Analysis Article Premier League Transfer News

အပြောင်းအရွှေ့မှာ စပါးစ်တိုက်စစ်က ရင်ခုန်စရာဖြစ်နေပေမယ့် ခံစစ်က မှားနေသလား

တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ၂၀၂၁-၂၂ ရာသီအပြီး ချန်ပီယံလိဂ်မှာ ကစားခွင့်ကို ပြန်လည်ရယူနိုင်ခဲ့မှုနဲ့အတူ ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်မှုတွေက ထိထိရောက်ရောက်လုပ်ဆောင်နေခဲ့ပြီး ပြတ်သားတဲ့ အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီရဲ့ အကွက်မြင် လက်သွက်မှုတွေနဲ့ မြောက်လန်ဒန်မှာ ပြိုင်ဘက် အာဆင်နယ်တို့ထက်တောင် ရှေ့ကို အသာရလာခဲ့ပြီဖြစ်ပါတယ်။

ရာသီသစ်မှာတော့ စပါးစ်တို့အနေနဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူထားနိုင်ပြီး ကွင်းလယ်အင်အား တောင့်တင်းသွားခဲ့သလို ပြီးခဲ့တဲ့ ရာသီအစက ရုန်းကန်ခဲ့ရတဲ့ အထိုင်ကို ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်+ ရိုဒရီဂို ဘင်တန်ကာတို့နဲ့ ဆောင်းရာသီမှာ ပြင်ဆင်နိုင်ခဲ့အပြီးမှာ ပိုပြီး မာကျောလာတော့မှာလည်းဖြစ်ပါတယ်။

ဥရုဂွေးသား ဘင်တန်ကာဟာ ပရီးမီးယားလိဂ်နဲ့ အလျင်အမြန်အထိုင်ကျခဲ့သလို ညာတောင်ပံက ဒေယန် ကူလူရှက်ဗ်စကီးဟာလည်း သူ့ရဲ့ အငှားစာချုပ် ၁၈ လရဲ့ ပထမ ၆ လပတ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အမှတ်ပေးပွဲ ၁၈ ပွဲမှာ ၅ ဂိုးသွင်း ၈ ဂိုး ဖန်တီးနိုင်ခဲ့ချိန်မှာ ယူရို ၃၅ သန်း (ပေါင်သန်း ၃၀ ခန့်)နဲ့ ခေါ်ယူဖို့ သဘောတူညီထားနိုင်ခဲ့တာလည်း ရွှေဖြစ်ခဲ့သလို အီဗန် ပါရီရှစ်ချ်ကလည်း အလွတ်နဲ့ ရောက်လာခဲ့သေးတာပါ။

လက်ရှိမှာတော့ စပါးစ်တို့အနေနဲ့ တိုက်စစ်ကို ပိုမိုတောင့်တင်းစေဖို့နဲ့ အသင်းကြီးချင်း ယှဉ်ရင် ခံစစ်နဲ့ ကောင်တာပဲ ကစားတတ်တဲ့ အသင်းလို့ အနှိမ်ခံခဲ့ရမှုတွေကို ချိုးဖျက်နိုင်ဖို့ ကွင်းလယ်နဲ့ ရှေ့တန်းကို အားဖြည့်လာခဲ့သလို အဲဗာတန်တိုက်စစ်မှူး ရစ်ချာလစ်ဆန်ကိုလည်း ခေါ်ယူဖို့ နီးစပ်နေပြီး ဒါက သူတို့ကို ၃-၄-၃၊ ၄-၃-၃ နဲ့ ၄-၄-၂ ပုံစံတွေကို ကြိုက်သလို ပြောင်းလဲကစားနေနိုင်မှာလည်းဖြစ်ပါတယ်။

ခံစစ်မှာတော့ နည်းပြ အန်တိုနီယို ကွန်တီ သိပ်မကြိုက်တဲ့ ဆာဂျီယို ရက်ဂီလွန်ကို ကမ်းလှမ်းမှုတွေ ရှိလာရင် ရောင်းထုတ်ပြီး ရိုင်ယန် ဆက်ဆီညွန်ကို ဦးစားပေးသွားဖို့ ရှိနေချိန်မှာ ဘာစီလိုနာရဲ့ ဗဟိုခံစစ်မှူး ကလေမွန် လွန်ဂလေကို တစ်နှစ်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတာကတော့ သံသယဖြစ်စရာလို့ သုံးသပ်ရမှာပါ။

ဘာစီလိုနာလို အသင်းကြီးမျိုးနဲ့ စပိန်လာလီဂါမှာတောင် အမှားများလွန်းလို့ ဆီဗီလာက ရောက်လာပြီး မကြာခင်မှာပဲ နည်းပြအဆက်ဆက်ရဲ့ တဖြည်းဖြည်း ယုံကြည်မှု လျော့ကျလာသလို ပြင်သစ်လက်ရွေးစင်အသင်းကနေ နေရာပျောက်ခဲ့ပြီး နည်းပြသစ် ဇာဗီရဲ့ “လစ်တော့၊ ဆွဲမထားဘူး”လို့ အပြောခံခဲ့ရတဲ့ လွန်ဂလေဟာ ပရီးမီးယားလိဂ်လို ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲမျိုးမှာ အံဝင်နိုင်မလားဆိုတာကတော့ မေးခွန်းသတ်တာဖြစ်နေပါတယ်။

ကွန်တီရဲ့ Left-footed Center Back လိုချင်နေချိန်မှာ ထိပ်တန်းပစ်မှတ်တွေအတွက် ငွေမသုံးနိုင်တာကြောင့် ပါရာတီချီအနေနဲ့ သူလုပ်နေကျ အီတလီကနေ ဆွဲစားရမယ့်အစား လွန်ဂလေကို ခေါ်ယူမယ်ဆိုတာကတော့ ပြိုင်ဘက်အသင်းတွေရဲ့ တိုက်စစ်မှူးတွေနဲ့ နည်းပြတွေအကြိုက် ဖြစ်လာနိုင်ပြီး တိုက်စစ်နဲ့ ကွင်းလယ်မှာ အားရစရာလုပ်ဆောင်ထားနိုင်သမျှ ဒီတစ်ကွက်နဲ့ အထိနာသွားနိုင်တာကိုတော့ သတိထားရမှာပါ။

စပါးစ်တို့အနေနဲ့ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးတို့နဲ့အတူ ရစ်ချာလစ်ဆန်ပါ ထပ်ရောက်လာဦးမယ့် တိုက်စစ်ပိုင်းအတွက်တော့ ဘယ်အသင်းနဲ့မဆို ယှဉ်နိုင်ပြီး ကမ္ဘာ့အဆင့်ဖြစ်နေခဲ့ချိန်မှာ နယ်သာလန် တောင်ပံကစားသမား စတီဗင် ဘာ့ဂ်ဗိုင်းကိုတော့ အရောင်းစာရင်းတင်ထားခဲ့ပြီး ဆီဗီလာဆီကနေ ဂျင်းမိခဲ့တဲ့ ဘရိုင်ယန် ဟေးလ်ကိုလည်း ဆက်ပြီး အငှားချသွားရဖို့ပဲ များနေခဲ့ပါတယ်။

လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ယှဉ်နိုင်တဲ့ အကောင်းဆုံး တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားတဲ့ စပါးစ်တို့ရဲ့ ရာသီသစ်ကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ ရင်ခုန်စရာဖြစ်နေချိန်မှာ ကွန်တီတို့အဖွဲ့အနေနဲ့ အသက်တစ်နှစ် ပိုကြီးလာဦးမယ့် ဂိုးသမား ဟူဂို လိုရစ်နဲ့ လွန်ဂလေကို နီးစပ်နေပြီး သိပ်အားရစရာမရှိသေးတဲ့ ခံစစ်ကို ဗျူဟာမြောက် ကစားနိုင်မှာလားဆိုတာတော့ အောင်မြင်မှုတွေအတွက် စာမေးပွဲဖြစ်လာနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ၂၀၂၁-၂၂ ရာသီအၿပီး ခ်န္ပီယံလိဂ္မွာ ကစားခြင့္ကို ျပန္လည္ရယူႏိုင္ခဲ့မႈနဲ႔အတူ ရာသီသစ္အတြက္ ႀကိဳတင္ ျပင္ဆင္မႈေတြက ထိထိေရာက္ေရာက္လုပ္ေဆာင္ေနခဲ့ၿပီး ျပတ္သားတဲ့ အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီရဲ႕ အကြက္ျမင္ လက္သြက္မႈေတြနဲ႔ ေျမာက္လန္ဒန္မွာ ၿပိဳင္ဘက္ အာဆင္နယ္တို႔ထက္ေတာင္ ေရွ႕ကို အသာရလာခဲ့ၿပီျဖစ္ပါတယ္။

ရာသီသစ္မွာေတာ့ စပါးစ္တို႔အေနနဲ႔ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေခၚယူထားႏိုင္ၿပီး ကြင္းလယ္အင္အား ေတာင့္တင္းသြားခဲ့သလို ၿပီးခဲ့တဲ့ ရာသီအစက ႐ုန္းကန္ခဲ့ရတဲ့ အထိုင္ကို ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္+ ႐ိုဒရီဂို ဘင္တန္ကာတို႔နဲ႔ ေဆာင္းရာသီမွာ ျပင္ဆင္ႏိုင္ခဲ့အၿပီးမွာ ပိုၿပီး မာေက်ာလာေတာ့မွာလည္းျဖစ္ပါတယ္။

ဥ႐ုေဂြးသား ဘင္တန္ကာဟာ ပရီးမီးယားလိဂ္နဲ႔ အလ်င္အျမန္အထိုင္က်ခဲ့သလို ညာေတာင္ပံက ေဒယန္ ကူလူရွက္ဗ္စကီးဟာလည္း သူ႔ရဲ႕ အငွားစာခ်ဳပ္ ၁၈ လရဲ႕ ပထမ ၆ လပတ္မွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး အမွတ္ေပးပြဲ ၁၈ ပြဲမွာ ၅ ဂိုးသြင္း ၈ ဂိုး ဖန္တီးႏိုင္ခဲ့ခ်ိန္မွာ ယူ႐ို ၃၅ သန္း (ေပါင္သန္း ၃၀ ခန႔္)နဲ႔ ေခၚယူဖို႔ သေဘာတူညီထားႏိုင္ခဲ့တာလည္း ေ႐ႊျဖစ္ခဲ့သလို အီဗန္ ပါရီရွစ္ခ်္ကလည္း အလြတ္နဲ႔ ေရာက္လာခဲ့ေသးတာပါ။

လက္ရွိမွာေတာ့ စပါးစ္တို႔အေနနဲ႔ တိုက္စစ္ကို ပိုမိုေတာင့္တင္းေစဖို႔နဲ႔ အသင္းႀကီးခ်င္း ယွဥ္ရင္ ခံစစ္နဲ႔ ေကာင္တာပဲ ကစားတတ္တဲ့ အသင္းလို႔ အႏွိမ္ခံခဲ့ရမႈေတြကို ခ်ိဳးဖ်က္ႏိုင္ဖို႔ ကြင္းလယ္နဲ႔ ေရွ႕တန္းကို အားျဖည့္လာခဲ့သလို အဲဗာတန္တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္ကိုလည္း ေခၚယူဖို႔ နီးစပ္ေနၿပီး ဒါက သူတို႔ကို ၃-၄-၃၊ ၄-၃-၃ နဲ႔ ၄-၄-၂ ပုံစံေတြကို ႀကိဳက္သလို ေျပာင္းလဲကစားေနႏိုင္မွာလည္းျဖစ္ပါတယ္။

ခံစစ္မွာေတာ့ နည္းျပ အန္တိုနီယို ကြန္တီ သိပ္မႀကိဳက္တဲ့ ဆာဂ်ီယို ရက္ဂီလြန္ကို ကမ္းလွမ္းမႈေတြ ရွိလာရင္ ေရာင္းထုတ္ၿပီး ႐ိုင္ယန္ ဆက္ဆီၫြန္ကို ဦးစားေပးသြားဖို႔ ရွိေနခ်ိန္မွာ ဘာစီလိုနာရဲ႕ ဗဟိုခံစစ္မႉး ကေလမြန္ လြန္ဂေလကို တစ္ႏွစ္အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနတာကေတာ့ သံသယျဖစ္စရာလို႔ သုံးသပ္ရမွာပါ။

ဘာစီလိုနာလို အသင္းႀကီးမ်ိဳးနဲ႔ စပိန္လာလီဂါမွာေတာင္ အမွားမ်ားလြန္းလို႔ ဆီဗီလာက ေရာက္လာၿပီး မၾကာခင္မွာပဲ နည္းျပအဆက္ဆက္ရဲ႕ တျဖည္းျဖည္း ယုံၾကည္မႈ ေလ်ာ့က်လာသလို ျပင္သစ္လက္ေ႐ြးစင္အသင္းကေန ေနရာေပ်ာက္ခဲ့ၿပီး နည္းျပသစ္ ဇာဗီရဲ႕ “လစ္ေတာ့၊ ဆြဲမထားဘူး”လို႔ အေျပာခံခဲ့ရတဲ့ လြန္ဂေလဟာ ပရီးမီးယားလိဂ္လို ခက္ခဲၾကမ္းတမ္းတဲ့ ၿပိဳင္ပြဲမ်ိဳးမွာ အံဝင္ႏိုင္မလားဆိုတာကေတာ့ ေမးခြန္းသတ္တာျဖစ္ေနပါတယ္။

ကြန္တီရဲ႕ Left-footed Center Back လိုခ်င္ေနခ်ိန္မွာ ထိပ္တန္းပစ္မွတ္ေတြအတြက္ ေငြမသုံးႏိုင္တာေၾကာင့္ ပါရာတီခ်ီအေနနဲ႔ သူလုပ္ေနက် အီတလီကေန ဆြဲစားရမယ့္အစား လြန္ဂေလကို ေခၚယူမယ္ဆိုတာကေတာ့ ၿပိဳင္ဘက္အသင္းေတြရဲ႕ တိုက္စစ္မႉးေတြနဲ႔ နည္းျပေတြအႀကိဳက္ ျဖစ္လာႏိုင္ၿပီး တိုက္စစ္နဲ႔ ကြင္းလယ္မွာ အားရစရာလုပ္ေဆာင္ထားႏိုင္သမွ် ဒီတစ္ကြက္နဲ႔ အထိနာသြားႏိုင္တာကိုေတာ့ သတိထားရမွာပါ။

စပါးစ္တို႔အေနနဲ႔ ဟာရီကိန္း၊ ဆြန္ေဟာင္မင္၊ ကူလူရွက္ဗ္စကီးတို႔နဲ႔အတူ ရစ္ခ်ာလစ္ဆန္ပါ ထပ္ေရာက္လာဦးမယ့္ တိုက္စစ္ပိုင္းအတြက္ေတာ့ ဘယ္အသင္းနဲ႔မဆို ယွဥ္ႏိုင္ၿပီး ကမာၻ႔အဆင့္ျဖစ္ေနခဲ့ခ်ိန္မွာ နယ္သာလန္ ေတာင္ပံကစားသမား စတီဗင္ ဘာ့ဂ္ဗိုင္းကိုေတာ့ အေရာင္းစာရင္းတင္ထားခဲ့ၿပီး ဆီဗီလာဆီကေန ဂ်င္းမိခဲ့တဲ့ ဘ႐ိုင္ယန္ ေဟးလ္ကိုလည္း ဆက္ၿပီး အငွားခ်သြားရဖို႔ပဲ မ်ားေနခဲ့ပါတယ္။

လီဗာပူးလ္၊ မန္စီးတီးတို႔နဲ႔ ယွဥ္ႏိုင္တဲ့ အေကာင္းဆုံး တိုက္စစ္ပိုင္းကို ပိုင္ဆိုင္ထားတဲ့ စပါးစ္တို႔ရဲ႕ ရာသီသစ္ကေတာ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြမွာ ရင္ခုန္စရာျဖစ္ေနခ်ိန္မွာ ကြန္တီတို႔အဖြဲ႕အေနနဲ႔ အသက္တစ္ႏွစ္ ပိုႀကီးလာဦးမယ့္ ဂိုးသမား ဟူဂို လိုရစ္နဲ႔ လြန္ဂေလကို နီးစပ္ေနၿပီး သိပ္အားရစရာမရွိေသးတဲ့ ခံစစ္ကို ဗ်ဴဟာေျမာက္ ကစားႏိုင္မွာလားဆိုတာေတာ့ ေအာင္ျမင္မႈေတြအတြက္ စာေမးပြဲျဖစ္လာႏိုင္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.