La Liga Premier League Transfer News

ရာဖင်ညာကို မရနိုင်တော့လို့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဘက် မြှားဦးလှည့်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းက လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ကို လက်လျှော့ပြီး ရီးရဲလ်မက်ဒရစ် တောင်ပံကြယ်ပွင့် မာကို အဆန်စီယိုကို နောက်ထပ်ရွေးချယ်စရာအဖြစ် သတ်မှတ်ပြီး ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။ ရာဖင်ညာဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပေမယ့်လည်း ထိပ်တန်းခြေစွမ်း ပြသခဲ့တာကြောင့် ဥရောပတလွှားက အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၅ သန်း သတ်မှတ်ခြင်း ခံထားရပြီး ပရီးမီးယားလိဂ်မှာ အလားအလာ အရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။

ဖက်ဘရီဇီယို ရိုမာနိုရဲ့ မကြာသေးမီက ပြောကြားချက်အရ ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်နဲ့ ရာဖင်ညာရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းအတွက်တော့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အခြားရွေးချယ်စရာကို ရှာဖွေဖို့ လိုအပ်လာခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လူစာရင်းကို သွေးသစ်လောင်းချင်နေတဲ့ နည်းပြအာတီတာရဲ့ ဆန္ဒ ပြည့်ဝအောင် လုပ်ဆောင်ပေးဖို့အတွက် ကစားသမားအနည်းငယ် ပိုမိုခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပြီး အဆန်စီယိုကို အမ်းမရိတ်စ် ပြောင်းရွှေ့လာအောင် လုပ်နိုင်ခဲ့ရင် ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာမှာသေချာပါတယ်။ ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် တိုးတက်လာခဲ့ပြီး လာလီဂါ၊ ဥရောပချန်ပီယံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးအသင်းကနေ ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ၎င်းတို့ရဲ့ ရည်မှန်းချက် ပြည့်မြောက်စေဖို့ ကြီးမားတဲ့ခြေလှမ်းတွေ ဆက်လှမ်းနေတာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့ခဲ့မှုကြောင့် ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာဖြစ်ပြီး နှစ်အတော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ခွင့်ကို မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းကြောင့် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ရာဖင်ညာဟာ ချဲလ်ဆီးနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တာကြောင့် အာတီတာဟာ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား အဆန်စီယိုကို ဖြစ်နိုင်ဖွယ် ရွေးချယ်စရာအဖြစ် ရှုမြင်နေဖွယ်ရှိပြီး စပိန်တောင်ပံကစားသမားဟာ အန်ဆယ်လော့တီရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်နေရာ ရရှိခြင်းမရှိတဲ့အတွက် ယခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားခွင့် ရရှိနိုင်မယ့် အခွင့်အရေးကို တိုးမြှင့်နိုင်ဖို့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

အဆန်စီယိုရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၃၄ သန်းဝန်းကျင် ရှိပြီး အာဆင်နယ်အသင်းအတွက်တော့ ရာဖင်ညာနဲ့ယှဉ်ရင် ပိုမိုနည်းပါးတဲ့ဈေးနှုန်းနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ အေစီမီလန်အသင်းတို့ကလည်း ရီးရဲလ်မက်ဒရစ်က အဆန်စီယိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး လာမယ့်ရက်သတ္တပတ်တွေမှာ အာဆင်နယ်ရဲ့ ပစ်မှတ်ကို လုယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ယခုေႏြရာသီမွာ လိဒ္စ္ယူႏိုက္တက္ေတာင္ပံကစားသမား ရာဖင္ညာကို ေခၚယူဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းက လက္ဦးမႈ ရယူၿပီး ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ဟာ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ကို လက္ေလွ်ာ့ၿပီး ရီးရဲလ္မက္ဒရစ္ ေတာင္ပံၾကယ္ပြင့္ မာကို အဆန္စီယိုကို ေနာက္ထပ္ေ႐ြးခ်ယ္စရာအျဖစ္ သတ္မွတ္ၿပီး ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ စပိန္က သတင္းေတြအရ သိရပါတယ္။ ရာဖင္ညာဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔အတူ ခက္ခဲၾကမ္းတမ္းတဲ့ ရာသီတစ္ခုကို ျဖတ္သန္းခဲ့ေပမယ့္လည္း ထိပ္တန္းေျခစြမ္း ျပသခဲ့တာေၾကာင့္ ဥေရာပတလႊားက အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၆၅ သန္း သတ္မွတ္ျခင္း ခံထားရၿပီး ပရီးမီးယားလိဂ္မွာ အလားအလာ အရွိဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံထားရတာျဖစ္ပါတယ္။

ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ မၾကာေသးမီက ေျပာၾကားခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ လိဒ္စ္ယူႏိုက္တက္နဲ႔ ရာဖင္ညာရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ အျခားေ႐ြးခ်ယ္စရာကို ရွာေဖြဖို႔ လိုအပ္လာခဲ့ၿပီဆိုတဲ့ အဓိပၸာယ္ပဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လူစာရင္းကို ေသြးသစ္ေလာင္းခ်င္ေနတဲ့ နည္းျပအာတီတာရဲ႕ ဆႏၵ ျပည့္ဝေအာင္ လုပ္ေဆာင္ေပးဖို႔အတြက္ ကစားသမားအနည္းငယ္ ပိုမိုေခၚယူဖို႔ လိုအပ္ေနတာျဖစ္ၿပီး အဆန္စီယိုကို အမ္းမရိတ္စ္ ေျပာင္းေ႐ႊ႕လာေအာင္ လုပ္ႏိုင္ခဲ့ရင္ ေကာင္းမြန္တဲ့ေခၚယူမႈျဖစ္လာမွာေသခ်ာပါတယ္။ ရီးရဲလ္မက္ဒရစ္ေတာင္ပံၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ကမာၻ႔အဆင့္ကစားသမားအျဖစ္ တိုးတက္လာခဲ့ၿပီး လာလီဂါ၊ ဥေရာပခ်န္ပီယံေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ခ်က္စတာစီးတီးအသင္းကေန ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူႏိုင္ခဲ့ၿပီးျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ ၎တို႔ရဲ႕ ရည္မွန္းခ်က္ ျပည့္ေျမာက္ေစဖို႔ ႀကီးမားတဲ့ေျခလွမ္းေတြ ဆက္လွမ္းေနတာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္ပိုင္းမွာ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္စြမ္း ကင္းမဲ့ခဲ့မႈေၾကာင့္ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္မယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ၿပီး ႏွစ္အေတာ္ၾကာ ေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္လည္ပါဝင္ယွဥ္ၿပိဳင္ခြင့္ကို ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းေၾကာင့္ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ရာဖင္ညာဟာ ခ်ဲလ္ဆီးနဲ႔ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ အာတီတာဟာ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား အဆန္စီယိုကို ျဖစ္ႏိုင္ဖြယ္ ေ႐ြးခ်ယ္စရာအျဖစ္ ရႈျမင္ေနဖြယ္ရွိၿပီး စပိန္ေတာင္ပံကစားသမားဟာ အန္ဆယ္ေလာ့တီရဲ႕ ပြဲထြက္လူစာရင္းမွာ ပုံမွန္ေနရာ ရရွိျခင္းမရွိတဲ့အတြက္ ယခုႏွစ္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းနဲ႔အတူ ပါဝင္ကစားခြင့္ ရရွိႏိုင္မယ့္ အခြင့္အေရးကို တိုးျမႇင့္ႏိုင္ဖို႔ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖြယ္ရွိေနပါတယ္။

အဆန္စီယိုရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၃၄ သန္းဝန္းက်င္ ရွိၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ ရာဖင္ညာနဲ႔ယွဥ္ရင္ ပိုမိုနည္းပါးတဲ့ေဈးႏႈန္းနဲ႔ ေခၚယူႏိုင္မယ့္ကစားသမားျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ ေအစီမီလန္အသင္းတို႔ကလည္း ရီးရဲလ္မက္ဒရစ္က အဆန္စီယိုရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး လာမယ့္ရက္သတၱပတ္ေတြမွာ အာဆင္နယ္ရဲ႕ ပစ္မွတ္ကို လုယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.