Premier League

ပထမဆုံးလေ့ကျင့်ရေးမှာပဲ ဖာဂူဆန်လက်ထက် သံမဏိစည်းမျဉ်းကို ပြန်အသက်သွင်းခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ လေ့ကျင့်ရေး မနက် ၉ နာရီအတိမှာ စတင်တဲ့ စည်းကမ်းကို ချက်ချင်း ပြန်အသက်သွင်းခဲ့ပါတယ်။

တနင်္လာနေ့မှာ တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြသစ်အဖြစ် ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပထမအသင်းကစားသမားအများအပြားဟာ ရာသီကြိုလေ့ကျင့်ရေးအတွက် အသင်းကို ပြန်လည်ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ AON လေ့ကျင့်ရေးစခန်းကို မနက် ၈ နာရီဝန်းကျင်မှာ ရောက်ရှိလာခဲ့ပြီး လက်ထောက်နည်းပြ စတိဗ် မက္ကလာရင်ကလည်း သိပ်မကြာခင်မှာ ရောက်ရှိလာခဲ့ပါတယ်။

Manchester Evening News ရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ သံမဏိစည်းကမ်းတွေထဲက တစ်ခုကို အသက်ပြန်သွင်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ လေ့ကျင့်ရေး ပထမဆုံးနေ့မှာ ကစားသမား ပထမအသုတ်ဟာ မနက် ၉ နာရီခွဲမှာ ရောက်ရှိလာခဲ့ပြီး ဒုတိယအသုတ်ဟာ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်မှာ လေ့ကျင့်ရေးဆင်းဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကစားသမားအများစုဟာ သောကြာနေ့မျာ မဖြစ်မနေ လုပ်ဆောင်ဖို့လိုတဲ့ ဆေးစစ်မှုတွေကို ပြုလုပ်ခဲ့ပြီးဖြစ်ပြီး တနင်္လာနေ့မှာ အပြေးလေ့ကျင့်ခန်းနဲ့ ဘောလုံးနဲ့ လေ့ကျင့်မှုတွေ မပြုလုပ်မီ ကိုယ်ကာယလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယမြောက်နေ့မှာ တန်ဟက်ဂ်က ကစားသမားတွေအားလုံးကို မနက် ၉ နာရီတိတိမှာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို အရောက်လာဖို့ ညွှန်ကြားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ တောက်ပတဲ့ ၂၆ နှစ်တာ နည်းပြဘဝကို ပိုင်ဆိုင်ခဲ့တဲ့ ဖာဂူဆန်ရဲ့ လေ့ကျင့်ရေးစတင်ချိန်အတိုင်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားလက်ထက်မှာ ကစားသမားတွေဟာ ၁၀ နာရီဝန်းကျင်လောက်မှ လေ့ကျင့်ရေးကွင်းကို လာဖို့ ခွင့်ပြုချက်ရခဲ့ပြီး နော်ဝေလူမျိုးနည်းပြရဲ့ ကိုင်တွယ်ပုံဟာ ပျော့ပျောင်းလွန်းတယ်လို့ ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ဂန္တဝင်နည်းပြကြီးဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန်ကို လေးစားသောအားဖြင့် ကားပါကင်က နည်းပြအတွက် သတ်မှတ်ထားတဲ့ နေရာမှာ ကားပါကင် မထိုးဘဲ တခြားတစ်နေရာမှာသာ ကားရပ်နားခဲ့တယ်လို့ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အဲရစ် တန်ဟက်ဂ်ဟာ အဝတ်လဲခန်းအတွင်း ဂိုဏ်းဂဏကွဲပြားနေမှုကို ပြန်လည်တိုးတက်လာစေဖို့အတွက် လေ့ကျင့်ရေးအပြီးမှာ ကစားသမားတွေကို အတူတူစုပြီး စားသောက်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

နောက်ထပ် အဓိကကျတဲ့ အပြောင်းအလဲအဖြစ် အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ် တန်ဟက်ဂ်ဟာ လေ့ကျင့်ရေးကွင်းက မြက်ခင်းတွေကို ၎င်းရဲ့ တွေးခေါ်ယူဆချက်အတိုင်း ကစားသမားတွေ အရှိန်မြှင့်တင်ရာမှာ အကူအညီဖြစ်စေဖို့ ၁၅ မီလီမီတာအတိအကျ ရိတ်ထားဖို့ ဝန်ထမ်းတွေကို ညွှန်ကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးတဲ့နောက်မှာ သြစတြေးလျနိုင်ငံကို သွားရောက်ပြီး မဲလ်ဘုန်း ဗစ်တိုရီ၊ ခရစ္စတယ် ပဲလေ့စ်၊ အက်စတန် ဗီလာတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ် ၂ ပွဲအဖြစ် စပိန်အသင်းတွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်၊ ဗယ်လက်ကာနိုတို့ကို ဇူလိုင်လ ၃၁ ရက်နေ့ အိုးထရက်ဖို့ဒ်မှာ လက်ခံ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ ဆာ အဲလက္စ္ ဖာဂူဆန္ရဲ႕ ေလ့က်င့္ေရး မနက္ ၉ နာရီအတိမွာ စတင္တဲ့ စည္းကမ္းကို ခ်က္ခ်င္း ျပန္အသက္သြင္းခဲ့ပါတယ္။

တနလၤာေန႔မွာ တန္ဟက္ဂ္ဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္အျဖစ္ ပထမဆုံး ေလ့က်င့္ေရးအစီအစဥ္ကို တာဝန္ယူကိုင္တြယ္ခဲ့ၿပီး ပထမအသင္းကစားသမားအမ်ားအျပားဟာ ရာသီႀကိဳေလ့က်င့္ေရးအတြက္ အသင္းကို ျပန္လည္ေရာက္ရွိေနၾကၿပီျဖစ္ပါတယ္။ ဒတ္ခ်္လူမ်ိဳးနည္းျပဟာ AON ေလ့က်င့္ေရးစခန္းကို မနက္ ၈ နာရီဝန္းက်င္မွာ ေရာက္ရွိလာခဲ့ၿပီး လက္ေထာက္နည္းျပ စတိဗ္ မကၠလာရင္ကလည္း သိပ္မၾကာခင္မွာ ေရာက္ရွိလာခဲ့ပါတယ္။

Manchester Evening News ရဲ႕ ေဖာ္ျပခ်က္အရ တန္ဟက္ဂ္ဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ နည္းျပႀကီး ဆာ အဲလက္စ္ ဖာဂူဆန္ရဲ႕ သံမဏိစည္းကမ္းေတြထဲက တစ္ခုကို အသက္ျပန္သြင္းခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ေလ့က်င့္ေရး ပထမဆုံးေန႔မွာ ကစားသမား ပထမအသုတ္ဟာ မနက္ ၉ နာရီခြဲမွာ ေရာက္ရွိလာခဲ့ၿပီး ဒုတိယအသုတ္ဟာ ေန႔လယ္ ၁၁ နာရီ ၃၀ မိနစ္မွာ ေလ့က်င့္ေရးဆင္းဖို႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ကစားသမားအမ်ားစုဟာ ေသာၾကာေန႔မ်ာ မျဖစ္မေန လုပ္ေဆာင္ဖို႔လိုတဲ့ ေဆးစစ္မႈေတြကို ျပဳလုပ္ခဲ့ၿပီးျဖစ္ၿပီး တနလၤာေန႔မွာ အေျပးေလ့က်င့္ခန္းနဲ႔ ေဘာလုံးနဲ႔ ေလ့က်င့္မႈေတြ မျပဳလုပ္မီ ကိုယ္ကာယေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယေျမာက္ေန႔မွာ တန္ဟက္ဂ္က ကစားသမားေတြအားလုံးကို မနက္ ၉ နာရီတိတိမွာ ကာရင္တန္ေလ့က်င့္ေရးကြင္းကို အေရာက္လာဖို႔ ၫႊန္ၾကားခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ေတာက္ပတဲ့ ၂၆ ႏွစ္တာ နည္းျပဘဝကို ပိုင္ဆိုင္ခဲ့တဲ့ ဖာဂူဆန္ရဲ႕ ေလ့က်င့္ေရးစတင္ခ်ိန္အတိုင္း သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

နည္းျပ အိုေလ ဂန္နာ ဆိုးလ္ရွားလက္ထက္မွာ ကစားသမားေတြဟာ ၁၀ နာရီဝန္းက်င္ေလာက္မွ ေလ့က်င့္ေရးကြင္းကို လာဖို႔ ခြင့္ျပဳခ်က္ရခဲ့ၿပီး ေနာ္ေဝလူမ်ိဳးနည္းျပရဲ႕ ကိုင္တြယ္ပုံဟာ ေပ်ာ့ေပ်ာင္းလြန္းတယ္လို႔ ေဝဖန္ခံခဲ့ရတာျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ ဂႏၲဝင္နည္းျပႀကီးျဖစ္တဲ့ ဆာ အဲလက္စ္ ဖာဂူဆန္ကို ေလးစားေသာအားျဖင့္ ကားပါကင္က နည္းျပအတြက္ သတ္မွတ္ထားတဲ့ ေနရာမွာ ကားပါကင္ မထိုးဘဲ တျခားတစ္ေနရာမွာသာ ကားရပ္နားခဲ့တယ္လို႔ အေစာပိုင္းမွာ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အဲရစ္ တန္ဟက္ဂ္ဟာ အဝတ္လဲခန္းအတြင္း ဂိုဏ္းဂဏကြဲျပားေနမႈကို ျပန္လည္တိုးတက္လာေစဖို႔အတြက္ ေလ့က်င့္ေရးအၿပီးမွာ ကစားသမားေတြကို အတူတူစုၿပီး စားေသာက္ၾကဖို႔ အမိန႔္ထုတ္ထားပါတယ္။

ေနာက္ထပ္ အဓိကက်တဲ့ အေျပာင္းအလဲအျဖစ္ အသက္ ၅၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဲရစ္ တန္ဟက္ဂ္ဟာ ေလ့က်င့္ေရးကြင္းက ျမက္ခင္းေတြကို ၎ရဲ႕ ေတြးေခၚယူဆခ်က္အတိုင္း ကစားသမားေတြ အရွိန္ျမႇင့္တင္ရာမွာ အကူအညီျဖစ္ေစဖို႔ ၁၅ မီလီမီတာအတိအက် ရိတ္ထားဖို႔ ဝန္ထမ္းေတြကို ၫႊန္ၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရာသီႀကိဳခရီးစဥ္အျဖစ္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ လီဗာပူးလ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ ၾသစေၾတးလ်ႏိုင္ငံကို သြားေရာက္ၿပီး မဲလ္ဘုန္း ဗစ္တိုရီ၊ ခရစၥတယ္ ပဲေလ့စ္၊ အက္စတန္ ဗီလာတို႔နဲ႔ ကစားသြားရမွာျဖစ္ပါတယ္။ ရာသီႀကိဳေနာက္ဆုံးေျခစမ္းပြဲစဥ္ ၂ ပြဲအျဖစ္ စပိန္အသင္းေတြျဖစ္တဲ့ အက္သလက္တီကို မက္ဒရစ္၊ ဗယ္လက္ကာႏိုတို႔ကို ဇူလိုင္လ ၃၁ ရက္ေန႔ အိုးထရက္ဖို႔ဒ္မွာ လက္ခံ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.