးကျူးပြောဆိုခံထားရသူလည်းဖြစ်ပြီး တကယ်တမ်း ဆက်ခံနိုင်ဖို့အတွက်ကိုတော့ တစ်ရာသီမှာ အနည်းဆုံး သွင်းဂိုး ၂၀ မှတ်တိုင်ကိုတော့ ကျော်ဖြတ်ဖို့ လိုအပ်နေသေးတာပါ။

အင်တာမီလန်အသင်းနဲ့အတူ တည်ငြိမ်ခြင်းမရှိတဲ့ နည်းပြ အန်တိုနီယို ကွန်တီတို့ရဲ့ ဆက်ဆံရေးကတော့ မာတီနက်ဇ်ကို အသင်းက ထွက်ခွာစေဖို့ စဉ်းစားစရာလည်းဖြစ်နိုင်ပြီး မန်စီးတီးအနေနဲ့ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရနိုင်ပေမယ့် တစ်နှစ်နှစ်နှစ်အတွင်း နာလံထူလာဖို့ မရှိသေးတဲ့ ကာတာလန်အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေအရတော့ တကယ်တမ်းခေါ်ယူဖို့ မဖြစ်နိုင်သေးတာလည်းဖြစ်ပါတယ်။

ဘောလုံးလောကမှာ စီးပွားရေးနဲ့ ကစားသမားရောင်းချမှုပိုင်းမှာ မကျွမ်းကျင်ဘဲ ကွင်းဝင်ကြေးကိုသာ မှီခိုနေခဲ့ရတဲ့ အာဆင်နယ်၊ ဘာစီလိုနာတို့လို အသင်းတွေအနေနဲ့ ကိုဗစ်-၁၉ ကြောင့် ကြီးကြီးမားမား အထိနာခဲ့ရပြီး ကစားသမားတွေကို ရောင်းထုတ်သွားရဖို့ ရှိနေချိန်မှာ စီးပွားရေး တောင့်တင်းသလို ပိုင်ရှင်ဘက်က ဘဏ္ဏာရေးထောက်ပံ့ပေးနိုင်မှုပါ သာလွန်နေတဲ့ မန်စီးတီးတို့အနေနဲ့ မာတီနက်ဇ်ကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ချဉ်းကပ်စောင့်ကြည့်နေကြောင်းလည်း သိရှိရပါတယ်။

REF: SKY ITALIA
PHOTOS CREDIT TO OWNERS
SPORTS A2Z.