Premier League

အာဂျင်တီးနားကြယ်ပွင့်အတွက် ဒုတိယအကြိမ်ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်

လီဆန်ဒရို မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းက ၎င်းကို ခေါ်ယူနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေတာကြောင့် ပရီးမီးယားလိဂ်မှာ ကစားရမယ့် အလားအလာနဲ့ ဆွဲဆောင်ခြင်းခံနေရပါတယ်။

အာဆင်နယ်အသင်းဟာ အိုင်းယက်စ်အသင်းကို နောက်ခံကစားသမားအတွက် ပေါင်သန်း ၃၀ နဲ့ ကနဦး ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရပေမယ့်လည်း ပေါင် ၃၄ သန်းနဲ့ ထပ်ဆောင်းပေးချေမှုအပါ ပေါင် ၃၈ သန်းအထိ မြင့်တက်သွားနိုင်တဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းဟာ အာဂျင်တီးနားနောက်ခံကစားသမားအတွက် ပေါင် ၄၃ သန်း ဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အိုင်းယက်စ်အသင်းနဲ့အတူ ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အမ်စတာဒမ်မှာ အသင်းဖော်တွေနဲ့ ပရိသတ်တွေကြား အလွန် လူသိများ ကျော်ကြားသူ ဖြစ်နေတာဖြစ်ပါတယ်။ အိုင်းယက်စ် ဗဟိုနောက်ခံလူဟာ ၎င်းအပေါ် စိတ်ဝင်စားမှုကို နှစ်သက်ပေမယ့်လည်း အသင်းနဲ့ ပရိသတ်တွေကို မလေးမစားလုပ်ရာကျမှာစိုးတာကြောင့် လူသတိမထားမိအောင် နေရတာကို ကျေနပ်နေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်မှာ ကစားရမယ့် အခွင့်အရေးကို လိုချင်နေမှာဖြစ်ပြီး အသင်းကသာ ပြောင်းရွှေ့ကြေးကို သဘောတူညီခဲ့မယ်ဆိုရင် အခွင့်အရေးကို အရယူသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လီဆန်ဒရို မာတီနက်ဇ်ကို စိတ်ဝင်စားနေပေမယ့်လည်း တွမ်ဇီဘီ၊ ဘိုင်လီ၊ ဖီးလ် ဂျုံးစ်တို့ကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာကြယ်ပွင့် ဖရန်ကီ ဒီ ယုံးနဲ့ ခရစ်ရှန် အဲရစ်ဆင်တို့ကို ခေါ်ယူဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မာတီနက်ဇ်ကို ၎င်းတို့ရဲ့ အဓိက ခံစစ်အင်အားဖြည့်တင်းမှုအဖြစ် လိုချင်နေတာဖြစ်ပြီး မန်ချက်စတာစီးတီးကနေ ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ယခုအပတ်မှာ လိဒ်စ်တောင်ပံကြယ်ပွင့် ရာဖင်ညာအတွက် ဆက်လက် ပြောဆိုဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။

Sportsmail ရဲ့သတင်းအရ အာဆင်နယ်အသင်းဟာ ယခုအပတ်မှာ ရာဖင်ညာအတွက် ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ သဘောတူညီမှု အပြီးသတ်ရရှိဖို့အတွက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ နယူးကာဆယ်လ်၊ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း အာဆင်နယ်အသင်းက ၎င်းရဲ့ နောက်ထပ်ပြောင်းရွှေ့ချင်နေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တယ်လို့ နားလည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဆန္ဒ႐ို မာတီနက္ဇ္ဟာ အာဆင္နယ္အသင္းက ၎ကို ေခၚယူႏိုင္ဖို႔ တြန္းအားေပးလုပ္ေဆာင္ေနတာေၾကာင့္ ပရီးမီးယားလိဂ္မွာ ကစားရမယ့္ အလားအလာနဲ႔ ဆြဲေဆာင္ျခင္းခံေနရပါတယ္။

အာဆင္နယ္အသင္းဟာ အိုင္းယက္စ္အသင္းကို ေနာက္ခံကစားသမားအတြက္ ေပါင္သန္း ၃၀ နဲ႔ ကနဦး ကမ္းလွမ္းမႈ ျငင္းပယ္ခံခဲ့ရေပမယ့္လည္း ေပါင္ ၃၄ သန္းနဲ႔ ထပ္ေဆာင္းေပးေခ်မႈအပါ ေပါင္ ၃၈ သန္းအထိ ျမင့္တက္သြားႏိုင္တဲ့ ဒုတိယေျမာက္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္အသင္းဟာ အာဂ်င္တီးနားေနာက္ခံကစားသမားအတြက္ ေပါင္ ၄၃ သန္း ဝန္းက်င္ သတ္မွတ္ထားတယ္လို႔ သိရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း လီဆန္ဒ႐ို မာတီနက္ဇ္ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ အိုင္းယက္စ္အသင္းနဲ႔အတူ ေပ်ာ္႐ႊင္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အမ္စတာဒမ္မွာ အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြၾကား အလြန္ လူသိမ်ား ေက်ာ္ၾကားသူ ျဖစ္ေနတာျဖစ္ပါတယ္။ အိုင္းယက္စ္ ဗဟိုေနာက္ခံလူဟာ ၎အေပၚ စိတ္ဝင္စားမႈကို ႏွစ္သက္ေပမယ့္လည္း အသင္းနဲ႔ ပရိသတ္ေတြကို မေလးမစားလုပ္ရာက်မွာစိုးတာေၾကာင့္ လူသတိမထားမိေအာင္ ေနရတာကို ေက်နပ္ေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္မွာ ကစားရမယ့္ အခြင့္အေရးကို လိုခ်င္ေနမွာျဖစ္ၿပီး အသင္းကသာ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီခဲ့မယ္ဆိုရင္ အခြင့္အေရးကို အရယူသြားဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လီဆန္ဒ႐ို မာတီနက္ဇ္ကို စိတ္ဝင္စားေနေပမယ့္လည္း တြမ္ဇီဘီ၊ ဘိုင္လီ၊ ဖီးလ္ ဂ်ဳံးစ္တို႔ကို အရင္ဆုံး ေရာင္းထုတ္ဖို႔ လိုအပ္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ဘာစီလိုနာၾကယ္ပြင့္ ဖရန္ကီ ဒီ ယုံးနဲ႔ ခရစ္ရွန္ အဲရစ္ဆင္တို႔ကို ေခၚယူဖို႔ အာ႐ုံစိုက္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ မာတီနက္ဇ္ကို ၎တို႔ရဲ႕ အဓိက ခံစစ္အင္အားျဖည့္တင္းမႈအျဖစ္ လိုခ်င္ေနတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးကေန ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ယခုအပတ္မွာ လိဒ္စ္ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာအတြက္ ဆက္လက္ ေျပာဆိုေဆြးေႏြးေနခဲ့တာျဖစ္ပါတယ္။

Sportsmail ရဲ႕သတင္းအရ အာဆင္နယ္အသင္းဟာ ယခုအပတ္မွာ ရာဖင္ညာအတြက္ ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ သေဘာတူညီမႈ အၿပီးသတ္ရရွိဖို႔အတြက္ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ နယူးကာဆယ္လ္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ ခ်ဲလ္ဆီးတို႔ရဲ႕ စိတ္ဝင္စားျခင္း ခံေနရေပမယ့္လည္း အာဆင္နယ္အသင္းက ၎ရဲ႕ ေနာက္ထပ္ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းျဖစ္တယ္လို႔ နားလည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.