La Liga Premier League Transfer News

ဒီ ယုံးရဲ့အပြောင်းအရွှေ့မှာ ဘယ်သူမှမထင်ထားတဲ့ကစားသမားကို အလိုက်တောင်းခဲ့တဲ့ ဘာဆာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖရန်ကီ ဒီ ယုံးရဲ့ အပြောင်းအရွှေ့မှာ ဟာရီ မက်ဂွိုင်းယားကိုပါ အလိုက်အဖြစ် ထည့်သွင်းဖို့ ကြိုးစားလာတဲ့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဒီ ယုံးအတွက် ဆွေးနွေးညှိနှိုင်းနေခဲ့ကြတာဖြစ်ပြီး အဲရစ် တန်ဟက်ဂ်က ဒတ်ချ်ကွင်းလယ်ကစားသမားကို ယခုနွေရာသီ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဟာရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားကို ဒီ ယုံးရဲ့ အပြောင်းအရွှေ့မှာ အလိုက်အဖြစ် ထည့်သွင်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဖရန်ကီ ဒီ ယုံးကို ပေါင် ၆၉ သန်းနဲ့ ငွေသားသီးသန့် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ဘာစီလိုနာရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ် ဘိုင်လီ၊ ဖီးလ် ဂျုံးစ်၊ တွမ်ဇီဘီနဲ့ ဝမ်-ဘစ်ဆာကာတို့အပါအဝင် နောက်ခံကစားသမားအများအပြားကို ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာနိုင်တယ်လို့ ခွင့်ပြုချက်ပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြသစ် အဲရစ် တန်ဟက်ဂ်က ဟာရီ မက်ဂွိုင်းယားနဲ့ အလုပ်တွဲလုပ်ချင်နေတာကြောင့် လက်စတာစီးတီးကြယ်ပွင့်ဟောင်းနဲ့ လမ်းခွဲလိုတဲ့ ဆန္ဒမရှိနေတာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ဟာရီ မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်မှာ လက်စတာစီးတီးကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ၆ လကြာကစားပြီးနောက် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၂၁-၂၀၂၂ ရာသီအတွင်း ခြေစွမ်း သိသိသာသာ ကျဆင်းနေခဲ့ပြီး ၎င်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟာ တန်ဟက်ဂ်ရဲ့ အစီအစဉ်ထဲမှာ ဆက်လက်ရှိနေမှာဖြစ်ပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြလက်အောက်မှာ အသင်းခေါင်းဆောင်အဖြစ် ဆက်လက် ကစားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယခုလမှာ ဖော်ပြခဲ့တဲ့သတင်းတွေအရ တန်ဟက်ဂ်ဟာ အသင်းခေါင်းဆောင်ရာထူးအတွက် အသင်းသားတွေကို မဲပေးရွေးချယ်ခွင့် ပေးသွားမှာဖြစ်တယ်လို့ သိရပြီး ဒေးဗစ် ဒဟေးယားက ပထမအသင်းစာရင်းထဲမှာ အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဖရန္ကီ ဒီ ယုံးရဲ႕ အေျပာင္းအေ႐ႊ႕မွာ ဟာရီ မက္ဂြိဳင္းယားကိုပါ အလိုက္အျဖစ္ ထည့္သြင္းဖို႔ ႀကိဳးစားလာတဲ့ ဘာစီလိုနာရဲ႕ ႀကိဳးပမ္းမႈကို ပိတ္ပင္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ဒီ ယုံးအတြက္ ေဆြးေႏြးညႇိႏႈိင္းေနခဲ့ၾကတာျဖစ္ၿပီး အဲရစ္ တန္ဟက္ဂ္က ဒတ္ခ်္ကြင္းလယ္ကစားသမားကို ယခုေႏြရာသီ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ The Sun ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ဟာရီ မက္ဂြိဳင္းယားကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားကို ဒီ ယုံးရဲ႕ အေျပာင္းအေ႐ႊ႕မွာ အလိုက္အျဖစ္ ထည့္သြင္းဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္ရွိမွာ ဖရန္ကီ ဒီ ယုံးကို ေပါင္ ၆၉ သန္းနဲ႔ ေငြသားသီးသန႔္ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ဘာစီလိုနာရဲ႕ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဲရစ္ ဘိုင္လီ၊ ဖီးလ္ ဂ်ဳံးစ္၊ တြမ္ဇီဘီနဲ႔ ဝမ္-ဘစ္ဆာကာတို႔အပါအဝင္ ေနာက္ခံကစားသမားအမ်ားအျပားကို ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာႏိုင္တယ္လို႔ ခြင့္ျပဳခ်က္ေပးထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္က ဟာရီ မက္ဂြိဳင္းယားနဲ႔ အလုပ္တြဲလုပ္ခ်င္ေနတာေၾကာင့္ လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းနဲ႔ လမ္းခြဲလိုတဲ့ ဆႏၵမရွိေနတာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ ဟာရီ မက္ဂြိဳင္းယားဟာ ၂၀၁၉ ခုႏွစ္မွာ လက္စတာစီးတီးကေန မန္ခ်က္စတာယူႏိုက္တက္ကို ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး အသင္းမွာ ၆ လၾကာကစားၿပီးေနာက္ အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ၂၀၂၁-၂၀၂၂ ရာသီအတြင္း ေျခစြမ္း သိသိသာသာ က်ဆင္းေနခဲ့ၿပီး ၎ရဲ႕ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ဟာ တန္ဟက္ဂ္ရဲ႕ အစီအစဥ္ထဲမွာ ဆက္လက္ရွိေနမွာျဖစ္ေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပလက္ေအာက္မွာ အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ ကစားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ယခုလမွာ ေဖာ္ျပခဲ့တဲ့သတင္းေတြအရ တန္ဟက္ဂ္ဟာ အသင္းေခါင္းေဆာင္ရာထူးအတြက္ အသင္းသားေတြကို မဲေပးေ႐ြးခ်ယ္ခြင့္ ေပးသြားမွာျဖစ္တယ္လို႔ သိရၿပီး ေဒးဗစ္ ဒေဟးယားက ပထမအသင္းစာရင္းထဲမွာ အသင္းေခါင္းေဆာင္သစ္ျဖစ္လာဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.