Premier League

အလိုက်ပေးကမ်းလှမ်းရာမှာ ထည့်သွင်းနိုင်တဲ့ ချဲလ်ဆီးကြယ်ပွင့် ၃ ဦး

ချဲလ်ဆီးအသင်းဟာ ဇွန်လကုန်ကို ချဉ်းကပ်လာပြီဖြစ်တာကြောင့် နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ဈေးကွက်မှာ စတင်လှုပ်ရှားတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး အများစုက ပြောဆိုနေခဲ့ကြပေမယ့် ခံစစ်မှာ လစ်လပ်နေတဲ့နေရာတွေ ရှိနေပြီး ရောင်းထုတ်ဖို့ လိုနေတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ပုံမှန်စွမ်းဆောင်ရည်မရှိဘဲ နည်းပြ တူဟယ် ကစားစေချင်တဲ့ ပုံစံနဲ့လည်း အံမဝင်တဲ့ ကစားသမားတွေလည်းရှိနေပြီး အလဲအထပ်ပြုလုပ်ရာမှာ အသုံးပြုနိုင်တဲ့ ကစားသမား ၃ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဟာကင်း ဇီယက်ရှ်

ဇီယက်ရှ်ဟာ လမ်းပတ်ရဲ့ ၂၀၂၀ နွေရာသီမှာ စိတ်လှုပ်ရှားဖွယ် ခေါ်ယူမှုဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ပိတ်ပင်ခံရပြီးနောက် အေဘရာမိုဗစ်ချ်က ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ပြုလုပ်ချင်ခဲ့တာဖြစ်ပါတယ်။ ဇီယက်ရှ်ဟာ အိုင်းယက်စ်ရဲ့ အောင်မြင်မှုတွေမှာ အရေးပါခဲ့ပြီး ဒတ်ချ်ကလပ်ရဲ့ ညာတောင်ပံနေရာမှာ ထိပ်တန်းအဆင့် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုတောင်ပံကစားသမားဟာ လမ်းပတ်လက်အောက်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ကြံ့ခိုင်မှု ပြည့်ဝနေတဲ့အချိန်မှာ ၎င်းရဲ့အရည်အသွေးတွေကို ပြသခဲ့ပြီး နည်းပြ တူဟယ်လက်အောက်မှာလည်း အဲဒီအတိုင်း ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခံစစ် ၃ ဦးကစားကွက်ကို ပြောင်းလဲလိုက်တာက ဇီယက်ရှ်ရဲ့ ထိပ်တန်းအရည်အသွေးတွေကို မြင်တွေ့ရမယ့်အချိန်တွေကို နည်းပါးသွားစေခဲ့ပြီး အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ တောင်ပံကစားသမားဖြစ်နေဆဲဖြစ်တာကြောင့် ယခုနွေရာသီမှာ ခေါ်ယူချင်တဲ့အသင်းတွေ များပြားနေတာဖြစ်ပါတယ်။ ဇီယက်ရှ်သာ မှန်ကန်တဲ့ ကစားကွက်ထဲမှာ ရှိနေမယ်ဆိုရင် အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်နေမှာဖြစ်ပါတယ်။

၂။ ဘီလီ ဂီးလ်မိုး

ဘီလီ ဂီးလ်မိုးဟာ နည်းပြလမ်းပတ်လက်ထက် ၂၀၁၉-၂၀၂၀ ရာသီအတွင်း ချဲလ်ဆီးပထမအသင်းထဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဗာတန်၊ လီဗာပူးလ်တို့နဲ့ကစားခဲ့တဲ့ပွဲစဉ်က ၎င်းရဲ့ စွမ်းဆောင်ရည်ကို ဘယ်သူမှ မေ့လို့ရမှာမဟုတ်တာဖြစ်ပါတယ်။ ဘီလီ ဂီးလ်မိုးဟာ အဲဒီပွဲစဉ်တွေမှာ ကွင်းလယ်ကို စိုးမိုးထားနိုင်ခဲ့ပြီး ဖာဘင်ညိုလို ကစားသမားမျိုးကို ကောင်းကောင်း လှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ပြီးခဲ့တဲ့ရာသီမှာ နောဝစ်ချ်စီးတီးကို ပထမဆုံး အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့ပြီး သိပ်တော့ အောင်မြင်မှု မရှိခဲ့တာဖြစ်ပေမယ့်လည်း ချဲလ်ဆီးမှာရှိတဲ့သူတိုင်းက အလားအလာများစွာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဂီးလ်မိုးဟာ အရပ် ၅ ပေ ၇ လက်မသာရှိတာကြောင့် ရုပ်ပိုင်းဆိုင်ရာက အားနည်းချက်ဖြစ်နေတာဖြစ်ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ၅ ဦးအထိ လူစားလဲလှယ်နိုင်တော့မှာဖြစ်တာကြောင့် ပွဲကစားချိန် ပိုမို ရရှိဖွယ်ရှိပါတယ်။ ဂီးလ်မိုးအနေနဲ့ အဲဒါက မလုံလောက်သေးဘူးလို့ ဆုံးဖြတ်ခဲ့ရင်လည်း ခေါ်ယူချင်တဲ့အသင်းတွေ များစွာရှိနေပြီး အဲဗာတန်နည်းပြ လမ်းပတ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။

၃။ တီမို ဗာနာ

တီမို ဗာနာဟာ ကမ္ဘာပေါ်က အခြားကစားသမားတွေနည်းတူ ပုံမှန်ပွဲကစားချိန် ရရှိချင်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်တာကြောင့် အသင်းကနေ ဗြုန်းစားကြီး ထွက်ဖို့ လုပ်ဆောင်မှာမဟုတ်တာဖြစ်ပါတယ်။ ဂျာမန်တိုက်စစ်မှူးရဲ့ ပြဿနာက ဂိုးပေါက်ပုံမှန် ရှာမတွေ့တာဖြစ်ပြီး အလွန်သေချာတဲ့ အခွင့်အရေးပေါင်းများစွာကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဗာနာဟာ ဘောလုံးမရှိဘဲ ကစားဖို့နဲ့ တခြားနည်းလမ်းတွေနဲ့ ဂိုးရရှိအောင် ကူညီပေးဖို့ လေ့ကျင့်ထားခဲ့တာကြောင့် ဖြစ်ပါတယ်။

ဗာနာရဲ့ အကြီးမားဆုံးအားသာချက်က လျင်မြန်မှုဖြစ်ပြီး စီးရီးအေလိုမျိုး ခံစစ်မှူးတွေနောက်က နေရာလွတ်ကို ပြေးဝင်ဂိုးသွင်းယူရတဲ့လိဂ်မျိုးမှာဆိုရင် ဂျာမနီတုန်းကလိုမျိုး ခြေစွမ်း ပြန်လည်ပြသနိုင်မှာဖြစ်ပါတယ်။ တီမို ဗာနာဟာ ချဲလ်ဆီးအသင်းမှာ အဓိကကစားသမားမဟုတ်ပေမယ့်လည်း ဂျာမနီအသင်းအတွက်တော့ အဓိကကစားသမားဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ စတားလင်းနဲ့ အခြားကစားသမားတွေကို စိတ်ဝင်စားနေပေမယ့် ပွဲထွက်ကစားသမားနေရာပေးနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။ အဲဒါကြောင့် တီမို ဗာနာနဲ့ အလဲအထပ်လုပ်တာက ၂ ဖက်စလုံးအတွက် အကျိုးရှိမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဇြန္လကုန္ကို ခ်ဥ္းကပ္လာၿပီျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ စတင္လႈပ္ရွားေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက ေခၚယူႏိုင္ေျခရွိတဲ့ ကစားသမားသစ္ေခၚယူမႈေတြနဲ႔ပတ္သက္ၿပီး အမ်ားစုက ေျပာဆိုေနခဲ့ၾကေပမယ့္ ခံစစ္မွာ လစ္လပ္ေနတဲ့ေနရာေတြ ရွိေနၿပီး ေရာင္းထုတ္ဖို႔ လိုေနတဲ့ ကစားသမားေတြလည္း ရွိပါတယ္။ ပုံမွန္စြမ္းေဆာင္ရည္မရွိဘဲ နည္းျပ တူဟယ္ ကစားေစခ်င္တဲ့ ပုံစံနဲ႔လည္း အံမဝင္တဲ့ ကစားသမားေတြလည္းရွိေနၿပီး အလဲအထပ္ျပဳလုပ္ရာမွာ အသုံးျပဳႏိုင္တဲ့ ကစားသမား ၃ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဟာကင္း ဇီယက္ရွ္

ဇီယက္ရွ္ဟာ လမ္းပတ္ရဲ႕ ၂၀၂၀ ေႏြရာသီမွာ စိတ္လႈပ္ရွားဖြယ္ ေခၚယူမႈျဖစ္ခဲ့ၿပီး အေျပာင္းအေ႐ႊ႕ပိတ္ပင္ခံရၿပီးေနာက္ ေအဘရာမိုဗစ္ခ်္က ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈ ျပဳလုပ္ခ်င္ခဲ့တာျဖစ္ပါတယ္။ ဇီယက္ရွ္ဟာ အိုင္းယက္စ္ရဲ႕ ေအာင္ျမင္မႈေတြမွာ အေရးပါခဲ့ၿပီး ဒတ္ခ်္ကလပ္ရဲ႕ ညာေတာင္ပံေနရာမွာ ထိပ္တန္းအဆင့္ ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ေမာ္႐ိုကိုေတာင္ပံကစားသမားဟာ လမ္းပတ္လက္ေအာက္မွာ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ခဲ့ရေပမယ့္ ႀကံ့ခိုင္မႈ ျပည့္ဝေနတဲ့အခ်ိန္မွာ ၎ရဲ႕အရည္အေသြးေတြကို ျပသခဲ့ၿပီး နည္းျပ တူဟယ္လက္ေအာက္မွာလည္း အဲဒီအတိုင္း ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခံစစ္ ၃ ဦးကစားကြက္ကို ေျပာင္းလဲလိုက္တာက ဇီယက္ရွ္ရဲ႕ ထိပ္တန္းအရည္အေသြးေတြကို ျမင္ေတြ႕ရမယ့္အခ်ိန္ေတြကို နည္းပါးသြားေစခဲ့ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အလြန္ေကာင္းမြန္တဲ့ ေတာင္ပံကစားသမားျဖစ္ေနဆဲျဖစ္တာေၾကာင့္ ယခုေႏြရာသီမွာ ေခၚယူခ်င္တဲ့အသင္းေတြ မ်ားျပားေနတာျဖစ္ပါတယ္။ ဇီယက္ရွ္သာ မွန္ကန္တဲ့ ကစားကြက္ထဲမွာ ရွိေနမယ္ဆိုရင္ အေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ဦးျဖစ္ေနမွာျဖစ္ပါတယ္။

၂။ ဘီလီ ဂီးလ္မိုး

ဘီလီ ဂီးလ္မိုးဟာ နည္းျပလမ္းပတ္လက္ထက္ ၂၀၁၉-၂၀၂၀ ရာသီအတြင္း ခ်ဲလ္ဆီးပထမအသင္းထဲ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အဲဗာတန္၊ လီဗာပူးလ္တို႔နဲ႔ကစားခဲ့တဲ့ပြဲစဥ္က ၎ရဲ႕ စြမ္းေဆာင္ရည္ကို ဘယ္သူမွ ေမ့လို႔ရမွာမဟုတ္တာျဖစ္ပါတယ္။ ဘီလီ ဂီးလ္မိုးဟာ အဲဒီပြဲစဥ္ေတြမွာ ကြင္းလယ္ကို စိုးမိုးထားႏိုင္ခဲ့ၿပီး ဖာဘင္ညိဳလို ကစားသမားမ်ိဳးကို ေကာင္းေကာင္း လွည့္စားႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ ၿပီးခဲ့တဲ့ရာသီမွာ ေနာဝစ္ခ်္စီးတီးကို ပထမဆုံး အငွားကစားသမားအျဖစ္ သြားေရာက္ကစားခဲ့ၿပီး သိပ္ေတာ့ ေအာင္ျမင္မႈ မရွိခဲ့တာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးမွာရွိတဲ့သူတိုင္းက အလားအလာမ်ားစြာရွိတဲ့ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ဂီးလ္မိုးဟာ အရပ္ ၅ ေပ ၇ လက္မသာရွိတာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာက အားနည္းခ်က္ျဖစ္ေနတာျဖစ္ၿပီး လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ ၅ ဦးအထိ လူစားလဲလွယ္ႏိုင္ေတာ့မွာျဖစ္တာေၾကာင့္ ပြဲကစားခ်ိန္ ပိုမို ရရွိဖြယ္ရွိပါတယ္။ ဂီးလ္မိုးအေနနဲ႔ အဲဒါက မလုံေလာက္ေသးဘူးလို႔ ဆုံးျဖတ္ခဲ့ရင္လည္း ေခၚယူခ်င္တဲ့အသင္းေတြ မ်ားစြာရွိေနၿပီး အဲဗာတန္နည္းျပ လမ္းပတ္က ထိပ္ဆုံးက ပါဝင္ေနပါတယ္။

၃။ တီမို ဗာနာ

တီမို ဗာနာဟာ ကမာၻေပၚက အျခားကစားသမားေတြနည္းတူ ပုံမွန္ပြဲကစားခ်ိန္ ရရွိခ်င္ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္တာေၾကာင့္ အသင္းကေန ျဗဳန္းစားႀကီး ထြက္ဖို႔ လုပ္ေဆာင္မွာမဟုတ္တာျဖစ္ပါတယ္။ ဂ်ာမန္တိုက္စစ္မႉးရဲ႕ ျပႆနာက ဂိုးေပါက္ပုံမွန္ ရွာမေတြ႕တာျဖစ္ၿပီး အလြန္ေသခ်ာတဲ့ အခြင့္အေရးေပါင္းမ်ားစြာကိုလည္း လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဗာနာဟာ ေဘာလုံးမရွိဘဲ ကစားဖို႔နဲ႔ တျခားနည္းလမ္းေတြနဲ႔ ဂိုးရရွိေအာင္ ကူညီေပးဖို႔ ေလ့က်င့္ထားခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဗာနာရဲ႕ အႀကီးမားဆုံးအားသာခ်က္က လ်င္ျမန္မႈျဖစ္ၿပီး စီးရီးေအလိုမ်ိဳး ခံစစ္မႉးေတြေနာက္က ေနရာလြတ္ကို ေျပးဝင္ဂိုးသြင္းယူရတဲ့လိဂ္မ်ိဳးမွာဆိုရင္ ဂ်ာမနီတုန္းကလိုမ်ိဳး ေျခစြမ္း ျပန္လည္ျပသႏိုင္မွာျဖစ္ပါတယ္။ တီမို ဗာနာဟာ ခ်ဲလ္ဆီးအသင္းမွာ အဓိကကစားသမားမဟုတ္ေပမယ့္လည္း ဂ်ာမနီအသင္းအတြက္ေတာ့ အဓိကကစားသမားျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ စတားလင္းနဲ႔ အျခားကစားသမားေတြကို စိတ္ဝင္စားေနေပမယ့္ ပြဲထြက္ကစားသမားေနရာေပးႏိုင္ဖြယ္မရွိတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ တီမို ဗာနာနဲ႔ အလဲအထပ္လုပ္တာက ၂ ဖက္စလုံးအတြက္ အက်ိဳးရွိမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.