Analysis Article Premier League

ချဲလ်ဆီးတို့ ၃-၄-၃ စွန့်လွှတ်သွားမလားနဲ့ ရာဖင်ညာ ယူဆောင်လာနိုင်တဲ့ အသွင်သစ်များ

ချဲလ်ဆီးအသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတဲ့ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖယ်လ် ဒီယက်စ် ဘယ်လိုလီ (ရာဖင်ညာ)ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ သဘောတူညီနိုင်ခဲ့အပြီးမှာ သူတို့ရဲ့ ရိုးစင်းလွန်းတဲ့ နေရာချထားပုံနဲ့ ကစားကွက်ကတော့ ရာသီသစ်မှာ ထူးခြားလာမလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ပြောင်းရွှေ့ကြေးကို အရစ်ကျနဲ့ သုံးလေးနှစ်လောက် ခွဲပေးမယ့် သဘောရှိနေချိန်မှာ ပိုင်ရှင်သစ် တော့ဒ် ဘိုလီရဲ့ ငွေကြေးသုံးစွဲမှု အာမခံချက်နဲ့ ချဲလ်ဆီးတို့ကတော့ လိဒ်စ်တို့ အလိုရှိတဲ့အတိုင်း ငွေကြေးပမာဏ အများစုကို ပေးချေပြီး ခံစားခွင့်တချို့နဲ့ သဘောတူညီနိုင်ခဲ့ချိန်မှာ လက်ရှိတိုက်စစ်ကစားသမားတချို့ထက် ပိုကောင်းတဲ့ ရာဖင်ညာက ပရိသတ်တွေကို စိတ်လှုပ်ရှားစေတော့မှာပါ။

တစ်ခုရှိတာကတော့ ချဲလ်ဆီးတို့အနေနဲ့ စိတ်ကြီးပြီး တက်ကြွတဲ့ ပိုင်ရှင်သူဌေးတွေ မကြိုက်တဲ့ ခံစစ်ကစားကွက်မျိုးဖြစ်တဲ့ ၃-၄-၃ ပုံစံကို စွန့်လွှတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့လည်း ပြီးခဲ့တဲ့ ရာသီတွေမှာ ၄-၃-၃ ကစားကွက်ကို စမ်းသပ် ကစားခဲ့ဖူးတာဖြစ်လို့ ဘယ်လိုမျိုး အထိုင် ချလာနိုင်သလဲဆိုတာက အတွေးပွားစရာဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ၃-၄-၃ အတိုင်း ဆက်သွားမယ်ဆိုရင်တော့ ရာဖင်ညာအနေနဲ့ ညာခြမ်းက Inside Forward နေရာကို ရယူသွားမှာဖြစ်ပြီး လက်ရှိအနေအထားအတိုင်း တိုက်စစ်မှူးသစ် မခေါ်ယူနိုင်သေးရင်တော့ ခိုင် ဟာဗတ်ဇ်ကပဲ အထောင်မှာ ပွဲထွက်လာနိုင်သလို ညာခြမ်းတစ်နေရာကိုတော့ မေဆန်မောင့်က ခရစ္စတီယန် ပူလီရှစ်ချ်နဲ့ တီမို ဗာနာတို့ရှေ့က ရယူနိုင်ဖွယ် ရှိနေပါတယ်။

ဒါပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ငွေသုံးကြမ်းလာနိုင်တဲ့ အနေအထားအရ မန်ချက်စတာစီးတီးရဲ့ ရာဟင်းမ် စတာလင်ကို ဘယ်ခြမ်းမှာ မြင်ရဖို့ နီးစပ်နေပြီး ဒီလိုဆိုရင်တော့ မေဆန်မောင့် နေရာပျောက်သွားနိုင်သလို ပွဲထွက်ခွင့်လုပွဲတွေကလည်း ပိုပြီး ပြင်းထန်လာနိုင်ဖွယ်ရှိချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုနဲ့ဆိုရင် တစ်ဆင့်နိမ့်နေတဲ့ ဟာကင် ဇီးယက်ရှ်ကတော့ လွင့်ပါးသွားဖို့ များနေတာပါ။

ခံစစ်မှာလည်း ဂျူဗင်တပ်စ်ရဲ့ မက်သိုက်စ် ဒီလစ်ချ်၊ မန်စီးတီးရဲ့ နာသန် အာကေနဲ့ ဆီဗီလာရဲ့ ဂျူးလ် ကွန်ဒီတို့ကို လိုက်နေချိန်မှာ သူတို့တွေ ဘယ်လို အထိုင်ချမှာလဲကတော့ စိတ်ဝင်စားစရာကောင်းနေပြီး ကွင်းလယ်မှာတော့ မပြောင်းမလဲဘဲ အန်ဂိုလို ကွန်တေ၊ မက်တီယို ကိုဗာချစ်နဲ့ ဂျော်ဂျင်ညိုတို့ကို အလှည့်ကျ နှစ်ဦးနေရာပေးဖွယ်ရှိနေပါတယ်။

ဘယ်ပုံစံကို ကစားကစား ခံစစ်တောင်ပံတွေမှာတော့ ဒဏ်ရာတွေကနေ သက်သာလာတဲ့ ဘန် ချေးလ်ဝဲလ်နဲ့ ရီးစ် ဂျိမ်းစ်တို့ကတော့ ဘယ်ညာနေရာတွေကို အပိုင်စီးထားဖို့ ရှိနေပြီး ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲအရပ်ရပ်ရဲ့ ခရီးရှည်မှာ ပွဲပန်းမှုနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကို ခံနိုင်ရည်ရှိနိုင်ဖို့အတွက်တော့ အရန်အင်အားတောင့်တင်းဖို့ လိုအပ်နေဆဲလို့ သုံးသပ်ရမှာပါ။

၄-၃-၃ ပုံစံကို ပြောင်းကစားလာခဲ့ရင်တော့ ချဲလ်ဆီးတို့ ကွင်းလယ်မှာ အထိုင်ကစားသမားနှစ်ဦးရှေ့က မေဆန်မောင့် နေရာပြန်ရနိုင်သလို သူ့ရဲ့ နေရာကို ခိုင် ဟာဗတ်ဇ်လည်း ဝင်လာနိုင်ပြီး တိုက်စစ်မှာတော့ False 9 ပုံစံကို ရွေးချယ်မလား၊ တီမို ဗာနာ ဒါမှမဟုတ် အသစ်ခေါ်ယူလာနိုင်တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့လို ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို မြင်ရနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရာသီသစ်မှာ ဟိုလိုလို ဒီလိုလိုနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မနီးရိုးစွဲဖြစ်နေခဲ့တဲ့ ချဲလ်ဆီးရဲ့ လှုပ်ရှားမှုတွေကတော့ ရာဖင်ညာကို ခေါ်ယူဖို့ လုပ်ဆောင်နိုင်ခဲ့မှုအပြီးမှာ ပြန်လည်အသက်ဝင်လာခဲ့ပြီး စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေသလို ပြီးခဲ့တဲ့ ရာသီမှာ ပြိုင်ပွဲစုံမှာ ဟုတ်တော့မလိုလို အနေအထားကနေ မျောက်သစ်ကိုင်းလွတ်ဖြစ်ခဲ့ရတဲ့ ခြေချော်မှုကို ပြန်လည်အဖတ်ဆည်နိုင်မလား ရင်ခုန်စရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ ညႇိႏႈိင္းေဆြးေႏြးေနတဲ့ လိဒ္စ္ယူႏိုက္တက္ေတာင္ပံကစားသမား ရာဖယ္လ္ ဒီယက္စ္ ဘယ္လိုလီ (ရာဖင္ညာ)ကို ေခၚယူဖို႔ ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ သေဘာတူညီႏိုင္ခဲ့အၿပီးမွာ သူတို႔ရဲ႕ ႐ိုးစင္းလြန္းတဲ့ ေနရာခ်ထားပုံနဲ႔ ကစားကြက္ကေတာ့ ရာသီသစ္မွာ ထူးျခားလာမလားဆိုတာ စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကးကို အရစ္က်နဲ႔ သုံးေလးႏွစ္ေလာက္ ခြဲေပးမယ့္ သေဘာရွိေနခ်ိန္မွာ ပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီရဲ႕ ေငြေၾကးသုံးစြဲမႈ အာမခံခ်က္နဲ႔ ခ်ဲလ္ဆီးတို႔ကေတာ့ လိဒ္စ္တို႔ အလိုရွိတဲ့အတိုင္း ေငြေၾကးပမာဏ အမ်ားစုကို ေပးေခ်ၿပီး ခံစားခြင့္တခ်ိဳ႕နဲ႔ သေဘာတူညီႏိုင္ခဲ့ခ်ိန္မွာ လက္ရွိတိုက္စစ္ကစားသမားတခ်ိဳ႕ထက္ ပိုေကာင္းတဲ့ ရာဖင္ညာက ပရိသတ္ေတြကို စိတ္လႈပ္ရွားေစေတာ့မွာပါ။

တစ္ခုရွိတာကေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ စိတ္ႀကီးၿပီး တက္ႂကြတဲ့ ပိုင္ရွင္သူေဌးေတြ မႀကိဳက္တဲ့ ခံစစ္ကစားကြက္မ်ိဳးျဖစ္တဲ့ ၃-၄-၃ ပုံစံကို စြန႔္လႊတ္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔လည္း ၿပီးခဲ့တဲ့ ရာသီေတြမွာ ၄-၃-၃ ကစားကြက္ကို စမ္းသပ္ ကစားခဲ့ဖူးတာျဖစ္လို႔ ဘယ္လိုမ်ိဳး အထိုင္ ခ်လာႏိုင္သလဲဆိုတာက အေတြးပြားစရာျဖစ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ၃-၄-၃ အတိုင္း ဆက္သြားမယ္ဆိုရင္ေတာ့ ရာဖင္ညာအေနနဲ႔ ညာျခမ္းက Inside Forward ေနရာကို ရယူသြားမွာျဖစ္ၿပီး လက္ရွိအေနအထားအတိုင္း တိုက္စစ္မႉးသစ္ မေခၚယူႏိုင္ေသးရင္ေတာ့ ခိုင္ ဟာဗတ္ဇ္ကပဲ အေထာင္မွာ ပြဲထြက္လာႏိုင္သလို ညာျခမ္းတစ္ေနရာကိုေတာ့ ေမဆန္ေမာင့္က ခရစၥတီယန္ ပူလီရွစ္ခ်္နဲ႔ တီမို ဗာနာတို႔ေရွ႕က ရယူႏိုင္ဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ ေငြသုံးၾကမ္းလာႏိုင္တဲ့ အေနအထားအရ မန္ခ်က္စတာစီးတီးရဲ႕ ရာဟင္းမ္ စတာလင္ကို ဘယ္ျခမ္းမွာ ျမင္ရဖို႔ နီးစပ္ေနၿပီး ဒီလိုဆိုရင္ေတာ့ ေမဆန္ေမာင့္ ေနရာေပ်ာက္သြားႏိုင္သလို ပြဲထြက္ခြင့္လုပြဲေတြကလည္း ပိုၿပီး ျပင္းထန္လာႏိုင္ဖြယ္ရွိခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈနဲ႔ဆိုရင္ တစ္ဆင့္နိမ့္ေနတဲ့ ဟာကင္ ဇီးယက္ရွ္ကေတာ့ လြင့္ပါးသြားဖို႔ မ်ားေနတာပါ။

ခံစစ္မွာလည္း ဂ်ဴဗင္တပ္စ္ရဲ႕ မက္သိုက္စ္ ဒီလစ္ခ်္၊ မန္စီးတီးရဲ႕ နာသန္ အာေကနဲ႔ ဆီဗီလာရဲ႕ ဂ်ဴးလ္ ကြန္ဒီတို႔ကို လိုက္ေနခ်ိန္မွာ သူတို႔ေတြ ဘယ္လို အထိုင္ခ်မွာလဲကေတာ့ စိတ္ဝင္စားစရာေကာင္းေနၿပီး ကြင္းလယ္မွာေတာ့ မေျပာင္းမလဲဘဲ အန္ဂိုလို ကြန္ေတ၊ မက္တီယို ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကို အလွည့္က် ႏွစ္ဦးေနရာေပးဖြယ္ရွိေနပါတယ္။

ဘယ္ပုံစံကို ကစားကစား ခံစစ္ေတာင္ပံေတြမွာေတာ့ ဒဏ္ရာေတြကေန သက္သာလာတဲ့ ဘန္ ေခ်းလ္ဝဲလ္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ကေတာ့ ဘယ္ညာေနရာေတြကို အပိုင္စီးထားဖို႔ ရွိေနၿပီး ခက္ခဲၾကမ္းတမ္းတဲ့ ၿပိဳင္ပြဲအရပ္ရပ္ရဲ႕ ခရီးရွည္မွာ ပြဲပန္းမႈနဲ႔ ႀကံ့ခိုင္မႈ ျပႆနာေတြကို ခံႏိုင္ရည္ရွိႏိုင္ဖို႔အတြက္ေတာ့ အရန္အင္အားေတာင့္တင္းဖို႔ လိုအပ္ေနဆဲလို႔ သုံးသပ္ရမွာပါ။

၄-၃-၃ ပုံစံကို ေျပာင္းကစားလာခဲ့ရင္ေတာ့ ခ်ဲလ္ဆီးတို႔ ကြင္းလယ္မွာ အထိုင္ကစားသမားႏွစ္ဦးေရွ႕က ေမဆန္ေမာင့္ ေနရာျပန္ရႏိုင္သလို သူ႔ရဲ႕ ေနရာကို ခိုင္ ဟာဗတ္ဇ္လည္း ဝင္လာႏိုင္ၿပီး တိုက္စစ္မွာေတာ့ False 9 ပုံစံကို ေ႐ြးခ်ယ္မလား၊ တီမို ဗာနာ ဒါမွမဟုတ္ အသစ္ေခၚယူလာႏိုင္တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတို႔လို ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကို ျမင္ရႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ရာသီသစ္မွာ ဟိုလိုလို ဒီလိုလိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မနီး႐ိုးစြဲျဖစ္ေနခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ လႈပ္ရွားမႈေတြကေတာ့ ရာဖင္ညာကို ေခၚယူဖို႔ လုပ္ေဆာင္ႏိုင္ခဲ့မႈအၿပီးမွာ ျပန္လည္အသက္ဝင္လာခဲ့ၿပီး စိတ္ဝင္စားစရာအေကာင္းဆုံးျဖစ္ေနသလို ၿပီးခဲ့တဲ့ ရာသီမွာ ၿပိဳင္ပြဲစုံမွာ ဟုတ္ေတာ့မလိုလို အေနအထားကေန ေမ်ာက္သစ္ကိုင္းလြတ္ျဖစ္ခဲ့ရတဲ့ ေျခေခ်ာ္မႈကို ျပန္လည္အဖတ္ဆည္ႏိုင္မလား ရင္ခုန္စရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.