Ligue1 Premier League Transfer News

နေမာကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကို အချက်ပေးလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း နေမာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ထိပ်တန်းအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး အဲဒီအသင်းတွေထဲမှာ ချဲလ်ဆီးအသင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဓိက ကစားသမားအများအပြားကို ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပြီး နည်းပြ သောမတ်စ် တူဟယ်ဟာ လူစာရင်းကို သွေးသစ်ပြန်လောင်းဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ပုံမှန် ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်ပိုင်းက စိတ်ဝင်စားစရာကောင်းနေပြီး အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးရှင် လူကာကူးဟာ မျှော်မှန်းထားတဲ့အတိုင်း ခြေစွမ်းမပြသနိုင်ခဲ့တာက ပိုလို့တောင် အာရုံစိုက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် အနည်းဆုံး ပေါင်သန်း ၂၀၀ အထိ သုံးစွဲခွင့်ပြုသွားမယ်လို့ ယုံကြည်ရပြီး တူဟယ်အတွက် စိတ်ကြိုက်ကစားသမားကို ခေါ်ယူခွင့် ရှိနေတာဖြစ်ပါတယ်။

အနောက်လန်ဒန်ကို ကစားသမားအများအပြား ပြောင်းရွှေ့လာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ရာဟင်း စတားလင်း၊ ရာဖင်ညာအစ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နေမာတို့အဆုံး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတာဖြစ်ပါတယ်။

နေမာကို ချဲလ်ဆီးအသင်းအနေနဲ့ ယခုနွေရာသီမှာ ခေါ်ယူနိုင်မယ့်ပုံပေါ်ပြီး ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့ စတင်ကြိုးပမ်းနေပြီဖြစ်တာကြောင့် ဘရာဇီးလ် တိုက်စစ်မှူးကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

နေမာဟာ သောမတ်စ် တူဟယ် ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်တုန်းက အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးသူဖြစ်တာကြောင့် ဂျာမန်လူမျိုးနည်းပြဟာ ဘရာဇီးလ်တိုက်စစ်မှူး ဘာလုပ်နိုင်လဲဆိုတာကို ကောင်းကောင်း သိနေမှာဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ချဲလ်ဆီးအသင်းဆီက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်တာမျိုး မတွေ့ရသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလအတြင္း ေနမာရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ ထိပ္တန္းအသင္းေတြနဲ႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ၿပီး အဲဒီအသင္းေတြထဲမွာ ခ်ဲလ္ဆီးအသင္းလည္း ပါဝင္ေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အဓိက ကစားသမားအမ်ားအျပားကို ထြက္ခြာခြင့္ေပးခဲ့တာျဖစ္ၿပီး နည္းျပ ေသာမတ္စ္ တူဟယ္ဟာ လူစာရင္းကို ေသြးသစ္ျပန္ေလာင္းဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီမွာ ပုံမွန္ ဂိုးသြင္းယူႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ တိုက္စစ္ပိုင္းက စိတ္ဝင္စားစရာေကာင္းေနၿပီး အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ လူကာကူးဟာ ေမွ်ာ္မွန္းထားတဲ့အတိုင္း ေျခစြမ္းမျပသႏိုင္ခဲ့တာက ပိုလို႔ေတာင္ အာ႐ုံစိုက္စရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားသစ္ ေခၚယူမႈအတြက္ အနည္းဆုံး ေပါင္သန္း ၂၀၀ အထိ သုံးစြဲခြင့္ျပဳသြားမယ္လို႔ ယုံၾကည္ရၿပီး တူဟယ္အတြက္ စိတ္ႀကိဳက္ကစားသမားကို ေခၚယူခြင့္ ရွိေနတာျဖစ္ပါတယ္။

အေနာက္လန္ဒန္ကို ကစားသမားအမ်ားအျပား ေျပာင္းေ႐ႊ႕လာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး ရာဟင္း စတားလင္း၊ ရာဖင္ညာအစ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေနမာတို႔အဆုံး ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေနတာျဖစ္ပါတယ္။

ေနမာကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယခုေႏြရာသီမွာ ေခၚယူႏိုင္မယ့္ပုံေပၚၿပီး ပီအက္စ္ဂ်ီအသင္းဟာ ၎တို႔ရဲ႕ လူစာရင္းကို ျပန္လည္တည္ေဆာက္ဖို႔ စတင္ႀကိဳးပမ္းေနၿပီျဖစ္တာေၾကာင့္ ဘရာဇီးလ္ တိုက္စစ္မႉးကို ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

ေနမာဟာ ေသာမတ္စ္ တူဟယ္ ပီအက္စ္ဂ်ီအသင္းကို နည္းျပခဲ့စဥ္တုန္းက အလုပ္အတူတူ တြဲလုပ္ခဲ့ဖူးသူျဖစ္တာေၾကာင့္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ဘရာဇီးလ္တိုက္စစ္မႉး ဘာလုပ္ႏိုင္လဲဆိုတာကို ေကာင္းေကာင္း သိေနမွာျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ ခ်ဲလ္ဆီးအသင္းဆီက တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္တာမ်ိဳး မေတြ႕ရေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.