Premier League Transfer News

ပေါင်သန်း ၁၅၀ အထိ သုံးစွဲဖို့ ဆုံးဖြတ်လိုက်တဲ့ တော့ဒ် ဘိုလီ

ချဲလ်ဆီးအသင်းပိုင်ရှင်သစ်ဖြစ်တဲ့ တော့ဒ် ဘိုလီဟာ ၎င်းရဲ့ လက်အောက်က အသင်းရဲ့ခေတ်သစ်ကို ငွေကြေး ကြီးကြီးမားမား သုံးစွဲပြီး စတင်ချင်နေတယ်လို့ The Mail က ဖော်ပြခဲ့ပါတယ်။

တော့ဒ် ဘိုလီဟာ စူပါအေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အူ့စ်မန် ဒမ်ဘီလီအတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့နဲ့ မန်စီးတီးတောင်ပံကြယ်ပွင့် စတားလင်းကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ဟာ ခရစ္စတင်ဆန်နဲ့ ရူဒီဂါတို့ ထွက်ခွာသွားမှုကြောင့် လစ်လပ်သွားတဲ့ ဗဟိုခံစစ်နောကိုလည်း အင်အားဖြည့်တင်းသွားမှာဖြစ်ပြီး ဂျူဗင်တပ်နောက်ခံလူ ဒီလစ်ချ်နဲ့ ဆီဗီလာနောက်ခံလူ ကွန်ဒေးတို့က ရွေးချယ်စရာအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒီကစားသမား ၄ ဦးစလုံးကို ခေါ်ယူမယ်ဆိုရင် ချဲလ်ဆီးအသင်းအနေနဲ့ ပေါင်သန်း ၁၅၀ ကျော်အထိ သုံးစွဲရမှာဖြစ်ပေမယ့်လည်း ကစားသမားရောင်းချထားမှုတွေကြောင့် အဲဒီပမာဏလောက်တော့ သုံးစွဲရမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ တော့ဒ် ဘိုလီဟာ အစကောင်းတစ်ခုကို စတင်ချင်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အသင်းတစ်သင်းအနေနဲ့ ထိပ်ဆုံး ၄ နေရာမဝင်ရင် အကောင်းဆုံးပါရမီရှင်ကစားသမားတွေကို မဆွဲဆောင်နိုင်တော့ဘူးဆိုတာကို လက်တွေ့ ပြသနေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကို မန်ချက်စတာယူနိုက်တက်အသင်းက ပေါ်တူဂီတိုက်စစ်မှူးက ရောင်းချဖို့မဟုတ်ဘူးလို့ ဒေါသတကြီး တုံ့ပြန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှုမရှိတာကို ဒေါသထွက်ခဲ့ပြီးနောက် ၎င်းရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အရည်အသွေးပိုင်းရော ကိန်းဂဏန်းပိုင်းအရပါ မန်ချက်စတာယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမားဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်သာ ထွက်ခွာသွားခဲ့ရင် အသင်းရဲ့လက်ရှိအခြေအနေအရ ဘယ်လိုနည်းနဲ့မှ အစားထိုးခေါ်ယူမှုမပြုလုပ်နိုင်တာကို သိရှိနေတာကြောင့် စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ျဖစ္တဲ့ ေတာ့ဒ္ ဘိုလီဟာ ၎ရဲ႕ လက္ေအာက္က အသင္းရဲ႕ေခတ္သစ္ကို ေငြေၾကး ႀကီးႀကီးမားမား သုံးစြဲၿပီး စတင္ခ်င္ေနတယ္လို႔ The Mail က ေဖာ္ျပခဲ့ပါတယ္။

ေတာ့ဒ္ ဘိုလီဟာ စူပါေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးေနာက္ အူ႔စ္မန္ ဒမ္ဘီလီအတြက္ ႀကီးမားတဲ့ ကမ္းလွမ္းမႈျပဳလုပ္ဖို႔နဲ႔ မန္စီးတီးေတာင္ပံၾကယ္ပြင့္ စတားလင္းကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ဟာ ခရစၥတင္ဆန္နဲ႔ ႐ူဒီဂါတို႔ ထြက္ခြာသြားမႈေၾကာင့္ လစ္လပ္သြားတဲ့ ဗဟိုခံစစ္ေနာကိုလည္း အင္အားျဖည့္တင္းသြားမွာျဖစ္ၿပီး ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလစ္ခ်္နဲ႔ ဆီဗီလာေနာက္ခံလူ ကြန္ေဒးတို႔က ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ဒီကစားသမား ၄ ဦးစလုံးကို ေခၚယူမယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္သန္း ၁၅၀ ေက်ာ္အထိ သုံးစြဲရမွာျဖစ္ေပမယ့္လည္း ကစားသမားေရာင္းခ်ထားမႈေတြေၾကာင့္ အဲဒီပမာဏေလာက္ေတာ့ သုံးစြဲရမွာ မဟုတ္ဘူးလို႔ ယူဆရပါတယ္။ ေတာ့ဒ္ ဘိုလီဟာ အစေကာင္းတစ္ခုကို စတင္ခ်င္ေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက အသင္းတစ္သင္းအေနနဲ႔ ထိပ္ဆုံး ၄ ေနရာမဝင္ရင္ အေကာင္းဆုံးပါရမီရွင္ကစားသမားေတြကို မဆြဲေဆာင္ႏိုင္ေတာ့ဘူးဆိုတာကို လက္ေတြ႕ ျပသေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကေန ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ေပၚတူဂီတိုက္စစ္မႉးက ေရာင္းခ်ဖို႔မဟုတ္ဘူးလို႔ ေဒါသတႀကီး တုံ႔ျပန္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လႈပ္ရွားမႈမရွိတာကို ေဒါသထြက္ခဲ့ၿပီးေနာက္ ၎ရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္က ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကို ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အရည္အေသြးပိုင္းေရာ ကိန္းဂဏန္းပိုင္းအရပါ မန္ခ်က္စတာယူႏိုက္တက္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္သာ ထြက္ခြာသြားခဲ့ရင္ အသင္းရဲ႕လက္ရွိအေျခအေနအရ ဘယ္လိုနည္းနဲ႔မွ အစားထိုးေခၚယူမႈမျပဳလုပ္ႏိုင္တာကို သိရွိေနတာေၾကာင့္ စိုးရိမ္မႈေတြ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.