Bundesliga Premier League Transfer News

ဆန္ခ်ဳိဟာ အေကာင္းဆုံးလူငယ္ကစားသမားျဖစ္လို႔ ရေအာင္ေခၚယူဖို႔ ဖာဒီနန္တုိက္တြန္း

မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အသင္းက ႀကဳိးစားေနခဲ့တဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိဟာ အေကာင္းဆုံး လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး ဒီထက္အမ်ားႀကီး တုိးတက္လာႏုိင္ေသးတဲ့ အရည္အေသြးေတြကိုလည္း ပုိင္ဆိုင္ထားလုိ႔ မျဖစ္မေန ေခၚယူဖို႔ အသင္းေဟာင္းကို တုိက္တြန္းလုိက္ပါတယ္။

ယူႏိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူဖူးသူတစ္ဦးျဖစ္တဲ့ ဖာဒီနန္က အသင္းအေနနဲ႔ ေဒါ့မြန္ဘက္က ဘယ္လိုတုံ႔ျပန္တုံ႔ျပန္ အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံကစားသမားကို ေခၚယူဖို႔ ဆက္လက္ႀကဳိးစားသြားရမွာျဖစ္ေၾကာင္းနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ျမင္ခ်င္ေၾကာင္း ဆုိပါတယ္။

“ဆန္ခ်ဳိက အရမ္းေကာင္းတဲ့ ကစားသမားပါ။ သူသာလာမယ္ဆုိရင္ အသင္းရဲ႕ အရည္အေသြးက ပုိၿပီး ျမင့္မားသြားဦးမွာျဖစ္ပါတယ္။ ပထမ လူစာရင္းထဲကို တုိက္႐ိုက္ဝင္ေရာက္မယ့္ ကစားသမားတစ္ဦးလည္းျဖစ္ၿပီး တျခားကစားသမားေတြအတြက္ အကူအညီနဲ႔ ၿပဳိင္ဆုိင္မွဳေကာင္းကို ယူေဆာင္လာၿပီး ပုိႀကဳိးစားေစမယ့္သူျဖစ္ပါတယ္”လုိ႔ ဖာဒီနန္က သုံးသပ္လုိက္ပါတယ္။

“မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေအာင္ျမင္ခဲ့တဲ့ အခ်ိန္ေတြကို ျပန္ၿပီးၾကည့္ရင္ ကစားသမားေတြဟာ ေနရာတိုင္းေနရာတုိင္းအတြက္ ကိုယ္စီ တုိက္ပြဲဝင္ေနခဲ့ရတာျဖစ္သလို ဘယ္သူပါလို႔ မပါလို႔ အသင္းရဲ႕ ကစားပုံနဲ႔ အရည္အေသြးက ေလ်ာ့က်သြားတယ္ဆုိတာမ်ဳိး မရွိပါဘူး။ အားလုံးဟာ တူညီတဲ့ အစြမ္းအစကို ျပသႏုိင္ၾကပါတယ္”လုိ႔ ဆုိၿပီး ဆန္ခ်ဳိဟာ ဒီလိုမ်ဳိး အေနအထားမ်ဳိးကို ျပန္လည္ယူေဆာင္လာလိမ့္မယ္လို႔ သူက ဆုိပါတယ္။

ေဒါ့မြန္အသင္းနဲ႔ ၂၀၂၃ အထိ စာခ်ဳပ္ရွိေနခဲ့တဲ့ ဆန္ခ်ဳိအတြက္ ဘြန္ဒက္စ္လီဂါအသင္းဘက္ေတာ့ ၾသဂုတ္လ ၁၀ ရက္ေန႔အမီ မကမ္းလွမ္းလို႔ မေရာင္းခ်ေတာ့ဘူးလို႔ ဆုိထားခဲ့ေပမယ့္ မန္ခ်က္စတာယူႏုိက္တက္ဘက္ကေတာ့ ဒါကို အေရးမထားဘဲ ပရီးမီးယားလိဂ္ရဲ႕ အေျပာင္းအေရႊ႕ပိတ္ခ်ိန္ ေအာက္တုိဘာလ ၅ ရက္ေန႔အထိ ဆက္လက္ႀကဳိးစားသြားဖို႔ ရွိေနသလို ဒါကို ဖာဒီနန္ကလည္း ေထာက္ခံမွဳျပသခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အသင်းက ကြိုးစားနေခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဒီထက်အများကြီး တိုးတက်လာနိုင်သေးတဲ့ အရည်အသွေးတွေကိုလည်း ပိုင်ဆိုင်ထားလို့ မဖြစ်မနေ ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖူးသူတစ်ဦးဖြစ်တဲ့ ဖာဒီနန်က အသင်းအနေနဲ့ ဒေါ့မွန်ဘက်က ဘယ်လိုတုံ့ပြန်တုံ့ပြန် အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားသွားရမှာဖြစ်ကြောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မြင်ချင်ကြောင်း ဆိုပါတယ်။

“ဆန်ချိုက အရမ်းကောင်းတဲ့ ကစားသမားပါ။ သူသာလာမယ်ဆိုရင် အသင်းရဲ့ အရည်အသွေးက ပိုပြီး မြင့်မားသွားဦးမှာဖြစ်ပါတယ်။ ပထမ လူစာရင်းထဲကို တိုက်ရိုက်ဝင်ရောက်မယ့် ကစားသမားတစ်ဦးလည်းဖြစ်ပြီး တခြားကစားသမားတွေအတွက် အကူအညီနဲ့ ပြိုင်ဆိုင်မှုကောင်းကို ယူဆောင်လာပြီး ပိုကြိုးစားစေမယ့်သူဖြစ်ပါတယ်”လို့ ဖာဒီနန်က သုံးသပ်လိုက်ပါတယ်။

“မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်ခဲ့တဲ့ အချိန်တွေကို ပြန်ပြီးကြည့်ရင် ကစားသမားတွေဟာ နေရာတိုင်းနေရာတိုင်းအတွက် ကိုယ်စီ တိုက်ပွဲဝင်နေခဲ့ရတာဖြစ်သလို ဘယ်သူပါလို့ မပါလို့ အသင်းရဲ့ ကစားပုံနဲ့ အရည်အသွေးက လျော့ကျသွားတယ်ဆိုတာမျိုး မရှိပါဘူး။ အားလုံးဟာ တူညီတဲ့ အစွမ်းအစကို ပြသနိုင်ကြပါတယ်”လို့ ဆိုပြီး ဆန်ချိုဟာ ဒီလိုမျိုး အနေအထားမျိုးကို ပြန်လည်ယူဆောင်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒေါ့မွန်အသင်းနဲ့ ၂၀၂၃ အထိ စာချုပ်ရှိနေခဲ့တဲ့ ဆန်ချိုအတွက် ဘွန်ဒက်စ်လီဂါအသင်းဘက်တော့ သြဂုတ်လ ၁၀ ရက်နေ့အမီ မကမ်းလှမ်းလို့ မရောင်းချတော့ဘူးလို့ ဆိုထားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ဘက်ကတော့ ဒါကို အရေးမထားဘဲ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ပိတ်ချိန် အောက်တိုဘာလ ၅ ရက်နေ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိနေသလို ဒါကို ဖာဒီနန်ကလည်း ထောက်ခံမှုပြသခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.