Premier League Transfer News

ဂျေဆူးစ် အာဆင်နယ်ကစားသမားဖြစ်ပြီလို့ ဖာဘရီဇီယို ရိုမာနို အတည်ပြု

ဂါဘရီယယ်လ် ဂျေဆူးစ်အနေနဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်ဖြစ်ဖို့ အရာအားလုံး သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အချိန်အနည်းငယ် စောင့်ဆိုင်းလိုက်ရုံနဲ့ သူ့ကို မိုးပြာရောင် အင်္ကျီအစား အနီရောင် အင်္ကျီနဲ့ မြင်ရတော့မှာဖြစ်တယ်လို့ နာမည်ကြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့ တွစ်တာကနေ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ရိုမာနိုက အာဆင်နယ်အသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ ဖွင့်ချသွားခဲ့ပြီး သူ့ရဲ့ အပြောင်းအရွှေ့အတွက် ဘရာဇီးလ်သားချင်းဖြစ်တဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ မန်စီးတီးမှာတုန်းက အတူလက်တွဲလုပ်ကိုင်ခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာတို့ကတော့ အပြောင်းအရွှေ့အတွက် အဓိက ကျခဲ့တယ်လို့ ဆိုပါတယ်။

အေးဂျင့်ဖြစ်သူ မာဆယ်လို ပက်တင်နာတီနဲ့ သဘောတူညီမှုအရတော့ မန်စီးတီးအသင်းမှာ ရရှိနေတဲ့ လုပ်ခ ပေါင် တစ်သိန်းတစ်သောင်းထက် နှစ်ဆမက ပိုမိုတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၆၅၀၀၀၊ တစ်နှစ်ကို ပေါင် ၁၃.၇၈ သန်း(ယူရို ၁၆ သန်း)အထိ ရရှိသွားဖို့ ဖြစ်လာနိုင်တယ်လို့ သည်ဆန်း သတင်းဌာနက ဖော်ပြထားခဲ့တာပါ။

ဂျေဆူးစ်အနေနဲ့ အာဆင်နယ်အသင်းမှာ လက်ရှိ လစ်လပ်နေတဲ့ ကျောနံပါတ် ၉ ကိုပဲ ဝတ်ဆင်ဖို့ ရှိနေပြီး အသင်းရဲ့ တိုက်စစ်မှာ ဦးဆောင်သူ ဖြစ်လာနိုင်သလို အထောင်မှာ ကစားပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ နေရာမတည်ငြိမ်ဘဲ ကြောင်ပျောက်ခဲ့ရသမျှကို သွင်းဂိုးတွေနဲ့ ပြန်ပြီးတောက်ပပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တတိယမြောက် ဂါဘရီယယ်လ်(ဂါဘီ)ဖြစ်လာမယ့် ကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ပါးလ်မီးရပ်စ် အသင်းနဲ့ ၈၃ ပွဲမှာ ၂၈ ဂိုး၊ မန်ချက်စတာစီးတီးအသင်းနဲ့ ၂၃၆ ပွဲမှာ ၉၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့တော့ ၅၆ ပွဲမှာ ၁၉ ဂိုး ရရှိထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါဘရီယယ္လ္ ေဂ်ဆူးစ္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္ျဖစ္ဖို႔ အရာအားလုံး သေဘာတူညီမႈ ရခဲ့ၿပီျဖစ္ၿပီး အခ်ိန္အနည္းငယ္ ေစာင့္ဆိုင္းလိုက္႐ုံနဲ႔ သူ႔ကို မိုးျပာေရာင္ အက်ႌအစား အနီေရာင္ အက်ႌနဲ႔ ျမင္ရေတာ့မွာျဖစ္တယ္လို႔ နာမည္ႀကီး အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက သူ႔ရဲ႕ တြစ္တာကေန အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။

႐ိုမာႏိုက အာဆင္နယ္အသင္းအေနနဲ႔ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမယ္လို႔ ဖြင့္ခ်သြားခဲ့ၿပီး သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ဘရာဇီးလ္သားခ်င္းျဖစ္တဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ မန္စီးတီးမွာတုန္းက အတူလက္တြဲလုပ္ကိုင္ခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာတို႔ကေတာ့ အေျပာင္းအေ႐ႊ႕အတြက္ အဓိက က်ခဲ့တယ္လို႔ ဆိုပါတယ္။

ေအးဂ်င့္ျဖစ္သူ မာဆယ္လို ပက္တင္နာတီနဲ႔ သေဘာတူညီမႈအရေတာ့ မန္စီးတီးအသင္းမွာ ရရွိေနတဲ့ လုပ္ခ ေပါင္ တစ္သိန္းတစ္ေသာင္းထက္ ႏွစ္ဆမက ပိုမိုတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၂၆၅၀၀၀၊ တစ္ႏွစ္ကို ေပါင္ ၁၃.၇၈ သန္း(ယူ႐ို ၁၆ သန္း)အထိ ရရွိသြားဖို႔ ျဖစ္လာႏိုင္တယ္လို႔ သည္ဆန္း သတင္းဌာနက ေဖာ္ျပထားခဲ့တာပါ။

ေဂ်ဆူးစ္အေနနဲ႔ အာဆင္နယ္အသင္းမွာ လက္ရွိ လစ္လပ္ေနတဲ့ ေက်ာနံပါတ္ ၉ ကိုပဲ ဝတ္ဆင္ဖို႔ ရွိေနၿပီး အသင္းရဲ႕ တိုက္စစ္မွာ ဦးေဆာင္သူ ျဖစ္လာႏိုင္သလို အေထာင္မွာ ကစားၿပီး မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ေနရာမတည္ၿငိမ္ဘဲ ေၾကာင္ေပ်ာက္ခဲ့ရသမွ်ကို သြင္းဂိုးေတြနဲ႔ ျပန္ၿပီးေတာက္ပျပႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ တတိယေျမာက္ ဂါဘရီယယ္လ္(ဂါဘီ)ျဖစ္လာမယ့္ ကစားသမားဟာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ပါးလ္မီးရပ္စ္ အသင္းနဲ႔ ၈၃ ပြဲမွာ ၂၈ ဂိုး၊ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၂၃၆ ပြဲမွာ ၉၅ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းနဲ႔ေတာ့ ၅၆ ပြဲမွာ ၁၉ ဂိုး ရရွိထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.