Premier League Transfer News

အာဆင်နယ်ရဲ့ထိပ်တန်းပစ်မှတ်ကို လုယူသွားတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ညာကို ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှုရရှိဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေပြီဖြစ်ပြီး လန်ဒန်ပြိုင်ဘက် အာဆင်နယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအချက်တွေကို သဘောတူညီမှု ရရှိအောင် လုပ်ဆောင်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် စတားလင်းကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ချဲလ်ဆီးအသင်းဟာ ပေါင် ၁၀၅ သန်းတန် ရာဖင်ညာ၊ စတားလင်းတို့တိုက်စစ်အတွဲသစ်ကို လာမယ့်ရာသီမတိုင်ခင် ရရှိဖို့ ရည်မှန်းနေပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စတားလင်း၊ မန်ချက်စတာစီးတီးအသင်းတို့နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သောမတ်စ် တူဟယ်ရဲ့ လူစာရင်းကို အင်အားတိုးမြှင့်ဖို့ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦး လိုချင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲတော့မယ့် အူ့စ်မန် ဒမ်ဘီလီကို စိတ်ဝင်စားမှုတွေ ရှိခဲ့ပြီး အဲဗာတန် ကြယ်ပွင့်တိုက်စစ်မှူး ရစ်ချာလီဆန်ကလည်း တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွှေ့ဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာဖင်ညာဟာ စတားလင်းနဲ့အတူ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ တိုက်စစ်ကစားသမားအဖြစ် ပေါ်ထွက်လာခဲ့ပြီး တူဟယ်ဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ကိုယ်တိုင် တွန်အားပေးလုပ်ဆောင်နေတာကြောင့် သဘောတူညီမှုရရှိဖို့က အလွန်ကို နီးစပ်နေပြီလို့ သတင်းရင်းမြစ်တွေက ယုံကြည်နေပါတယ်။

အာဆင်နယ်ရဲ့ ရာဖင်ညာအတွက် ပြီးခဲ့တဲ့အပတ်က ပထမဆုံးကမ်းလှမ်းမှုဟာ ငြင်းပယ်ခံခဲ့ရပြီး ချဲလ်ဆီးအသင်းက လက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားကို မြောက်လန်ဒန်ကလပ်အသင်းထက် လက်ဦးမှု ရယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စတားလင်းရဲ့ အပြောင်းအရွှေ့ဟာ အနည်းဆုံး ပေါင်သန်း ၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်သလို ရာဖင်ညာအတွက်လည်း ပေါင် ၅၅ သန်းပေးချေရမှာဖြစ်တာကြောင့် ပေါင် ၁၀၅ သန်းတန် အပြောင်းအရွှေ့ ၂ ခုဟာ အင်တာမီလန်ကို ပြောင်းရွှေ့သွားတဲ့ လူကာကူးရဲ့ နေရာမှာ အကျိုးသက်ရောက်မှုရှိတဲ့ အစားထိုးမှုဖြစ်လာနိုင်ပါတယ်။

ရာဖင်ညာဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အရေးက လက်မတင်လေး လွတ်မြောက်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ ရာဖင္ညာကို ေပါင္ ၅၅ သန္းနဲ႔ သေဘာတူညီမႈရရွိဖို႔ အနီးစပ္ဆုံးအေျခအေနမွာရွိေနၿပီျဖစ္ၿပီး လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးအခ်က္ေတြကို သေဘာတူညီမႈ ရရွိေအာင္ လုပ္ေဆာင္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ စတားလင္းကိုလည္း ေခၚယူဖို႔ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ေပါင္ ၁၀၅ သန္းတန္ ရာဖင္ညာ၊ စတားလင္းတို႔တိုက္စစ္အတြဲသစ္ကို လာမယ့္ရာသီမတိုင္ခင္ ရရွိဖို႔ ရည္မွန္းေနၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စတားလင္း၊ မန္ခ်က္စတာစီးတီးအသင္းတို႔နဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ေသာမတ္စ္ တူဟယ္ရဲ႕ လူစာရင္းကို အင္အားတိုးျမႇင့္ဖို႔ ေနာက္ထပ္ တိုက္စစ္ကစားသမားတစ္ဦး လိုခ်င္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာအသင္းနဲ႔ လမ္းခြဲေတာ့မယ့္ အူ႔စ္မန္ ဒမ္ဘီလီကို စိတ္ဝင္စားမႈေတြ ရွိခဲ့ၿပီး အဲဗာတန္ ၾကယ္ပြင့္တိုက္စစ္မႉး ရစ္ခ်ာလီဆန္ကလည္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာဖင္ညာဟာ စတားလင္းနဲ႔အတူ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတဲ့ တိုက္စစ္ကစားသမားအျဖစ္ ေပၚထြက္လာခဲ့ၿပီး တူဟယ္ဟာ ကစားသမားကို ေခၚယူႏိုင္ဖို႔ ကိုယ္တိုင္ တြန္အားေပးလုပ္ေဆာင္ေနတာေၾကာင့္ သေဘာတူညီမႈရရွိဖို႔က အလြန္ကို နီးစပ္ေနၿပီလို႔ သတင္းရင္းျမစ္ေတြက ယုံၾကည္ေနပါတယ္။

အာဆင္နယ္ရဲ႕ ရာဖင္ညာအတြက္ ၿပီးခဲ့တဲ့အပတ္က ပထမဆုံးကမ္းလွမ္းမႈဟာ ျငင္းပယ္ခံခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းက လက္ရွိမွာေတာ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို ေျမာက္လန္ဒန္ကလပ္အသင္းထက္ လက္ဦးမႈ ရယူသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

စတားလင္းရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အနည္းဆုံး ေပါင္သန္း ၅၀ ဝန္းက်င္ ကုန္က်မွာျဖစ္သလို ရာဖင္ညာအတြက္လည္း ေပါင္ ၅၅ သန္းေပးေခ်ရမွာျဖစ္တာေၾကာင့္ ေပါင္ ၁၀၅ သန္းတန္ အေျပာင္းအေ႐ႊ႕ ၂ ခုဟာ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕သြားတဲ့ လူကာကူးရဲ႕ ေနရာမွာ အက်ိဳးသက္ေရာက္မႈရွိတဲ့ အစားထိုးမႈျဖစ္လာႏိုင္ပါတယ္။

ရာဖင္ညာဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ကေန တန္းဆင္းရမယ့္ အေရးက လက္မတင္ေလး လြတ္ေျမာက္ခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္အသင္းအတြက္ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.