Analysis La Liga Ligue1 Premier League Serie A

၂၀၂၁-၂၂ ရာသီ မှတ်တမ်းအရ မုသာဝါဒ ကျွမ်းကျင်လွန်းတဲ့ ကစားသမား ၅ ဦး

တစ်ချိန်တုန်းက မြန်မာလူရွှင်တော်တွေရဲ့ ပြက်လုံးဖြစ်တဲ့ “လိမ်တယ်… ခေါက်တယ်… မုသာဝါဒလုပ်တယ်”ဆိုတာလေးကို အမှတ်ရပြီး သဘောကျလို့ ၂၀၂၁-၂၂ ဘောလုံးရာသီရဲ့ ဥရောပထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘောလုံးအထိန်းအသိမ်း၊ လျင်မြန်မှုတွေနဲ့ အောင်အောင်မြင်မြင် ဘောလုံးဆွဲပြေးနိုင်သူ ၅ ဦးကို စုစည်းဖော်ပြလိုက်ပါတယ်။

၅။ ရာဖယ်လ် လီယာအို (အေစီမီလန်)
အေစီမီလန်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး လီယာအိုကတော့ ဘယ်ညာတောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ပြီး အနာဂတ်မှာ သူ့ရဲ့ ပေါ်တူဂီ စီနီယာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆက်ခံမယ့်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်သလို စပို့တင်း လစ္စဘွန်း၊ လီလ်အသင်းတွေမှာ တောက်ပခဲ့တဲ့နောက် စီးရီးအေမှာလည်း တူညီတဲ့ ခြေစွမ်းကိုပဲ ပြသနိုင်ခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ကစားသမားအနေနဲ့ ဒီရာသီ စီးရီးအေမှာ ၁၁ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးနိုင်ခဲ့ပြီး အသင်းရဲ့ စကူဒက်တို ချန်ပီယံဆုအတွက် အထောက်အကူပြုနိုင်ခဲ့သလို တစ်ရာသီလုံးမှာ အကောင်းဆုံး ဘောလုံးဆွဲပြေးပုံနဲ့ ပြိုင်ဘက်ကစားသမားတွေကို ၁၀၆ ကြိမ်တိတိ ဖြတ်ကျော်နိုင်ခဲ့တဲ့ အီတလီမြေက စံချိန်ရှင်လည်းဖြစ်ခဲ့ပါတယ်။

၄။ ဆိုဖီယန် ဘူဖယ်လ် (အွန်းဂျေး)
အလိမ်အခေါက် အကောင်းဆုံးစာရင်းမှာ စတုတ္ထနေရာကနေ ပါဝင်လာသူကတော့ ပြင်သစ်လိဂန်ကလပ် အွန်းဂျေးအသင်းရဲ့ တောင်ပံသမား ဘူဖယ်လ်ဖြစ်ပြီး မော်ရိုကိုသားအနေနဲ့ ပထမတန်းမှာ ၂၉ ပွဲအထိ ပွဲထွက်ခွင့်ရခဲ့သလို ၈ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းကနေ ထွက်ခွာပြီးခဲ့တဲ့နောက် အသင်းငယ်တစ်သင်းမှာ ဒီလောက်အထိ တောက်ပနိုင်ခဲ့တာက တကယ်ပဲ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပြီး လူငယ်ဘဝအသင်းဟောင်းမှာ ပြန်လည်ခြေစွမ်းပြနေတဲ့ အသက် ၂၈ နှစ်အရွယ် တောင်ပံသမားရဲ့ ဒီရာသီ တာလီကတော့ ၁၀၉ ကြိမ် ဘောလုံးဆွဲပြေးမှုနဲ့အတူ ပြိုင်ဘက်ရဲ့ ပေါင်ကြားကို ၁၀ ကြိမ် ထည့်နိုင်ခဲ့တာပါ။

၃။ ခီလီယန် အမ်ဘာပေ (ပီအက်စ်ဂျီ)
ပီအက်စ်ဂျီအသင်းရဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးကတော့ ဒီအသက်ဒီအရွယ်မှာပဲ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို ပြင်သစ်ရဲ့ အမှတ်တံဆိပ်လည်းဖြစ်နေတာပါ။ ဒီရာသီ လိဂန် ၃၅ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းဖော်တွေအတွက် ၁၉ ကြိမ် ဖန်တီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီရာသီမှာတော့ အမ်ဘာပေရဲ့ ထိပ်တန်းခြေစွမ်းနဲ့အတူ ပြိုင်ဘက်တွေကို ဖြတ်ကျော်ဆွဲပြေးနိုင်စွမ်းက ပြင်သစ်မှာ အမြင့်ဆုံး စံချိန်အဖြစ် ၁၁၁ ကြိမ်အထိရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ပေါက်ကွဲအားမြင့်မားတဲ့ ပြေးနှုန်းက တစ်ဖက်နောက်တန်းတွေကို အထူးလိမ်ခေါက်စရာမလိုအောင် လွယ်ကူစေခဲ့သလို ပီအက်စ်ဂျီရဲ့ စိတ်ထင်တိုင်းလုပ်လို့ရတဲ့ စာချုပ်သစ်ကိုပါ ရယူနိုင်ခဲ့တာပါ။

၂။ ဗီနီးရှပ်စ် ဂျူနီယာ (ရီးရဲလ်မက်ဒရစ်)
ဗီနီးရှပ်စ်ကတော့ အလိမ်အခေါက်အလုပ်နိုင်ဆုံး စာရင်းထဲမှာ မပါမဖြစ် ပါရမယ့် ကစားသမားမျိုးဖြစ်ပြီး သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ဘယ်ခြမ်းမှာ လုပ်ချင်သလိုလုပ်နေတဲ့ လှည့်စားမှုတွေနဲ့ ကစားပုံက အသင်းရဲ့ အဓိက တိုက်စစ်မှူး ကာရင်မ် ဘင်ဇီးမားတစ်ယောက် ဂိုးသွင်းဘုရင်ဖြစ်ဖို့အတွက် အကူအညီ ကြီးကြီးမားမား ဖြစ်စေခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်အနေနဲ့ ဒီရာသီ လာလီဂါမှာ ၁၇ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ခြေစွမ်းကလည်း နည်းပြ ကာလို အန်ချယ်လော့တီ လက်ထက်မှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်တွေကို ဖြတ်ကျော်လိမ်ခေါက်မှုနှုန်းကတော့ ၁၁၅ ကြိမ်အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။

၁။ အယ်လန် စန်မက်ဇီမန် (နယူးကာဆယ်လ်)
မုသာဝါဒသမားတွေရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဆရာကြီးကတော့ ငှက်ကျားတွေရဲ့ အကွက်တွေ အများကြီးနဲ့ စန်မက်ဇီမန်ဖြစ်နေခဲ့ပါတယ်။ ၂၃ နှစ်သားဟာ နယူးကာဆယ်လ်အသင်းကို ပြင်သစ်လိဂန်ကလပ် နိစ်အသင်းကနေ ရောက်ရှိလာခဲ့ကတည်းက သူ့ရဲ့ မာယာများတဲ့ ကစားပုံနဲ့ တောင်ပံတွေမှာ Trade Mark တစ်ခုကို တည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အလိမ်အခေါက်တွေကို ပြုလုပ်လွန်းတဲ့ ဂွါဒီလုပ်နွယ်ဖွားအနေနဲ့ ပြင်သစ်အသင်းရဲ့ တံခါးပေါက်ကိုတော့ မခေါက်နိုင်သေးသလို ဒီရာသီမှာလည်း ၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးမှုကိုသာ ရရှိခဲ့ချိန်မှာ နှစ်သိမ့်ဆုအဖြစ်တော့ ဥရောပတစ်လွှားနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ တစ်ဦးချင်း ကျော်ဖြတ်မှု စံချိန်ကိုတော့ နောက်က ကစားသမားတွေနဲ့ အပြတ်အသတ်ဖြစ်တဲ့ အကြိမ် ၁၅၀ နဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တစ္ခ်ိန္တုန္းက ျမန္မာလူ႐ႊင္ေတာ္ေတြရဲ႕ ျပက္လုံးျဖစ္တဲ့ “လိမ္တယ္… ေခါက္တယ္… မုသာဝါဒလုပ္တယ္”ဆိုတာေလးကို အမွတ္ရၿပီး သေဘာက်လို႔ ၂၀၂၁-၂၂ ေဘာလုံးရာသီရဲ႕ ဥေရာပထိပ္တန္း အမွတ္ေပးၿပိဳင္ပြဲေတြမွာ ကြၽမ္းက်င္ပိုင္ႏိုင္တဲ့ ေဘာလုံးအထိန္းအသိမ္း၊ လ်င္ျမန္မႈေတြနဲ႔ ေအာင္ေအာင္ျမင္ျမင္ ေဘာလုံးဆြဲေျပးႏိုင္သူ ၅ ဦးကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၅။ ရာဖယ္လ္ လီယာအို (ေအစီမီလန္)
ေအစီမီလန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး လီယာအိုကေတာ့ ဘယ္ညာေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏိုင္ၿပီး အနာဂတ္မွာ သူ႔ရဲ႕ ေပၚတူဂီ စီနီယာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဆက္ခံမယ့္သူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာျဖစ္သလို စပို႔တင္း လစၥဘြန္း၊ လီလ္အသင္းေတြမွာ ေတာက္ပခဲ့တဲ့ေနာက္ စီးရီးေအမွာလည္း တူညီတဲ့ ေျခစြမ္းကိုပဲ ျပသႏိုင္ခဲ့တာပါ။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ဒီရာသီ စီးရီးေအမွာ ၁၁ ဂိုးသြင္း၊ ၁၀ ဂိုး ဖန္တီးႏိုင္ခဲ့ၿပီး အသင္းရဲ႕ စကူဒက္တို ခ်န္ပီယံဆုအတြက္ အေထာက္အကူျပဳႏိုင္ခဲ့သလို တစ္ရာသီလုံးမွာ အေကာင္းဆုံး ေဘာလုံးဆြဲေျပးပုံနဲ႔ ၿပိဳင္ဘက္ကစားသမားေတြကို ၁၀၆ ႀကိမ္တိတိ ျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့ အီတလီေျမက စံခ်ိန္ရွင္လည္းျဖစ္ခဲ့ပါတယ္။

၄။ ဆိုဖီယန္ ဘူဖယ္လ္ (အြန္းေဂ်း)
အလိမ္အေခါက္ အေကာင္းဆုံးစာရင္းမွာ စတုတၳေနရာကေန ပါဝင္လာသူကေတာ့ ျပင္သစ္လိဂန္ကလပ္ အြန္းေဂ်းအသင္းရဲ႕ ေတာင္ပံသမား ဘူဖယ္လ္ျဖစ္ၿပီး ေမာ္႐ိုကိုသားအေနနဲ႔ ပထမတန္းမွာ ၂၉ ပြဲအထိ ပြဲထြက္ခြင့္ရခဲ့သလို ၈ ဂိုးသြင္းၿပီး ၄ ဂိုး ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ေဆာက္သမ္တန္အသင္းကေန ထြက္ခြာၿပီးခဲ့တဲ့ေနာက္ အသင္းငယ္တစ္သင္းမွာ ဒီေလာက္အထိ ေတာက္ပႏိုင္ခဲ့တာက တကယ္ပဲ မဆိုးဘူးလို႔ ဆိုရမွာျဖစ္ၿပီး လူငယ္ဘဝအသင္းေဟာင္းမွာ ျပန္လည္ေျခစြမ္းျပေနတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ေတာင္ပံသမားရဲ႕ ဒီရာသီ တာလီကေတာ့ ၁၀၉ ႀကိမ္ ေဘာလုံးဆြဲေျပးမႈနဲ႔အတူ ၿပိဳင္ဘက္ရဲ႕ ေပါင္ၾကားကို ၁၀ ႀကိမ္ ထည့္ႏိုင္ခဲ့တာပါ။

၃။ ခီလီယန္ အမ္ဘာေပ (ပီအက္စ္ဂ်ီ)
ပီအက္စ္ဂ်ီအသင္းရဲ႕ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးကေတာ့ ဒီအသက္ဒီအ႐ြယ္မွာပဲ အျမင့္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီျဖစ္သလို ျပင္သစ္ရဲ႕ အမွတ္တံဆိပ္လည္းျဖစ္ေနတာပါ။ ဒီရာသီ လိဂန္ ၃၅ ပြဲမွာ ၂၈ ဂိုးအထိ သြင္းယူခဲ့တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အသင္းေဖာ္ေတြအတြက္ ၁၉ ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ အမ္ဘာေပရဲ႕ ထိပ္တန္းေျခစြမ္းနဲ႔အတူ ၿပိဳင္ဘက္ေတြကို ျဖတ္ေက်ာ္ဆြဲေျပးႏိုင္စြမ္းက ျပင္သစ္မွာ အျမင့္ဆုံး စံခ်ိန္အျဖစ္ ၁၁၁ ႀကိမ္အထိရွိခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ေပါက္ကြဲအားျမင့္မားတဲ့ ေျပးႏႈန္းက တစ္ဖက္ေနာက္တန္းေတြကို အထူးလိမ္ေခါက္စရာမလိုေအာင္ လြယ္ကူေစခဲ့သလို ပီအက္စ္ဂ်ီရဲ႕ စိတ္ထင္တိုင္းလုပ္လို႔ရတဲ့ စာခ်ဳပ္သစ္ကိုပါ ရယူႏိုင္ခဲ့တာပါ။

၂။ ဗီနီးရွပ္စ္ ဂ်ဴနီယာ (ရီးရဲလ္မက္ဒရစ္)
ဗီနီးရွပ္စ္ကေတာ့ အလိမ္အေခါက္အလုပ္ႏိုင္ဆုံး စာရင္းထဲမွာ မပါမျဖစ္ ပါရမယ့္ ကစားသမားမ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္ ဘယ္ျခမ္းမွာ လုပ္ခ်င္သလိုလုပ္ေနတဲ့ လွည့္စားမႈေတြနဲ႔ ကစားပုံက အသင္းရဲ႕ အဓိက တိုက္စစ္မႉး ကာရင္မ္ ဘင္ဇီးမားတစ္ေယာက္ ဂိုးသြင္းဘုရင္ျဖစ္ဖို႔အတြက္ အကူအညီ ႀကီးႀကီးမားမား ျဖစ္ေစခဲ့တာပါ။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဘရာဇီးလ္လက္ေ႐ြးစင္အေနနဲ႔ ဒီရာသီ လာလီဂါမွာ ၁၇ ဂိုးသြင္းၿပီး ၁၀ ဂိုး ဖန္တီးေပးႏိုင္ခဲ့သလို ေျခစြမ္းကလည္း နည္းျပ ကာလို အန္ခ်ယ္ေလာ့တီ လက္ထက္မွာ တစ္ရွိန္ထိုး ျမင့္တက္လာခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္ေတြကို ျဖတ္ေက်ာ္လိမ္ေခါက္မႈႏႈန္းကေတာ့ ၁၁၅ ႀကိမ္အထိ ရွိခဲ့တာလည္းျဖစ္ပါတယ္။

၁။ အယ္လန္ စန္မက္ဇီမန္ (နယူးကာဆယ္လ္)
မုသာဝါဒသမားေတြရဲ႕ ထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ ဆရာႀကီးကေတာ့ ငွက္က်ားေတြရဲ႕ အကြက္ေတြ အမ်ားႀကီးနဲ႔ စန္မက္ဇီမန္ျဖစ္ေနခဲ့ပါတယ္။ ၂၃ ႏွစ္သားဟာ နယူးကာဆယ္လ္အသင္းကို ျပင္သစ္လိဂန္ကလပ္ နိစ္အသင္းကေန ေရာက္ရွိလာခဲ့ကတည္းက သူ႔ရဲ႕ မာယာမ်ားတဲ့ ကစားပုံနဲ႔ ေတာင္ပံေတြမွာ Trade Mark တစ္ခုကို တည္ေဆာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အလိမ္အေခါက္ေတြကို ျပဳလုပ္လြန္းတဲ့ ဂြါဒီလုပ္ႏြယ္ဖြားအေနနဲ႔ ျပင္သစ္အသင္းရဲ႕ တံခါးေပါက္ကိုေတာ့ မေခါက္ႏိုင္ေသးသလို ဒီရာသီမွာလည္း ၅ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးမႈကိုသာ ရရွိခဲ့ခ်ိန္မွာ ႏွစ္သိမ့္ဆုအျဖစ္ေတာ့ ဥေရာပတစ္လႊားနဲ႔ အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ တစ္ဦးခ်င္း ေက်ာ္ျဖတ္မႈ စံခ်ိန္ကိုေတာ့ ေနာက္က ကစားသမားေတြနဲ႔ အျပတ္အသတ္ျဖစ္တဲ့ အႀကိမ္ ၁၅၀ နဲ႔ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.