Bundesliga Premier League Transfer News

ဟန်ဒါဆန်ကို ဂန္တဝင်ကြီးလို့ ချီးကျူးခဲ့ပြီး မီးစိမ်းပြခဲ့တဲ့ လီဗာပူးလ်ပစ်မှတ်

ဒေ့ါမွန်တောင်ပံကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ ဂျော်ဒန် ဟန်ဒါဆန်ကို အင်စတာဂရမ်ကနေ သတင်းစကား ပေးပို့ခဲ့ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ကို ဘယ်လောက်အထိ လေးစားအားကျနေလဲဆိုတာကို ပြသခဲ့ပါတယ်။

ဂျော်ဒန် ဟန်ဒါဆန်က Nike က ရိုက်ကူးထားတဲ့ ၎င်းရဲ့ မှတ်တမ်းရုပ်ရှင် ‘Never done’ ကို မထုတ်လွှင့်မီ အပိုင်းတိုလေးတစ်ခုကို ၎င်းရဲ့ အင်စတာဂရမ်အကောင့်ကနေ ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လူငယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ လီဗာပူးလ်အသင်းခေါင်းဆောင်ရဲ့ပို့စ်အောက်မှာ ဂန္တဝင်ကြီးဆိုတဲ့စာသားကို အသည်းပုံရုပ်ပုံလေးနဲ့အတူ မှတ်ချက်မှာ ရေးသားခဲ့ပြီး လီဗာပူးလ်ဂန္တဝင်ကွင်းလယ်ကစားသမားကို ဘယ်လောက်အထိ လေးစားချစ်ခင်လဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဂျုဒ် ဘယ်လင်ဟမ်ဟာ ဒေါ့မွန်အသင်းခေါင်းဆောင် မတ်စ် ဟမ်းမဲလ်စ်အပါအဝင် အသင်းဖော်များစွာရဲ့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သူလို့ ချီးကျူးခြင်းခံခဲ့ရသူဖြစ်ပြီး ဟန်ဒါဆန်ရဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကို လေးစားအားကျနေတာ ရှင်းလင်းခဲ့ပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင်ကို ချစ်မြတ်နိုးမှု ပြသခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့်ဟာ လာမယ့်နှစ်မှာ ၃၃ နှစ်ပြည့်တော့မယ့် ဟန်ဒါဆန်ရဲ့ နေရာအတွက် အစားထိုးခေါ်ယူဖို့ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။

ဘာမင်ဟမ်ကြယ်ပွင့်ဟောင်းဟာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာဖို့ တစ်ကြိုပေးခြင်းခံခဲ့ရသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကစားသမားကို ပေါင် ၈၇ သန်း သတ်မှတ်ထားတာကို ကြည့်လိုက်ရင် ၎င်းရဲ့အရည်အသွေးကို မှန်းဆနိုင်မှာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ လီဗာပူးလ်အသင်းနဲ့ ယာဂန် ကလော့ပ် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အန်းဖီးကို ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပေမယ့် သတင်းတွေရဲ့ ဖော်ပြချက်အရ ဘယ်လင်ဟမ်ဟာ ယခုအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်ရဲ့ အစီအစဉ်ထဲ မပါဝင်သေးဘဲ လာမယ့်နှစ်နွေရာသီမှသာ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရါတယ်။

လီဗာပူးလ်အသင်းဟာ ဘင်ဖီကာ ကြယ်ပွင့်တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ပေါင် ၈၅ သန်းနဲ့ မကြာသေးမီကမှ ခေါ်ယူထားခဲ့တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ နောက်ထပ်ကြီးမားတဲ့ ပြောင်းရွှေ့ကြေး သုံးစွဲသွားဖွယ်မရှိတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဒေါ့မွန်တောင်ပံကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ ဂျော်ဒန် ဟန်ဒါဆန်ကို အင်စတာဂရမ်ကနေ သတင်းစကား ပေးပို့ခဲ့ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ကို ဘယ်လောက်အထိ လေးစားအားကျနေလဲဆိုတာကို ပြသခဲ့ပါတယ်။








REF: INTERNET SOURCES
SPORTS A2Z.