Premier League

ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ကို စက်ရုံအလုပ်သမားတွေကို အားနာဦးလို့ တုံ့ပြန်လိုက်တဲ့ ယူအီးအက်ဖ်အေဥက္ကဌ

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင်က လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ကို ပွဲချိန်ဇယားနဲ့ပတ်သက်ပြီး စောဒကတက်နေတာတွေကို ရပ်တန်ဖို့နဲ့ တစ်လကို ယူရို ၁၂၀၀ လောက်ပဲရတဲ့ စက်ရုံလုပ်သားတွေ ညည်းတွားဖို့ ချန်ထားဦးလို့ တုံ့ပြန်ခဲ့ပါတယ်။

ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ဟာ နေးရှင်းလိဂ်နဲ့ ဖီဖာပြိုင်ပွဲ ၂ ခုစလုံးမှာ ၎င်းတို့အသင်းရဲ့ ကစားသမားတွေ မကြာခဏ ပါဝင်ကစားနေရတာနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့ကြတာဖြစ်ပြီး အလက်ဆန်းဒါး ဆီဖီရင်က ခပ်ပြင်းပြင်းပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဆီဖီရင်က အင်္ဂလိပ်ကလပ်အသင်းတွေဟာ ပရီးမီးယားလိဂ်ကို ၁၈ သင်းအထိ လျှော့ချဖို့နဲ့ ကာရာဘောင်းဖလားကို ဖျက်သိမ်းဖို့ ငြင်းဆိုခဲ့ပြီး မကြာမီ တိုးချဲ့တော့မယ့် ချန်ပီယံလိဂ်နဲ့ပတ်သက်ပြီး စောဒကတက်နေကြတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

“ဖီဖာနဲ့ ယူအီးအက်ဖ်အေကို တိုက်ခိုက်ဖို့က အမြဲတမ်း လွယ်ကူပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့အရာက ရိုးရှင်းပါတယ်။ ခင်ဗျား နည်းနည်းပဲ ကစားရင် ပိုက်ဆံလည်း နည်းနည်းပဲ ရမယ်။ စောဒကတက်သင့်တဲ့သူတွေက တစ်လကို ယူရို ၁၀၀၀ လောက်ပဲ ရနေတဲ့ စက်ရုံလုပ်သားတွေပါ”

“အားလုံးက ဖလားပွဲတွေ ပိုကစားချင်ပေမယ့် ဘယ်သူကမှ ဘယ်ဟာကိုမှ လက်မလွှတ်ချင်ကြဘူး။ ကလပ်အသင်းတွေက ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ၁၀ ပွဲ ကစားချင်ခဲ့ကြတယ်။ သူတို့တွေ ၈ ပွဲပဲ ကစားရပါလိမ့်မယ်။ အဲဒါက သင့်တော်တဲ့ကိန်းဂဏန်းပဲ”

“ပြည်တွင်းလိဂ်တွေမှာ ၁၈ သင်းပဲ ရှိသင့်ပေမယ့် ဥက္ကဌတွေက သဘောမတူဘူး။ ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုရှိတာတောင် များလှပြီဆိုတာ သူတို့တွေ နားလည်သင့်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်က မလိုအပ်ဘဲ ငွေရှာရုံသက်သက်ကျင်းပနေတဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေကြောင့် ကစားသမားတွေဟာ တစ်ရာသီကို ပွဲ ၇၀ ကျော်ကစားနေရတဲ့အပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာကလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပွဲကြပ်ကာလမတိုင်ခင်မှာ တစ်နှစ်အတွင်း ကစားသမားတွေဟာ လက်ရွေးစင်အသင်းအတွက် ကစားပေးရသလို ပွဲစဉ်အလွန်များပြားတဲ့ ဖလားပြိုင်ပွဲတွေမှာလည်း ကစားပေးနေရပြီး နွေရာသီမှာတောင် အားလပ်ချိန်က ၂ ပတ် သို့မဟုတ် ၃ ပတ်လောက်ပဲ ရှိတဲ့အပေါ်မှာ စောဒက တက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယူအီးအက္ဖ္ေအဥကၠဌ ဆီဖီရင္က လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာတို႔ကို ပြဲခ်ိန္ဇယားနဲ႔ပတ္သက္ၿပီး ေစာဒကတက္ေနတာေတြကို ရပ္တန္ဖို႔နဲ႔ တစ္လကို ယူ႐ို ၁၂၀၀ ေလာက္ပဲရတဲ့ စက္႐ုံလုပ္သားေတြ ညည္းတြားဖို႔ ခ်န္ထားဦးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

ကေလာ့ပ္နဲ႔ ဂြါဒီယိုလာတို႔ဟာ ေနးရွင္းလိဂ္နဲ႔ ဖီဖာၿပိဳင္ပြဲ ၂ ခုစလုံးမွာ ၎တို႔အသင္းရဲ႕ ကစားသမားေတြ မၾကာခဏ ပါဝင္ကစားေနရတာနဲ႔ပတ္သက္ၿပီး ေစာဒကတက္ခဲ့ၾကတာျဖစ္ၿပီး အလက္ဆန္းဒါး ဆီဖီရင္က ခပ္ျပင္းျပင္းပဲ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဆီဖီရင္က အဂၤလိပ္ကလပ္အသင္းေတြဟာ ပရီးမီးယားလိဂ္ကို ၁၈ သင္းအထိ ေလွ်ာ့ခ်ဖို႔နဲ႔ ကာရာေဘာင္းဖလားကို ဖ်က္သိမ္းဖို႔ ျငင္းဆိုခဲ့ၿပီး မၾကာမီ တိုးခ်ဲ႕ေတာ့မယ့္ ခ်န္ပီယံလိဂ္နဲ႔ပတ္သက္ၿပီး ေစာဒကတက္ေနၾကတာျဖစ္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

“ဖီဖာနဲ႔ ယူအီးအက္ဖ္ေအကို တိုက္ခိုက္ဖို႔က အၿမဲတမ္း လြယ္ကူပါတယ္။ ဒါေပမယ့္ ျဖစ္ေနတဲ့အရာက ႐ိုးရွင္းပါတယ္။ ခင္ဗ်ား နည္းနည္းပဲ ကစားရင္ ပိုက္ဆံလည္း နည္းနည္းပဲ ရမယ္။ ေစာဒကတက္သင့္တဲ့သူေတြက တစ္လကို ယူ႐ို ၁၀၀၀ ေလာက္ပဲ ရေနတဲ့ စက္႐ုံလုပ္သားေတြပါ”

“အားလုံးက ဖလားပြဲေတြ ပိုကစားခ်င္ေပမယ့္ ဘယ္သူကမွ ဘယ္ဟာကိုမွ လက္မလႊတ္ခ်င္ၾကဘူး။ ကလပ္အသင္းေတြက ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို ၁၀ ပြဲ ကစားခ်င္ခဲ့ၾကတယ္။ သူတို႔ေတြ ၈ ပြဲပဲ ကစားရပါလိမ့္မယ္။ အဲဒါက သင့္ေတာ္တဲ့ကိန္းဂဏန္းပဲ”

“ျပည္တြင္းလိဂ္ေတြမွာ ၁၈ သင္းပဲ ရွိသင့္ေပမယ့္ ဥကၠဌေတြက သေဘာမတူဘူး။ ျပည္တြင္းဖလားၿပိဳင္ပြဲ ၂ ခုရွိတာေတာင္ မ်ားလွၿပီဆိုတာ သူတို႔ေတြ နားလည္သင့္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္နည္းျပ ကေလာ့ပ္က မလိုအပ္ဘဲ ေငြရွာ႐ုံသက္သက္က်င္းပေနတဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြေၾကာင့္ ကစားသမားေတြဟာ တစ္ရာသီကို ပြဲ ၇၀ ေက်ာ္ကစားေနရတဲ့အေပၚမွာ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာကလည္း ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ပြဲၾကပ္ကာလမတိုင္ခင္မွာ တစ္ႏွစ္အတြင္း ကစားသမားေတြဟာ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးရသလို ပြဲစဥ္အလြန္မ်ားျပားတဲ့ ဖလားၿပိဳင္ပြဲေတြမွာလည္း ကစားေပးေနရၿပီး ေႏြရာသီမွာေတာင္ အားလပ္ခ်ိန္က ၂ ပတ္ သို႔မဟုတ္ ၃ ပတ္ေလာက္ပဲ ရွိတဲ့အေပၚမွာ ေစာဒက တက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.