Premier League Transfer News

တောင်ပံမှာ အိုင်းယက်စ်ထွက် ဂိုးဖန်တီးစက်ကိုပဲ ခေါ်ယူသွားတော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံတိုက်စစ်မှူး ရာဖင်ညာကို ဆုံးရှုံးနိုင်ခြေ များနေခဲ့ပြီးတဲ့နောက်မှာ သူ့ကို ဘာစီလိုနာ၊ ချဲလ်ဆီးတို့နဲ့ အပြိုင်ဆက်လုဖို့ထက် ဘယ်လ်ဂျီယမ်ကလပ် ကလပ်ဘရုဂျ်အသင်းက လူငယ်တောင်ပံသမား နိုအာလန်းကိုပဲ ခေါ်ယူသွားဖို့ မူလက Plan B စီစဉ်ထားခဲ့တဲ့အတိုင်း ပြောင်းလဲပစ်မှတ်ထားလာခဲ့ပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘူကာယို ဆာကာတစ်ယောက်တည်းကို ယုံစားလို့ မရနိုင်ချိန်မှာ ပရီးမီးယားလိဂ်နဲ့ အသားကျပြီးတဲ့ ရာဖင်ညာက ဦးစားပေး ပစ်မှတ်ဖြစ်ခဲ့ပေမယ့် သူ့ကို ခေါ်ယူဖို့က ငွေပိုရတဲ့သူဆီ ရောင်းချမယ့် လိဒ်စ်တို့ကြောင့် စိတ်သာရှိပြီး အားမရှိဘူးဖြစ်လာခဲ့တာပါ။

ဂန်းနားတွေရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ သူကျွမ်းကျင်တဲ့ ဘရာဇီးလ်ဈေးကွက်ကို ခေါင်းခေါက်နိုင်ပြီလို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာတော့ချိန်မှာ ပြီးခဲ့တဲ့ ရာသီက ဘယ်လ်ဂျီယမ် ပထမတန်းမှာ ၁၉ ဂိုး ဖန်တီးပေးခဲ့တဲ့ အိုင်းယက်စ်အကယ်ဒမီထွက်လူငယ် နိုအာလန်းကို ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားအနေနဲ့ နယ်သာလန်မြေကို အသက် ၂၁ နှစ်အရွယ်မှာပဲ စွန့်ခွာခဲ့တာဖြစ်ပြီး အိုင်းယက်စ်မှာ ခြေစွမ်းပြပြီး ၅ ပွဲမှာ ၃ ဂိုး သွင်းယူခဲ့ချိန်မှာ တွမ်တီးဆီ အငှားချလိုက်ချိန်မှာ ကစားခွင့်မရတော့မှုနဲ့အတူ စိတ်ပျက်စရာ ရာသီကို ဖြတ်သန်းခဲ့ရတာကြောင့် စိတ်နာခဲ့ပုံလည်းရတာပါ။

၂၀၁၉-၂၀ ရာသီကိုတော့ အိမ်နီးချင်းနိုင်ငံရဲ့ ထိပ်တန်းအသင်း ကလပ်ဘရုဂျ်မှာ ဖြတ်သန်းခဲ့ပြီး ၂၉ ပွဲမှာ ၁၆ ဂိုး သွင်းပြီး ၉ ဂိုး ဖန်တီးနိုင်ခဲ့သလို ဒီရာသီမှာတော့ ၃၇ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ၁၄ ဂိုး ဖန်တီးနိုင်ခဲ့ပြီး အာဆင်နယ်တို့အတွက်တော့ ဘယ်ညာတောင်ပံတွေကနေ အကူအညီ ပေးနိုင်မှာဖြစ်ပါတယ်။

နိုအာလန်းအတွက် ယူရို ၂၂ သန်း တန်ကြေးရှိနေတယ်လို့ Transfermarkt က တွက်ချက်ထားပြီး အာဆင်နယ်တို့အနေနဲ့ ယူရို ၂၅ သန်းကနေ သန်း ၃၀ ကြားမှာ ပွဲဖြစ်နိုင်မယ်လို့ ခန့်မှန်းနေကြသလို နယ်သာလန်လက်ရွေးစင်အသင်းကြီးနဲ့ ၅ ပွဲမှာ ၁ ဂိုးသွင်းယူထားနိုင်တဲ့ သူ့ကိုတော့ လူငယ် ခြေတက်ကစားသမားအဖြစ် အနာဂတ်အတွက် ခေါ်ယူသွားဖို့ ရှိနေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား မာကို အဆန်စီယိုကိုလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားရဲ့ ကြံ့ခိုင်မှု နည်းပြီး ဒဏ်ရာရလွယ်တတ်တဲ့ ပုံစံကြောင့် စိတ်အားထက်သန်မှု မရှိဘူးလို့လည်း သိရပြီး နိုအာလန်းကိုပဲ အာရုံစိုက် ကြိုးစားနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လိဒ္စ္ယူႏိုက္တက္ ေတာင္ပံတိုက္စစ္မႉး ရာဖင္ညာကို ဆုံးရႈံးႏိုင္ေျခ မ်ားေနခဲ့ၿပီးတဲ့ေနာက္မွာ သူ႔ကို ဘာစီလိုနာ၊ ခ်ဲလ္ဆီးတို႔နဲ႔ အၿပိဳင္ဆက္လုဖို႔ထက္ ဘယ္လ္ဂ်ီယမ္ကလပ္ ကလပ္ဘ႐ုဂ်္အသင္းက လူငယ္ေတာင္ပံသမား ႏိုအာလန္းကိုပဲ ေခၚယူသြားဖို႔ မူလက Plan B စီစဥ္ထားခဲ့တဲ့အတိုင္း ေျပာင္းလဲပစ္မွတ္ထားလာခဲ့ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဘူကာယို ဆာကာတစ္ေယာက္တည္းကို ယုံစားလို႔ မရႏိုင္ခ်ိန္မွာ ပရီးမီးယားလိဂ္နဲ႔ အသားက်ၿပီးတဲ့ ရာဖင္ညာက ဦးစားေပး ပစ္မွတ္ျဖစ္ခဲ့ေပမယ့္ သူ႔ကို ေခၚယူဖို႔က ေငြပိုရတဲ့သူဆီ ေရာင္းခ်မယ့္ လိဒ္စ္တို႔ေၾကာင့္ စိတ္သာရွိၿပီး အားမရွိဘူးျဖစ္လာခဲ့တာပါ။

ဂန္းနားေတြရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ သူကြၽမ္းက်င္တဲ့ ဘရာဇီးလ္ေဈးကြက္ကို ေခါင္းေခါက္ႏိုင္ၿပီလို႔ ထင္ခဲ့ေပမယ့္ လက္ေတြ႕မွာ ျဖစ္မလာေတာ့ခ်ိန္မွာ ၿပီးခဲ့တဲ့ ရာသီက ဘယ္လ္ဂ်ီယမ္ ပထမတန္းမွာ ၁၉ ဂိုး ဖန္တီးေပးခဲ့တဲ့ အိုင္းယက္စ္အကယ္ဒမီထြက္လူငယ္ ႏိုအာလန္းကို ေခၚယူဖို႔ ခ်ိတ္ဆက္လာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားအေနနဲ႔ နယ္သာလန္ေျမကို အသက္ ၂၁ ႏွစ္အ႐ြယ္မွာပဲ စြန႔္ခြာခဲ့တာျဖစ္ၿပီး အိုင္းယက္စ္မွာ ေျခစြမ္းျပၿပီး ၅ ပြဲမွာ ၃ ဂိုး သြင္းယူခဲ့ခ်ိန္မွာ တြမ္တီးဆီ အငွားခ်လိုက္ခ်ိန္မွာ ကစားခြင့္မရေတာ့မႈနဲ႔အတူ စိတ္ပ်က္စရာ ရာသီကို ျဖတ္သန္းခဲ့ရတာေၾကာင့္ စိတ္နာခဲ့ပုံလည္းရတာပါ။

၂၀၁၉-၂၀ ရာသီကိုေတာ့ အိမ္နီးခ်င္းႏိုင္ငံရဲ႕ ထိပ္တန္းအသင္း ကလပ္ဘ႐ုဂ်္မွာ ျဖတ္သန္းခဲ့ၿပီး ၂၉ ပြဲမွာ ၁၆ ဂိုး သြင္းၿပီး ၉ ဂိုး ဖန္တီးႏိုင္ခဲ့သလို ဒီရာသီမွာေတာ့ ၃၇ ပြဲမွာ ၇ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ ၁၄ ဂိုး ဖန္တီးႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔အတြက္ေတာ့ ဘယ္ညာေတာင္ပံေတြကေန အကူအညီ ေပးႏိုင္မွာျဖစ္ပါတယ္။

ႏိုအာလန္းအတြက္ ယူ႐ို ၂၂ သန္း တန္ေၾကးရွိေနတယ္လို႔ Transfermarkt က တြက္ခ်က္ထားၿပီး အာဆင္နယ္တို႔အေနနဲ႔ ယူ႐ို ၂၅ သန္းကေန သန္း ၃၀ ၾကားမွာ ပြဲျဖစ္ႏိုင္မယ္လို႔ ခန႔္မွန္းေနၾကသလို နယ္သာလန္လက္ေ႐ြးစင္အသင္းႀကီးနဲ႔ ၅ ပြဲမွာ ၁ ဂိုးသြင္းယူထားႏိုင္တဲ့ သူ႔ကိုေတာ့ လူငယ္ ေျခတက္ကစားသမားအျဖစ္ အနာဂတ္အတြက္ ေခၚယူသြားဖို႔ ရွိေနတာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား မာကို အဆန္စီယိုကိုလည္း စိတ္ဝင္စားေနခဲ့ေပမယ့္ ကစားသမားရဲ႕ ႀကံ့ခိုင္မႈ နည္းၿပီး ဒဏ္ရာရလြယ္တတ္တဲ့ ပုံစံေၾကာင့္ စိတ္အားထက္သန္မႈ မရွိဘူးလို႔လည္း သိရၿပီး ႏိုအာလန္းကိုပဲ အာ႐ုံစိုက္ ႀကိဳးစားႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.