Bundesliga La Liga Ligue1 Premier League Serie A

တန်း ၄ ခုသတ်မှတ်ထားပြီး အငြင်းပွားစရာဖြစ်နေတဲ့ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်တိုက်စစ်စာရင်း

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားတွေဟာ အငြင်းပွားဖွယ်စာရင်းထဲမှာ အဆင့်သတ်မှတ်ခံခဲ့ရပြီး ပထမဆုံးတန်းမှာ ကစားသမား ၆ ဦးပါဝင်ခဲ့ပါတယ်။

ပြင်သစ်ရုပ်သံရှိုး After Foot RMC က ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားစာရင်းကို ပြုစုခဲ့ပြီး စုစုပေါင်း တန်း ၄ ခုနဲ့ ကစားသမား ၂၄ ဦးအထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ ဘိုင်ယန်မြူးနစ်ဂန္တဝင် သောမတ်စ် မူလာအပြင် ယခုလကုန်မှာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာမယ့် ဒီ မာရီယာတို့ မပါဝင်ခဲ့ဘဲ ပထမတန်းမှာ မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဖီးလ် ဖိုဒန်တို့အားလုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းကို ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်မြောက် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖီးလ် ဖိုဒန်ဟာ PFA ရဲ့ တစ်ရာသီတာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ဘာနာဒို ဆေးလ်ဗားကလည်း ပြီးခဲ့တဲ့နှစ် နွေရာသီမှာ စပိန်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ပထမတန်းမှာ နောက်ထပ်ကစားသမားတွေအဖြစ် ဘာစီလိုနာဆယ်ကျော်သက်ကြယ်ပွင့် ပီဒရီ၊ လိုက်ပ်ဇစ်ကြယ်ပွင့် အန်ကွန်ကူ၊ ရီးရဲလ်မက်ဒရစ် ဝါရင့်ကွင်းလယ်ကြယ်ပွင့် မိုဒရစ်တို့ ပါဝင်ခဲ့ကြပါတယ်။

စတုတ္ထတန်း

မာတင် အော်ဒီဂွါဒ်(အာဆင်နယ်၊ နော်ဝေ)

လူးကပ်စ် ပါကယ်တာ(လီယွန်၊ ဘရာဇီးလ်)

လူးဝစ္စ အယ်လ်ဘာတို(လာဇီယို၊ စပိန်)

ရူစလန် မာလင်နော့ဗ်စကီး(အတ္တလန္တာ၊ ယူကရိန်း)

ပေါ်လို ဒီဘားလား(ဂျူဗင်တပ်၊ အာဂျင်တီးနား)

ဒါနီ အိုလ်မို(လိုက်ပ်ဇစ်၊ စပိန်)

တတိယတန်း

ဟာကန် ကယ်လ်ဟာနိုလူ(အင်တာမီလန်၊ တူရကီ)

မေဆန် မောင့်(ချဲလ်ဆီး၊ အင်္ဂလန်)

ဟာကင်း ဇီယက်ရှ်(ချဲလ်ဆီး၊ မော်ရိုကို)

ဘရူနို ဖာနန်ဒက်စ်(မန်ချက်စတာယူနိုက်တက်၊ ပေါ်တူဂီ)

ဂျမဲလ် မူစီယားလား(ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)

မီလင်ကိုဗစ်-ဆားဗစ်(လာဇီယို၊ ဆားဘီးယား)

ဒုတိယတန်း

ဖလိုရီယန် ဗာ့ဇ်(လေဗာကူဆင်၊ ဂျာမနီ)

လော်ရန်းဇိုး ပယ်လီဂရီနီ(ရိုးမား၊ အီတလီ)

နီကိုလို ဘာရယ်လာ(အင်တာမီလန်၊ အီတလီ)

ဂါဗီ(ဘာစီလိုနာ၊ စပိန်)

လီယွန် ဂိုဟက်စ်ကာ(ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)

ရိုင်ယန် ဂရေဗင်ဘာ့ချ်(အိုင်းယက်စ်၊ နယ်သာလန်)

ပထမတန်း

လူကာ မိုဒရစ်(ရီးရဲလ်မက်ဒရစ်၊ ခရိုအေးရှား)

ကီဗင် ဒီဘရိုင်းနား(မန်ချက်စတာစီးတီး၊ ဘယ်လ်ဂျီယမ်)

ပီဒရီ(ဘာစီလိုနာ၊ စပိန်)

ဘာနာဒို ဆေးလ်ဗား(မန်ချက်စတာစီးတီး၊ ပေါ်တူဂီ)

ခရစ္စတိုဖာ အန်ကွန်ကူ(လိုက်ပ်ဇစ်၊ ပြင်သစ်)

ဖီးလ် ဖိုဒန်(မန်ချက်စတာစီးတီး၊ အင်္ဂလန်)

အကြီးမားဆုံး အံ့အားသင့်စရာကတော့ ဘရူနို ဖာနန်ဒက်စ်ဟာ တတိယတန်းမှာသာ အဆင့်သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ကောင်းဖြစ်နိုင်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ဆိုးရွားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိတော့ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားတွေဟာ အငြင်းပွားဖွယ်စာရင်းထဲမှာ အဆင့်သတ်မှတ်ခံခဲ့ရပြီး ပထမဆုံးတန်းမှာ ကစားသမား ၆ ဦးပါဝင်ခဲ့ပါတယ်။




စတုတ္ထတန်း







တတိယတန်း







ဒုတိယတန်း




ဂါဗီ(ဘာစီလိုနာ၊ စပိန်)


ရိုင်ယန် ဂရေဗင်ဘာ့ခ်ျ(အိုင်းယက်စ်၊ နယ်သာလန်)

ပထမတန်း



ပီဒရီ(ဘာစီလိုနာ၊ စပိန်)





REF: INTERNET SOURCES
SPORTS A2Z.