La Liga Premier League

ချဲလ်ဆီးပရိသတ်တွေ မျက်လုံးပြူးသွားအောင် တစ်ကွက်ပြလိုက်တဲ့ ပီကေး

ဘာစီလိုနာဝါရင့်နောက်ခံကစားသမား ဂျရတ် ပီကေးဟာ ချဲလ်ဆီး မီဂါစတိုးကအိတ်နဲ့အတူ ဝင်ဘယ်လ်ဒန်မှာ လျှောက်သွားနေခဲ့တဲ့ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းဖော်ဟောင်းဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် နောက်ခံကစားသမားဟာ အသင်းမှာ ဆက်ရှိနေဖို့ မလိုအပ်တော့ဘူးလို့ ပြောကြားခဲ့တယ်လို့ သိရပြီး နှစ်စဉ်ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲကို ကြည့်ရှုဖို့ လန်ဒန်အနောက်တောင်ပိုင်းမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်ခရီးစဉ်အတွင်း ပီကေးဟာ ၎င်းရဲ့ ကလေးတွေအတွက် ချဲလ်ဆီးအသင်းအိမ်ကွင်းဝတ်စုံကို ဝယ်ယူဖို့ ချဲလ်ဆီးမီဂါစတိုးကို သွားခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပြီး ၎င်းရဲ့လုပ်ရပ်က လူမှုကွန်ရက်ပေါ်မှာ လူပြောများစရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပီကေးရဲ့ ဓာတ်ပုံမှာ ချဲလ်ဆီးပရိသတ်တစ်ဦးက “ချဲလ်ဆီးကနေ ကြိုဆိုပါတယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “လူစားလဲကစားသမား ၅ ဦးခွင့်ပြုထားပြီး တကယ်ကြပ်တဲ့ပွဲစဉ်အချိန်စာရင်းကြောင့် လူစားဝင်ကစားပြီး ပွဲပြီးဆုံးရတာက နာကျင်စရာအတွေ့အကြုံဖြစ်မှာမဟုတ်ပါဘူး။ သင့်တော်တဲ့ဈေးနဲ့ဆို ငါကတော့ ပီကေးကို အရခေါ်ယူမှာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်နဲ့အတူ ဒေးဗစ်ဖလားမှာ ပါဝင်နေတဲ့ Kosmos တင်းနစ်ရဲ့ဥက္ကဌဖြစ်တဲ့ ပီကေးဟာ တစ်နိုင်ငံတည်းသား ကမ္ဘာကျော်တင်းနစ်သမား ရာဖေးလ် နာဒယ်လ်နဲ့အတူ စကားစမြည်ပြောဆိုနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အစောပိုင်းက ပြောခဲ့သလိုပဲ ပီကေးဟာ ၎င်းကို အသင်းမှာ နောက်ထပ်မလိုအပ်တော့ဘူးလို့ နည်းပြ ဇာဗီရဲ့ ပြောကြားခြင်းကို ခံခဲ့ရတာကြောင့် အနာဂတ်အတွက် စဉ်းစားနေပြီလို့ ယုံကြည်ရပါတယ်။

SPORT ရဲ့ ဖော်ပြချက်အရ ဇာဗီရဲ့အဓိက စိုးရိမ်မှုဟာ ၎င်းရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ဝါရင့်နောက်ခံကစားသမား ပီကေးဟာ ကွင်းပြင်ပမှာ စီးပွားရေးလုပ်ငန်းတွေ အများအပြား လုပ်ဆောင်နေတာကြောင့် ဘောလုံးကို သိပ်အာရုံမစိုက်နိုင်တော့ဘူးလို့ ထင်မြင်နေတာဖြစ်ကြောင်း သိရပါတယ်။

ကတ်တလန်အသင်းဟာ ပီကေးကို လစာပေးဖို့ ကြွေးကျန် ပေါင် ၃၄.၃ သန်းဝန်းကျင်ရှိနေတယ်လို့ ယုံကြည်ရပေမယ့် ဘာစီလိုနာအသင်းဒါရိုက်တာ အလာမန်နီကတော့ စပိန်ဝါရင့်နောက်ခံကစားသမားအပေါ် ၎င်း ပေးစရာရှိတဲ့ အကြွေး လျော့နိုင်သလောက်လျော့သွားအောင် ပြန်ဆပ်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် နောက်ခခ့ကစားသမားဟာ ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ဓာတ်ပုံထဲမှာ မြင်တွေ့ရပေမယ့်လည်း ချဲလ်ဆီးပရိသတ်တွေက လာမယ့်ရာသီမတိုင်ခင် စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့လာတာ မြင်တွေ့ချင်နေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ခေါ်ယူဖို့အတွက် သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး တကယ်တော့ သောမတ်စ် တူဟယ်ရဲ့အသင်းဟာ ပြင်သစ်နောက်ခံလူကို ပေါင် ၅၀.၃ သန်းနဲ့ ထပ်ဆောင်းဆုကြေးငွေပါဝင်တဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာမှာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ Todofichajes က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာဝါရင့္ေနာက္ခံကစားသမား ဂ်ရတ္ ပီေကးဟာ ခ်ဲလ္ဆီး မီဂါစတိုးကအိတ္နဲ႔အတူ ဝင္ဘယ္လ္ဒန္မွာ ေလွ်ာက္သြားေနခဲ့တဲ့ပုံေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဘာစီလိုနာနည္းျပ ဇာဗီက အသင္းေဖာ္ေဟာင္းျဖစ္တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ အသင္းမွာ ဆက္ရွိေနဖို႔ မလိုအပ္ေတာ့ဘူးလို႔ ေျပာၾကားခဲ့တယ္လို႔ သိရၿပီး ႏွစ္စဥ္က်င္းပတဲ့ တင္းနစ္ၿပိဳင္ပြဲကို ၾကည့္ရႈဖို႔ လန္ဒန္အေနာက္ေတာင္ပိုင္းမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။ အဂၤလန္ခရီးစဥ္အတြင္း ပီေကးဟာ ၎ရဲ႕ ကေလးေတြအတြက္ ခ်ဲလ္ဆီးအသင္းအိမ္ကြင္းဝတ္စုံကို ဝယ္ယူဖို႔ ခ်ဲလ္ဆီးမီဂါစတိုးကို သြားခဲ့တယ္လို႔ Marca က ေဖာ္ျပခဲ့ၿပီး ၎ရဲ႕လုပ္ရပ္က လူမႈကြန္ရက္ေပၚမွာ လူေျပာမ်ားစရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

ပီေကးရဲ႕ ဓာတ္ပုံမွာ ခ်ဲလ္ဆီးပရိသတ္တစ္ဦးက “ခ်ဲလ္ဆီးကေန ႀကိဳဆိုပါတယ္”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္း “လူစားလဲကစားသမား ၅ ဦးခြင့္ျပဳထားၿပီး တကယ္ၾကပ္တဲ့ပြဲစဥ္အခ်ိန္စာရင္းေၾကာင့္ လူစားဝင္ကစားၿပီး ပြဲၿပီးဆုံးရတာက နာက်င္စရာအေတြ႕အႀကဳံျဖစ္မွာမဟုတ္ပါဘူး။ သင့္ေတာ္တဲ့ေဈးနဲ႔ဆို ငါကေတာ့ ပီေကးကို အရေခၚယူမွာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ႏိုင္ငံတကာတင္းနစ္အဖြဲ႕ခ်ဳပ္နဲ႔အတူ ေဒးဗစ္ဖလားမွာ ပါဝင္ေနတဲ့ Kosmos တင္းနစ္ရဲ႕ဥကၠဌျဖစ္တဲ့ ပီေကးဟာ တစ္ႏိုင္ငံတည္းသား ကမာၻေက်ာ္တင္းနစ္သမား ရာေဖးလ္ နာဒယ္လ္နဲ႔အတူ စကားစျမည္ေျပာဆိုေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အေစာပိုင္းက ေျပာခဲ့သလိုပဲ ပီေကးဟာ ၎ကို အသင္းမွာ ေနာက္ထပ္မလိုအပ္ေတာ့ဘူးလို႔ နည္းျပ ဇာဗီရဲ႕ ေျပာၾကားျခင္းကို ခံခဲ့ရတာေၾကာင့္ အနာဂတ္အတြက္ စဥ္းစားေနၿပီလို႔ ယုံၾကည္ရပါတယ္။

SPORT ရဲ႕ ေဖာ္ျပခ်က္အရ ဇာဗီရဲ႕အဓိက စိုးရိမ္မႈဟာ ၎ရဲ႕ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဝါရင့္ေနာက္ခံကစားသမား ပီေကးဟာ ကြင္းျပင္ပမွာ စီးပြားေရးလုပ္ငန္းေတြ အမ်ားအျပား လုပ္ေဆာင္ေနတာေၾကာင့္ ေဘာလုံးကို သိပ္အာ႐ုံမစိုက္ႏိုင္ေတာ့ဘူးလို႔ ထင္ျမင္ေနတာျဖစ္ေၾကာင္း သိရပါတယ္။

ကတ္တလန္အသင္းဟာ ပီေကးကို လစာေပးဖို႔ ေႂကြးက်န္ ေပါင္ ၃၄.၃ သန္းဝန္းက်င္ရွိေနတယ္လို႔ ယုံၾကည္ရေပမယ့္ ဘာစီလိုနာအသင္းဒါ႐ိုက္တာ အလာမန္နီကေတာ့ စပိန္ဝါရင့္ေနာက္ခံကစားသမားအေပၚ ၎ ေပးစရာရွိတဲ့ အေႂကြး ေလ်ာ့ႏိုင္သေလာက္ေလ်ာ့သြားေအာင္ ျပန္ဆပ္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ ေနာက္ခခ့ကစားသမားဟာ ဆိုး႐ြားတဲ့ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနကိုလည္း ဓာတ္ပုံထဲမွာ ျမင္ေတြ႕ရေပမယ့္လည္း ခ်ဲလ္ဆီးပရိသတ္ေတြက လာမယ့္ရာသီမတိုင္ခင္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕လာတာ ျမင္ေတြ႕ခ်င္ေနၾကတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူဖို႔အတြက္ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ၿပီး တကယ္ေတာ့ ေသာမတ္စ္ တူဟယ္ရဲ႕အသင္းဟာ ျပင္သစ္ေနာက္ခံလူကို ေပါင္ ၅၀.၃ သန္းနဲ႔ ထပ္ေဆာင္းဆုေၾကးေငြပါဝင္တဲ့ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ရာမွာ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ Todofichajes က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.