Premier League

အားလပ်ရက် အပန်းဖြေခရီးကနေ အရှက်ကွဲပြီး ပြန်လာခဲ့ရတဲ့ ဖီးလ် ဖိုဒန်

မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်ဟာ ချစ်သူ ရေဗက္ကာ ကွတ်ခ်နဲ့ အားလပ်ရက်အပန်းဖြေနေစဉ် ကမ်းခြေကလပ်ကနေ ထပြန်ခဲ့ရပါတယ်။

ဖိုဒန်ရဲ့ ချစ်သူဟာ ဗီဒီယိုရိုက်ကူးနေချိန်အတွင်း ‘ငါ့ကို သောက်ရူးများ ထင်နေလား’လို့ အော်ဟစ်နေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ကော်ဖူးကမ်းခြေကလပ်က အခြား အပန်းဖြေသူတွေရှေ့ကနေ အစောင့်အရှောက်နဲ့အတူ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ ပင်လယ်ထဲ ရေဆင်းကူးရာကနေ ပြန်လာတဲ့အချိန်မှာ ဒေါသထွက်နေတဲ့ ချစ်သူနဲ့ ထိပ်တိုက် တွေ့ခဲ့တာဖြစ်ပြီး မန်စီးတီးကြယ်ပွင့် ရေဆင်းကူးနေချိန်မှာ ရေဗက္ကာက ဖုန်းကို ကောက်စစ်လိုက်ချိန်မှာ တစ်စုံတရာကို တွေ့ရှိသွားခဲ့ပုံ ပေါ်ပါတယ်။

The Sun on Sunday က ရရှိခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ရေဗက္ကာက ဖိုဒန်ကို အော်ဟစ်နေတာကို မြင်တွေ့ခဲ့ရပြီး ကလပ်လုံခြုံရေး ၂ ဦးရဲ့ ကလပ်အပြင်ဘက်ကို လိုက်ပို့ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ကွတ်ခ်ဟာ ဖီးလ် ဖိုဒန်နဲ့ ၎င်းတို့ ရန်မဖြစ်ခင် ထိုင်ခဲ့တဲ့နေရာကိုပါ လက်ညှိုးထိုးပြီး ညွှန်ပြနေခဲ့တာကို မြင်တွေ့ခဲ့ရပီး တစ်ချိန်မှာ ကွတ်ခ်က ၎င်းရဲ့ ချစ်သူ မန်စီးတီးတောင်ပံကစားသမားရဲ့ မျက်နှာနားကို တိုးကပ်ပြီး ‘ငါ့ကို သောက်ရူးလို့များ ထင်နေတာလား’လို့ ထပ်ပြောခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတွေက ဖီးလ် ဖိုဒန်တို့အတွဲကို အပြင်ထွက်နိုင်အောင် လမ်းပြပေးခဲ့ပြီး ရေဗက္ကာက ‘ဘာကြောင့်လဲဆိုတာ ငါ သိချင်တယ်”လို့ အော်ဟစ်နေတာ ကြားခဲ့ရပါတယ်။ ပြီးတဲ့နောက်မှာ ရေဗက္ကာက ‘သူမကိုရောပဲ ပြောပေးစမ်းပါ”လို့ တောင်းဆိုခဲ့ပြီး ဖီးလ် ဖိုဒန်ကတော့ ဘာတစ်ခွန်းမှ မတုံ့ပြန်ခဲ့တာဖြစ်ပြီး ဖိုဒန်နဲ့ ရေဗက္ကာတို့ဟာ ငယ်ရည်းစားတွေဖြစ်ကြပြီး သားသမီး ၂ ဦး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဖိုဒန်ရဲ့ မိဘတွေဖြစ်တဲ့ ဖီးလ် စီနီယာနဲ့ မိခင် ကလဲရာတို့လည်း ဗုဒ္ဓဟူးနေ့မှာ ကိုယ်ပိုင်လုံခြုံရေးတွေနဲ့အတူ တန်ဖိုးကြီးဗန်ကားကို စီးနင်းပြီး ရောက်ရှိလာခဲ့ပြီးနောက် ဖိုဒန်တို့နဲ့အတူ အနားယူ အပန်းဖြေနေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး တောင်ပံကစားသမားဟာ အစောပိုင်းတုန်းက ကမ်းခြေတလျှောက်မှာ ပရိသတ်တွေနဲ့အတူ ဓာတ်ပုံအရိုက်ခံနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ရေဗက္ကာရဲ့ ဗီဒီယိုထဲမှာ ရန်ဖြစ်နေတဲ့နားကနေ ဖိုဒန်ရဲ့ အဖေရော အမေပါ ထွက်ခွာသွားတာကို မြင်တွေ့ရပါတယ်။

“ဘောလုံးသမားနဲ့ သူ့ ကောင်မလေးတို့ ရန်ဖြစ်ခဲ့တာပါ။ ကောင်မလေးက အော်ဟစ်ပြီး စူးစူးဝါးဝါးဖြစ်နေခြ့တယ်။ သူတို့တွေ ဒီကို ရောက်နေတာ တစ်ရက်လောက်ပဲ ရှိသေးတယ်။ ကမ်းခြေကို ရောက်တာနဲ့ အဲဒီကိစ္စတွေ စတော့တာပဲ။ တကယ်ကို ရန်လိုပြီး ပြင်းထန်ခဲ့ပါတယ်။ ပြီးတော့ သူတို့တွေ ဘားကို ရောက်လာပြီး ကောင်မလေးက ဘောလုံးသမားကို အော်ဟစ်နေခဲ့တယ်။ ဒီလိုကိစ္စမျိုးတွေက ဒီမှာ ပုံမှန်အားဖြင့် ဖြစ်လေ့ရှိတဲ့ကိစ္စမဟုတ်ပါဘူး။ ကောင်မလေးက ဖိုဒန်ရဲ့ မျက်နှာကို ကပ်ပြီးတော့ အော်ဟစ်နေခဲ့ပြီး ဘောလုံးသမားက ဘာမှ မတုံ့ပြန်ပါဘူး။ သူတို့ဘာသာပဲ သူတို့ ပြန်သွားကြပါတယ်”လို့ ဘားမှာရှိနေခဲ့တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဖီးလ္ ဖိုဒန္ဟာ ခ်စ္သူ ေရဗကၠာ ကြတ္ခ္နဲ႔ အားလပ္ရက္အပန္းေျဖေနစဥ္ ကမ္းေျခကလပ္ကေန ထျပန္ခဲ့ရပါတယ္။

ဖိုဒန္ရဲ႕ ခ်စ္သူဟာ ဗီဒီယို႐ိုက္ကူးေနခ်ိန္အတြင္း ‘ငါ့ကို ေသာက္႐ူးမ်ား ထင္ေနလား’လို႔ ေအာ္ဟစ္ေနခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာ ေကာ္ဖူးကမ္းေျခကလပ္က အျခား အပန္းေျဖသူေတြေရွ႕ကေန အေစာင့္အေရွာက္နဲ႔အတူ ထြက္ခြာခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေတာင္ပံကစားသမားဟာ ပင္လယ္ထဲ ေရဆင္းကူးရာကေန ျပန္လာတဲ့အခ်ိန္မွာ ေဒါသထြက္ေနတဲ့ ခ်စ္သူနဲ႔ ထိပ္တိုက္ ေတြ႕ခဲ့တာျဖစ္ၿပီး မန္စီးတီးၾကယ္ပြင့္ ေရဆင္းကူးေနခ်ိန္မွာ ေရဗကၠာက ဖုန္းကို ေကာက္စစ္လိုက္ခ်ိန္မွာ တစ္စုံတရာကို ေတြ႕ရွိသြားခဲ့ပုံ ေပၚပါတယ္။

The Sun on Sunday က ရရွိခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ ေရဗကၠာက ဖိုဒန္ကို ေအာ္ဟစ္ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး ကလပ္လုံၿခဳံေရး ၂ ဦးရဲ႕ ကလပ္အျပင္ဘက္ကို လိုက္ပို႔ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ကြတ္ခ္ဟာ ဖီးလ္ ဖိုဒန္နဲ႔ ၎တို႔ ရန္မျဖစ္ခင္ ထိုင္ခဲ့တဲ့ေနရာကိုပါ လက္ညႇိဳးထိုးၿပီး ၫႊန္ျပေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပီး တစ္ခ်ိန္မွာ ကြတ္ခ္က ၎ရဲ႕ ခ်စ္သူ မန္စီးတီးေတာင္ပံကစားသမားရဲ႕ မ်က္ႏွာနားကို တိုးကပ္ၿပီး ‘ငါ့ကို ေသာက္႐ူးလို႔မ်ား ထင္ေနတာလား’လို႔ ထပ္ေျပာခဲ့တာျဖစ္ပါတယ္။

လုံၿခဳံေရးေတြက ဖီးလ္ ဖိုဒန္တို႔အတြဲကို အျပင္ထြက္ႏိုင္ေအာင္ လမ္းျပေပးခဲ့ၿပီး ေရဗကၠာက ‘ဘာေၾကာင့္လဲဆိုတာ ငါ သိခ်င္တယ္”လို႔ ေအာ္ဟစ္ေနတာ ၾကားခဲ့ရပါတယ္။ ၿပီးတဲ့ေနာက္မွာ ေရဗကၠာက ‘သူမကိုေရာပဲ ေျပာေပးစမ္းပါ”လို႔ ေတာင္းဆိုခဲ့ၿပီး ဖီးလ္ ဖိုဒန္ကေတာ့ ဘာတစ္ခြန္းမွ မတုံ႔ျပန္ခဲ့တာျဖစ္ၿပီး ဖိုဒန္နဲ႔ ေရဗကၠာတို႔ဟာ ငယ္ရည္းစားေတြျဖစ္ၾကၿပီး သားသမီး ၂ ဦး ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ဖိုဒန္ရဲ႕ မိဘေတြျဖစ္တဲ့ ဖီးလ္ စီနီယာနဲ႔ မိခင္ ကလဲရာတို႔လည္း ဗုဒၶဟူးေန႔မွာ ကိုယ္ပိုင္လုံၿခဳံေရးေတြနဲ႔အတူ တန္ဖိုးႀကီးဗန္ကားကို စီးနင္းၿပီး ေရာက္ရွိလာခဲ့ၿပီးေနာက္ ဖိုဒန္တို႔နဲ႔အတူ အနားယူ အပန္းေျဖေနခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီး ေတာင္ပံကစားသမားဟာ အေစာပိုင္းတုန္းက ကမ္းေျခတေလွ်ာက္မွာ ပရိသတ္ေတြနဲ႔အတူ ဓာတ္ပုံအ႐ိုက္ခံေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေရဗကၠာရဲ႕ ဗီဒီယိုထဲမွာ ရန္ျဖစ္ေနတဲ့နားကေန ဖိုဒန္ရဲ႕ အေဖေရာ အေမပါ ထြက္ခြာသြားတာကို ျမင္ေတြ႕ရပါတယ္။

“ေဘာလုံးသမားနဲ႔ သူ႔ ေကာင္မေလးတို႔ ရန္ျဖစ္ခဲ့တာပါ။ ေကာင္မေလးက ေအာ္ဟစ္ၿပီး စူးစူးဝါးဝါးျဖစ္ေနျခ့တယ္။ သူတို႔ေတြ ဒီကို ေရာက္ေနတာ တစ္ရက္ေလာက္ပဲ ရွိေသးတယ္။ ကမ္းေျခကို ေရာက္တာနဲ႔ အဲဒီကိစၥေတြ စေတာ့တာပဲ။ တကယ္ကို ရန္လိုၿပီး ျပင္းထန္ခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ေတြ ဘားကို ေရာက္လာၿပီး ေကာင္မေလးက ေဘာလုံးသမားကို ေအာ္ဟစ္ေနခဲ့တယ္။ ဒီလိုကိစၥမ်ိဳးေတြက ဒီမွာ ပုံမွန္အားျဖင့္ ျဖစ္ေလ့ရွိတဲ့ကိစၥမဟုတ္ပါဘူး။ ေကာင္မေလးက ဖိုဒန္ရဲ႕ မ်က္ႏွာကို ကပ္ၿပီးေတာ့ ေအာ္ဟစ္ေနခဲ့ၿပီး ေဘာလုံးသမားက ဘာမွ မတုံ႔ျပန္ပါဘူး။ သူတို႔ဘာသာပဲ သူတို႔ ျပန္သြားၾကပါတယ္”လို႔ ဘားမွာရွိေနခဲ့တဲ့ သတင္းရင္းျမစ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.