Article Ligue1 Transfer News

အရောင်းပိုင်းမှာ အိုင်းယက်စ်တို့ထက် ဆရာကျတဲ့ မိုနာကိုရဲ့ ၁.၃ ဘီလီယံတန် ငွေရှာခဲ့မှုများ

ဒီနေ့ခေတ် ဈေးကွက်မှာ ကစားသမားတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူစုဆောင်းထားပြီးမှာ ပြန်လည်ရောင်းချတတ်တဲ့ ဒတ်ချ်ကလပ် အိုင်းယက်စ်တို့အနေနဲ့ ဆရာကျလှပြီဆိုပေမယ့် သူတို့ထက်တောင်မှ ပိုပြီး အရောင်းပိုင်းမှာ ထူးချွန်ထက်မြက်တဲ့ တစ်သင်းရှိနေပါသေးတယ်။ ဒါက ပြင်သစ် အခြေစိုက် မိုနာကိုပဲဖြစ်ပြီး သူတို့ရဲ့ ယူရို ၁.၃ ဘီလီယံအထိ ငွေရှာထားခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် ထရေဇီဂေး၊ သီယာရီ အွန်နရီတို့ကစလို့ ၂၀၀၀-၀၁ ရာသီကနေ ကစားသမားစတင်ရောင်းချမှုဟာ ဟားမက်စ် ရိုဒရီးရက်ဇ်၊ ခီလီယန် အမ်ဘာပေတို့အလယ် အခုနောက်ဆုံး အူဟယ်လီယန် ချွာမင်နီတို့အထိ ရာသီတိုင်းမှာ အနိမ့်ဆုံး ယူရို ၃.၅ သန်းမြတ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ မိုနာကိုတို့ရဲ့ ထိပ်တန်းအရောင်း ၁၀ ခုကို ပမာဏ အနည်းအများအလိုက် တစ်ချက်ကြည့်ကြရအောင်ပါ။

၁၀။ တီမူး ဘာကာယိုကို (ချဲလ်ဆီးသို့)
ဘာကာယိုကိုကတော့ မိုနာကိုဆီကို ၂၀၁၄ ခုနှစ်မှာ ရင်းနေးကနေ ပေါင် ၇ သန်း(ယူရို ၈.၁ သန်း)တည်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းဆီ ယူရိုသန်း ၄၀(ပေါင် ၃၄ သန်း)နဲ့ ရောင်းချခဲ့တာပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အလုပ်မဖြစ်ခဲ့ပေမယ့် သူ့ကို ပြင်သစ်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ကတော့ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ ချီးကျူးထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စီးရီးအေ အငှားကစားသမားအဖြစ်နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

၉။ ယူရီ တီးလီးမန်းစ် (လက်စတာသို့)
တီးလီးမန်းစ်ကိုတော့ ဘယ်လ်ဂျီယမ်ကလပ် အန်ဒါလက်ချ်ကနေ မိုနာကိုတို့ ယူရို ၂၅ သန်း(ပေါင် ၂၁.၅ သန်း)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းကို ရောက်လို့ တစ်ရာသီခွဲအကြာမှာ လက်စတာကို အငှားချခဲ့ပြီးမှ ရာသီကုန်မှာ အပြီးသတ် တန်ကြေး ယူရို ၄၅ သန်း (ပေါင် ၃၉ သန်း)နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာလည်းဖြစ်ပြီး လက်ရှိမှာတော့ ၂၅ နှစ်သားဟာ ဒီထက်မြင့်တဲ့ အဆင့်တွေဆီ တက်လှမ်းဦးမှာပါ။

၈။ ဖာဘင်ညို (လီဗာပူးလ်သို့)
ဖာဘင်ညိုလို ကစားသမားမျိုးက ဒီခေတ်မှာ တော်တော်လေးရှားပြီး ထိပ်တန်းအသင်းကြီးတွေမှာ သူ့လိုမျိုး အဆက်အပေါက်နဲ့ ပုံစံတူ ကစားနေတာဆိုလို့ မန်စီးတီးရဲ့ ရိုဒရီတစ်ယောက်ပဲ ရှိတာပါ။ ဒီလို ပေါက်ကွဲအားနဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ကွင်းလယ်အဖျက်ကစားသမားကို မိုနာကိုတို့က ယူရို ၆ သန်း (ပေါင် ၅.၂ သန်း)တည်းနဲ့ ခေါ်ယူပြီး လီဗာပူးလ်တို့ဆီကို ငါးရာသီအကြာမှာ ယူရို ၄၅ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အပယ်ခံ ဘရာဇီးလ်သားနဲ့ ပြင်သစ်ကလပ်တို့ နှစ်ဦးစလုံးအတွက် ဂုဏ်ယူစရာလို့လည်း ဆိုရမှာပါပဲ။

၇။ ဘာနာဒို ဆေးလ်ဗား (မန်စီးတီးသို့)
ဘင်ဖီကာလူငယ်ထွက်ကုန်ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီးမှာ ကမ္ဘာကျော်ဖြစ်မလာခင်မှာ မိုနာကိုရဲ့ အထွန်းတောက်ဆုံးတစ်ဦး ဖြစ်လာခဲ့တာပါ။ တစ်နှစ်အငှားနဲ့ ခေါ်ယူစမ်းသပ်အပြီးမှာ မိုနာကိုတို့အနေနဲ့ သူ့အတွက် ယူရို ၁၅.၇၅ သန်း (ပေါင် ၁၃.၅ သန်း)နဲ့ အပြီးသတ် ရယူနိုင်ခဲ့ပြီး သုံးရာသီအလွန်မှာတော့ ထိပ်တန်းအဆင့် ခြေစွမ်းနဲ့ ပေါ်တူဂီကွင်းလယ်လူကို ယူရိုသန်း ၅၀ (ပေါင် ၄၃ သန်း)နဲ့ အစ်တီဟတ်ကို ပို့ဆောင်နိုင်ခဲ့သလို ကြီးမားတဲ့ အမြတ်အစွန်း ရရှိခဲ့တာဖြစ်ပါတယ်။

၆။ ဘင်ဂျမင် မန်ဒီ (မန်စီးတီးသို့)
ဘာနာဒို ဆေးလ်ဗားနဲ့အတူ မန်စီးတီးအသင်းဆီ ၂၀၁၇ တစ်နွေတည်းမှာ ရောက်ရှိခဲ့သူကတော့ ဘယ်နောက်ခံလူ မန်ဒီပဲဖြစ်ပါတယ်။ မိုနာကို လူငယ်အကယ်ဒမီကနေ ထွက်ရှိခဲ့တာဖြစ်လို့ သူ့အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၇.၅ သန်း (ပေါင်သန်း ၅၀)ဟာ တစ်ပြားမှ မရင်းခဲ့ရတဲ့ အသားတင် အမြတ်ငွေလည်းဖြစ်ခဲ့တာပါ။ ကွင်းပြင်မှာ ကိစ္စရှုပ်လို့ လက်ရှိ အမှုဖြစ်နေတဲ့ ပြင်သစ်သားကို မန်စီးတီးတို့ရဲ့ ခေါ်ယူမှုကတော့ မအောင်မြင်ဘဲ ဖြစ်ခဲ့ရပေမယ့် မိုနာကိုအတွက်တော့ သူတို့လက်ထဲမှာ ပိုက်ဘောမမိဘဲ အေးအေးဆေးဆေးပဲဖြစ်သွားခဲ့ပါတယ်။

၅။ အန်ထော်နီ မာစီယယ်လ် (မန်ယူနိုက်တက်သို့)
မာစီယယ်လ်ကတော့ လူငယ်တောင်ပံကစားသမားတစ်ယောက်အနေနဲ့ ခြေစွမ်းပြသနိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လီယွန်အကယ်ဒမီထွက် လူငယ်ကို ၂၀၁၃ ခုနှစ်မှာ မိုနာကိုတို့အနေနဲ့ ယူရို ၅ သန်း (ပေါင် ၄.၂ သန်း)နဲ့ ဆွဲစားထားခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ပို့ဆောင်ခအဖြစ်တော့ ယူရိုသန်း ၆၀ (ပေါင် ၅၂ သန်း) ရယူခဲ့တာပါ။ မိုနာကိုတို့ နှစ်နှစ်တည်းနဲ့ ယူရို ၅၅ သန်း အမြတ်ထွက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က မာစီယယ်လ်ကတော့ ဈေးအကြီးဆုံး ဆယ်ကျော်သက်လည်းဖြစ်ခဲ့ပါတယ်။

၄။ သောမတ်စ် လီမာ (အက်သလက်တီကိုသို့)
အက်သလက်တီကို မက်ဒရစ်မှာ လက်ရှိကစားနေတဲ့ ပြင်သစ်ကွင်းလယ်လူကိုတော့ မိုနာကိုတို့က AS ကွန်းအသင်းကနေ ယူရို ၄ သန်း (ပေါင် ၃.၄ သန်း)နဲ့ ရရှိထားခဲ့တာဖြစ်ပြီး အသင်းမှာ ထွန်းတောက်လာတဲ့ လူငယ်ခြေတက်အုပ်စုကို ဈေးဗန်းခင်းချိန်မှာ ယူရို ၇၂ သန်း (ပေါင် ၆၂ သန်း)အထိ တန်ဖိုးမြှင့်ပြီး ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုထွက် တစ်ဝက်ကျော်လောက်ရဲ့ အသင်းသစ်တွေမှာ ခြေစွမ်းကျဆင်းသွားတတ်တဲ့ အစဉ်အလာထဲကို ပါဝင်သွားခဲ့တဲ့ ကွင်းလယ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ လီမာကတော့ လက်ရှိမှာ လိုချင်သူရှားတဲ့ ကစားသမားဖြစ်သွားခဲ့ပါပြီ။

၃။ ဟားမက်စ် ရိုဒရီးရက်ဇ် (ရီးရဲလ်မက်ဒရစ်သို့)
ကိုလံဘီယာသားအတွက်တော့ မိုနာကိုတို့ ထင်သလောက် အမြတ်မရခဲ့ပေမယ့် ယူရိုသန်း ၃၀ (ပေါင် ၂၅.၅ သန်း)ဆိုတာကလည်း မနည်းမနော ပမာဏဖြစ်ခဲ့တာပါ။ သူတို့လိုပဲ အရောင်းပိုင်းမှာ ပါးနပ်တဲ့ ပေါ်တိုတို့ဆီက စာချုပ်လျော်ကြေး ယူရို ၄၅ သန်း (ပေါင် ၃၈.၅ သန်း)ပေးခဲ့ရတဲ့ ဟားမက်စ်ကို ရီးရဲလ်တို့ဆီကိုတော့ ယူရိုသန်း ၈၀ (ပေါင် ၆၈.၅ သန်း)ခေါ်ပြီးမှ ယူရို ၇၅ သန်း (ပေါင် ၆၄.၅)သန်းနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ထွန်းတောက်ခဲ့တဲ့ ရွှေဖိနပ်ဆုရှင်အနေနဲ့ လက်ရှိမှာ ကာတာကို ရောက်နေပေမယ့် သူ့ခြေစွမ်းကျဆင်းမှုကတော့ မိုနာကိုက ထွက်တာနဲ့ မဆိုင်ဘဲ ရီးရဲလ်ရဲ့ ချောင်ထိုးခံရခြင်းနဲ့ပဲ သက်ဆိုင်ခဲ့တာပါ။

၂။ အူဟယ်လီယန် ချွာမင်နီ (ရီးရဲလ်မက်ဒရစ်သို့)
မိုနာကိုတို့ရဲ့ နောက်ဆုံးရောင်းချမှုဖြစ်တဲ့ ချွာမင်နီအတွက်တော့ ယူရိုသန်း ၁၀၀ (ပေါင် ၈၆.၂ သန်း)အထိ ရရှိခဲ့ပါတယ်။ လိဂန်ပြိုင်ဘက် ဘော်ဒိုး အသင်းကနေ ယူရို ၁၈ သန်း (ပေါင် ၁၅.၅ သန်း)နဲ့ ၂၀၂၀ ဆောင်းရာသီမှာ ခေါ်ယူခဲ့တဲ့ ကင်းမရွန်းနွယ်ဖွား ပြင်သစ်လက်ရွေးစင်လေးအတွက် မိုနာကိုတို့ ယူရို ၈၂ သန်း (ပေါင် ၇၀.၅ သန်း)အထိ အထိ အမြတ်ထွက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဝယ်ရောင်းကွက်တွေကတော့ မြန်မာနိုင်ငံက ပွဲစားတွေထက်တောင် ပါးနပ်လွန်းနေခဲ့တာလို့လည်း ဆိုရတော့မှာပါ။

၁။ ခီလီယန် အမ်ဘာပေ (ပီအက်စ်ဂျီသို့)
ပီအက်စ်ဂျီရဲ့ ကမ္ဘာ့စံချိန်တင် ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဘရာဇီးလ်သား နေမာနဲ့ တစ်ရာသီတည်းမှာ အငှားနဲ့ ပထမ ရောက်ရှိခဲ့တဲ့ အမ်ဘာပေကတော့ FFP ကို ရှောင်လွှဲနိုင်ဖို့ နောက်တစ်ရာသီမှာမှ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပြီး မိုနာကိုတို့အနေနဲ့ အကယ်ဒမီထွက် ကစားသမားအတွက် ယူရိုသန်း ၁၈၀ (ပေါင် ၁၅၅ သန်း)အထိ အသားတင် အမြတ်အစွန်း ရရှိခဲ့တာပါ။ လက်ရှိမှာတော့ ပြင်သစ်ဘောလုံးလောကရဲ့ အမှတ်အသားဖြစ်နေတဲ့ အမ်ဘာပေအတွက် သူတို့တွေရဲ့ ပြုစုပျိုးထောင်မှုကို ကြီးကြီးမားမား ဂုဏ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ေခတ္ ေဈးကြက္မွာ ကစားသမားေတြကို ေဈးသက္သက္သာသာနဲ႔ ဝယ္ယူစုေဆာင္းထားၿပီးမွာ ျပန္လည္ေရာင္းခ်တတ္တဲ့ ဒတ္ခ်္ကလပ္ အိုင္းယက္စ္တို႔အေနနဲ႔ ဆရာက်လွၿပီဆိုေပမယ့္ သူတို႔ထက္ေတာင္မွ ပိုၿပီး အေရာင္းပိုင္းမွာ ထူးခြၽန္ထက္ျမက္တဲ့ တစ္သင္းရွိေနပါေသးတယ္။ ဒါက ျပင္သစ္ အေျခစိုက္ မိုနာကိုပဲျဖစ္ၿပီး သူတို႔ရဲ႕ ယူ႐ို ၁.၃ ဘီလီယံအထိ ေငြရွာထားခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ ထေရဇီေဂး၊ သီယာရီ အြန္နရီတို႔ကစလို႔ ၂၀၀၀-၀၁ ရာသီကေန ကစားသမားစတင္ေရာင္းခ်မႈဟာ ဟားမက္စ္ ႐ိုဒရီးရက္ဇ္၊ ခီလီယန္ အမ္ဘာေပတို႔အလယ္ အခုေနာက္ဆုံး အူဟယ္လီယန္ ခြၽာမင္နီတို႔အထိ ရာသီတိုင္းမွာ အနိမ့္ဆုံး ယူ႐ို ၃.၅ သန္းျမတ္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တဲ့ မိုနာကိုတို႔ရဲ႕ ထိပ္တန္းအေရာင္း ၁၀ ခုကို ပမာဏ အနည္းအမ်ားအလိုက္ တစ္ခ်က္ၾကည့္ၾကရေအာင္ပါ။

၁၀။ တီမူး ဘာကာယိုကို (ခ်ဲလ္ဆီးသို႔)
ဘာကာယိုကိုကေတာ့ မိုနာကိုဆီကို ၂၀၁၄ ခုႏွစ္မွာ ရင္းေနးကေန ေပါင္ ၇ သန္း(ယူ႐ို ၈.၁ သန္း)တည္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဆီ ယူ႐ိုသန္း ၄၀(ေပါင္ ၃၄ သန္း)နဲ႔ ေရာင္းခ်ခဲ့တာပါ။ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အလုပ္မျဖစ္ခဲ့ေပမယ့္ သူ႔ကို ျပင္သစ္နည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္ကေတာ့ ၿပီးျပည့္စုံတဲ့ ကြင္းလယ္လူလို႔ ခ်ီးက်ဴးထားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ စီးရီးေအ အငွားကစားသမားအျဖစ္နဲ႔ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

၉။ ယူရီ တီးလီးမန္းစ္ (လက္စတာသို႔)
တီးလီးမန္းစ္ကိုေတာ့ ဘယ္လ္ဂ်ီယမ္ကလပ္ အန္ဒါလက္ခ်္ကေန မိုနာကိုတို႔ ယူ႐ို ၂၅ သန္း(ေပါင္ ၂၁.၅ သန္း)နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အသင္းကို ေရာက္လို႔ တစ္ရာသီခြဲအၾကာမွာ လက္စတာကို အငွားခ်ခဲ့ၿပီးမွ ရာသီကုန္မွာ အၿပီးသတ္ တန္ေၾကး ယူ႐ို ၄၅ သန္း (ေပါင္ ၃၉ သန္း)နဲ႔ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္ကို ေမြးထုတ္ေပးႏိုင္ခဲ့တာလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ ၂၅ ႏွစ္သားဟာ ဒီထက္ျမင့္တဲ့ အဆင့္ေတြဆီ တက္လွမ္းဦးမွာပါ။

၈။ ဖာဘင္ညိဳ (လီဗာပူးလ္သို႔)
ဖာဘင္ညိဳလို ကစားသမားမ်ိဳးက ဒီေခတ္မွာ ေတာ္ေတာ္ေလးရွားၿပီး ထိပ္တန္းအသင္းႀကီးေတြမွာ သူ႔လိုမ်ိဳး အဆက္အေပါက္နဲ႔ ပုံစံတူ ကစားေနတာဆိုလို႔ မန္စီးတီးရဲ႕ ႐ိုဒရီတစ္ေယာက္ပဲ ရွိတာပါ။ ဒီလို ေပါက္ကြဲအားနဲ႔ ႀကံ့ခိုင္သန္စြမ္းတဲ့ ကြင္းလယ္အဖ်က္ကစားသမားကို မိုနာကိုတို႔က ယူ႐ို ၆ သန္း (ေပါင္ ၅.၂ သန္း)တည္းနဲ႔ ေခၚယူၿပီး လီဗာပူးလ္တို႔ဆီကို ငါးရာသီအၾကာမွာ ယူ႐ို ၄၅ သန္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အပယ္ခံ ဘရာဇီးလ္သားနဲ႔ ျပင္သစ္ကလပ္တို႔ ႏွစ္ဦးစလုံးအတြက္ ဂုဏ္ယူစရာလို႔လည္း ဆိုရမွာပါပဲ။

၇။ ဘာနာဒို ေဆးလ္ဗား (မန္စီးတီးသို႔)
ဘင္ဖီကာလူငယ္ထြက္ကုန္ျဖစ္တဲ့ ဘာနာဒို ေဆးလ္ဗားဟာ မန္စီးတီးမွာ ကမာၻေက်ာ္ျဖစ္မလာခင္မွာ မိုနာကိုရဲ႕ အထြန္းေတာက္ဆုံးတစ္ဦး ျဖစ္လာခဲ့တာပါ။ တစ္ႏွစ္အငွားနဲ႔ ေခၚယူစမ္းသပ္အၿပီးမွာ မိုနာကိုတို႔အေနနဲ႔ သူ႔အတြက္ ယူ႐ို ၁၅.၇၅ သန္း (ေပါင္ ၁၃.၅ သန္း)နဲ႔ အၿပီးသတ္ ရယူႏိုင္ခဲ့ၿပီး သုံးရာသီအလြန္မွာေတာ့ ထိပ္တန္းအဆင့္ ေျခစြမ္းနဲ႔ ေပၚတူဂီကြင္းလယ္လူကို ယူ႐ိုသန္း ၅၀ (ေပါင္ ၄၃ သန္း)နဲ႔ အစ္တီဟတ္ကို ပို႔ေဆာင္ႏိုင္ခဲ့သလို ႀကီးမားတဲ့ အျမတ္အစြန္း ရရွိခဲ့တာျဖစ္ပါတယ္။

၆။ ဘင္ဂ်မင္ မန္ဒီ (မန္စီးတီးသို႔)
ဘာနာဒို ေဆးလ္ဗားနဲ႔အတူ မန္စီးတီးအသင္းဆီ ၂၀၁၇ တစ္ေႏြတည္းမွာ ေရာက္ရွိခဲ့သူကေတာ့ ဘယ္ေနာက္ခံလူ မန္ဒီပဲျဖစ္ပါတယ္။ မိုနာကို လူငယ္အကယ္ဒမီကေန ထြက္ရွိခဲ့တာျဖစ္လို႔ သူ႔အတြက္ ရရွိခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၇.၅ သန္း (ေပါင္သန္း ၅၀)ဟာ တစ္ျပားမွ မရင္းခဲ့ရတဲ့ အသားတင္ အျမတ္ေငြလည္းျဖစ္ခဲ့တာပါ။ ကြင္းျပင္မွာ ကိစၥရႈပ္လို႔ လက္ရွိ အမႈျဖစ္ေနတဲ့ ျပင္သစ္သားကို မန္စီးတီးတို႔ရဲ႕ ေခၚယူမႈကေတာ့ မေအာင္ျမင္ဘဲ ျဖစ္ခဲ့ရေပမယ့္ မိုနာကိုအတြက္ေတာ့ သူတို႔လက္ထဲမွာ ပိုက္ေဘာမမိဘဲ ေအးေအးေဆးေဆးပဲျဖစ္သြားခဲ့ပါတယ္။

၅။ အန္ေထာ္နီ မာစီယယ္လ္ (မန္ယူႏိုက္တက္သို႔)
မာစီယယ္လ္ကေတာ့ လူငယ္ေတာင္ပံကစားသမားတစ္ေယာက္အေနနဲ႔ ေျခစြမ္းျပသႏိုင္ခဲ့လို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေခၚယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ လီယြန္အကယ္ဒမီထြက္ လူငယ္ကို ၂၀၁၃ ခုႏွစ္မွာ မိုနာကိုတို႔အေနနဲ႔ ယူ႐ို ၅ သန္း (ေပါင္ ၄.၂ သန္း)နဲ႔ ဆြဲစားထားခဲ့တာျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္ကို ပို႔ေဆာင္ခအျဖစ္ေတာ့ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၂ သန္း) ရယူခဲ့တာပါ။ မိုနာကိုတို႔ ႏွစ္ႏွစ္တည္းနဲ႔ ယူ႐ို ၅၅ သန္း အျမတ္ထြက္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္က မာစီယယ္လ္ကေတာ့ ေဈးအႀကီးဆုံး ဆယ္ေက်ာ္သက္လည္းျဖစ္ခဲ့ပါတယ္။

၄။ ေသာမတ္စ္ လီမာ (အက္သလက္တီကိုသို႔)
အက္သလက္တီကို မက္ဒရစ္မွာ လက္ရွိကစားေနတဲ့ ျပင္သစ္ကြင္းလယ္လူကိုေတာ့ မိုနာကိုတို႔က AS ကြန္းအသင္းကေန ယူ႐ို ၄ သန္း (ေပါင္ ၃.၄ သန္း)နဲ႔ ရရွိထားခဲ့တာျဖစ္ၿပီး အသင္းမွာ ထြန္းေတာက္လာတဲ့ လူငယ္ေျခတက္အုပ္စုကို ေဈးဗန္းခင္းခ်ိန္မွာ ယူ႐ို ၇၂ သန္း (ေပါင္ ၆၂ သန္း)အထိ တန္ဖိုးျမႇင့္ၿပီး ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ မိုနာကိုထြက္ တစ္ဝက္ေက်ာ္ေလာက္ရဲ႕ အသင္းသစ္ေတြမွာ ေျခစြမ္းက်ဆင္းသြားတတ္တဲ့ အစဥ္အလာထဲကို ပါဝင္သြားခဲ့တဲ့ ကြင္းလယ္နဲ႔ ေတာင္ပံေတြမွာ ကစားႏိုင္တဲ့ လီမာကေတာ့ လက္ရွိမွာ လိုခ်င္သူရွားတဲ့ ကစားသမားျဖစ္သြားခဲ့ပါၿပီ။

၃။ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ (ရီးရဲလ္မက္ဒရစ္သို႔)
ကိုလံဘီယာသားအတြက္ေတာ့ မိုနာကိုတို႔ ထင္သေလာက္ အျမတ္မရခဲ့ေပမယ့္ ယူ႐ိုသန္း ၃၀ (ေပါင္ ၂၅.၅ သန္း)ဆိုတာကလည္း မနည္းမေနာ ပမာဏျဖစ္ခဲ့တာပါ။ သူတို႔လိုပဲ အေရာင္းပိုင္းမွာ ပါးနပ္တဲ့ ေပၚတိုတို႔ဆီက စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၄၅ သန္း (ေပါင္ ၃၈.၅ သန္း)ေပးခဲ့ရတဲ့ ဟားမက္စ္ကို ရီးရဲလ္တို႔ဆီကိုေတာ့ ယူ႐ိုသန္း ၈၀ (ေပါင္ ၆၈.၅ သန္း)ေခၚၿပီးမွ ယူ႐ို ၇၅ သန္း (ေပါင္ ၆၄.၅)သန္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၄ ကမာၻ႔ဖလားမွာ ထြန္းေတာက္ခဲ့တဲ့ ေ႐ႊဖိနပ္ဆုရွင္အေနနဲ႔ လက္ရွိမွာ ကာတာကို ေရာက္ေနေပမယ့္ သူ႔ေျခစြမ္းက်ဆင္းမႈကေတာ့ မိုနာကိုက ထြက္တာနဲ႔ မဆိုင္ဘဲ ရီးရဲလ္ရဲ႕ ေခ်ာင္ထိုးခံရျခင္းနဲ႔ပဲ သက္ဆိုင္ခဲ့တာပါ။

၂။ အူဟယ္လီယန္ ခြၽာမင္နီ (ရီးရဲလ္မက္ဒရစ္သို႔)
မိုနာကိုတို႔ရဲ႕ ေနာက္ဆုံးေရာင္းခ်မႈျဖစ္တဲ့ ခြၽာမင္နီအတြက္ေတာ့ ယူ႐ိုသန္း ၁၀၀ (ေပါင္ ၈၆.၂ သန္း)အထိ ရရွိခဲ့ပါတယ္။ လိဂန္ၿပိဳင္ဘက္ ေဘာ္ဒိုး အသင္းကေန ယူ႐ို ၁၈ သန္း (ေပါင္ ၁၅.၅ သန္း)နဲ႔ ၂၀၂၀ ေဆာင္းရာသီမွာ ေခၚယူခဲ့တဲ့ ကင္းမ႐ြန္းႏြယ္ဖြား ျပင္သစ္လက္ေ႐ြးစင္ေလးအတြက္ မိုနာကိုတို႔ ယူ႐ို ၈၂ သန္း (ေပါင္ ၇၀.၅ သန္း)အထိ အထိ အျမတ္ထြက္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ ဝယ္ေရာင္းကြက္ေတြကေတာ့ ျမန္မာႏိုင္ငံက ပြဲစားေတြထက္ေတာင္ ပါးနပ္လြန္းေနခဲ့တာလို႔လည္း ဆိုရေတာ့မွာပါ။

၁။ ခီလီယန္ အမ္ဘာေပ (ပီအက္စ္ဂ်ီသို႔)
ပီအက္စ္ဂ်ီရဲ႕ ကမာၻ႔စံခ်ိန္တင္ ေခၚယူမႈျဖစ္ခဲ့တဲ့ ဘရာဇီးလ္သား ေနမာနဲ႔ တစ္ရာသီတည္းမွာ အငွားနဲ႔ ပထမ ေရာက္ရွိခဲ့တဲ့ အမ္ဘာေပကေတာ့ FFP ကို ေရွာင္လႊဲႏိုင္ဖို႔ ေနာက္တစ္ရာသီမွာမွ အၿပီးသတ္ေခၚယူခဲ့တာျဖစ္ၿပီး မိုနာကိုတို႔အေနနဲ႔ အကယ္ဒမီထြက္ ကစားသမားအတြက္ ယူ႐ိုသန္း ၁၈၀ (ေပါင္ ၁၅၅ သန္း)အထိ အသားတင္ အျမတ္အစြန္း ရရွိခဲ့တာပါ။ လက္ရွိမွာေတာ့ ျပင္သစ္ေဘာလုံးေလာကရဲ႕ အမွတ္အသားျဖစ္ေနတဲ့ အမ္ဘာေပအတြက္ သူတို႔ေတြရဲ႕ ျပဳစုပ်ိဳးေထာင္မႈကို ႀကီးႀကီးမားမား ဂုဏ္ယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.