La Liga Premier League Transfer News

ရော်နယ်လ်ဒိုရဲ့ပေါ်တူဂီအသင်းဖော်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖရန်ကီ ဒီ ယုံးရဲ့ အပြောင်းအရွှေ့အတွက် နောက်တဆင့်တက်ပြောဆိုမှုတွေ ပြုလုပ်နေပြီး သိပ်မကြာခင် အချိန်အတွင်း အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ ကစားသမားတွေ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပြန်မရောက်လာခင် နွေရာသီအပြောင်းအရွှေ့တွေကို အပြီးသတ်ဖို့ မျှော်လင့်နေပြီး ပရီးမီးယားလိဂ်ရာသီမစတင်ခင် ဗဟိုကွင်းလယ်ကစားသမားကစပြီး ကစားသမားသစ် အများအပြား ရောက်ရှိလာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားကို ခေါ်ယူပြီးရင် နောက်ထပ် အာရုံစိုက်မယ့် ပစ်မှတ်ကစားသမားလည်း ရှိနေတာဖြစ်ပါတယ်။

တန်ဟက်ဂ်ဟာ တိုက်စစ်မှူးအသစ်တစ်ဦးလည်း ခေါ်ယူချင်နေပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ်ဟာ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ၃ နှစ်က အက်သလက်တီကို မက်ဒရစ်အသင်းကို ပေါင်သန်း ၁၀၀ ကျော် ကုန်ကျစေခဲ့တာဖြစ်ပေမယ့် ၎င်းရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေဆဲ ဖြစ်ပြီး Correio da Manha ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဂျာအို ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးက တန်ဟက်ဂ်အတွက် အားကောင်းတဲ့ရွေးချယ်စရာလို့ ရှုမြင်ထားတာဖြစ်ပြီး ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ကလည်း ပေါ်တူဂီကြယ်ပွင့်ကို မကမ်းလှမ်းမီ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

တန်ဟက်ဂ်ဟာ ဗဟိုခံစစ်နေရာအတွက် ပစ်မှတ်စာရင်းထဲမှာ ဂွန်ဆာလို အင်နာဆီယိုကိုလည်း ထည့်သွင်းထားတယ်လို့ သိရပြီး Jornal de Noticias ရဲ့သတင်းအရ စပို့တင်းလစ္စဘွန်းအသင်းဟာ နောက်ခံကစားသမားရဲ့စာချုပ်လျော်ကြေး ပေါင် ၃၉ သန်းထက်လျော့နည်းတဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်နေတယ်လို့ သိရပါတယ်။

အင်နာဆီယိုရဲ့ အေးဂျင့်ဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့်လည်းဖြစ်ပြီး စပို့တင်း လစ္စဘွန်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အရင်ကတည်းက အပြောင်းအရွှေ့တွေ လုပ်ဆောင်ဖူးတာကြောင့် အသက် ၂၀ အရွယ် နောက်ခံကစားသမားကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ရှေ့ဆုံးက ဦးဆောင်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဖရန္ကီ ဒီ ယုံးရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေနာက္တဆင့္တက္ေျပာဆိုမႈေတြ ျပဳလုပ္ေနၿပီး သိပ္မၾကာခင္ အခ်ိန္အတြင္း အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ ကစားသမားေတြ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို ျပန္မေရာက္လာခင္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေတြကို အၿပီးသတ္ဖို႔ ေမွ်ာ္လင့္ေနၿပီး ပရီးမီးယားလိဂ္ရာသီမစတင္ခင္ ဗဟိုကြင္းလယ္ကစားသမားကစၿပီး ကစားသမားသစ္ အမ်ားအျပား ေရာက္ရွိလာဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ဘာစီလိုနာကြင္းလယ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္ၿပီး ဒတ္ခ်္ကြင္းလယ္ကစားသမားကို ေခၚယူၿပီးရင္ ေနာက္ထပ္ အာ႐ုံစိုက္မယ့္ ပစ္မွတ္ကစားသမားလည္း ရွိေနတာျဖစ္ပါတယ္။

တန္ဟက္ဂ္ဟာ တိုက္စစ္မႉးအသစ္တစ္ဦးလည္း ေခၚယူခ်င္ေနၿပီး အက္သလက္တီကို မက္ဒရစ္ တိုက္စစ္မႉး ဂ်ာအို ဖီးလစ္ဟာ ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ လြန္ခဲ့တဲ့ ၃ ႏွစ္က အက္သလက္တီကို မက္ဒရစ္အသင္းကို ေပါင္သန္း ၁၀၀ ေက်ာ္ ကုန္က်ေစခဲ့တာျဖစ္ေပမယ့္ ၎ရဲ႕ အနာဂတ္ဟာ မေရမရာ ျဖစ္ေနဆဲ ျဖစ္ၿပီး Correio da Manha ရဲ႕ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ ဂ်ာအို ဖီးလစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ အသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉးက တန္ဟက္ဂ္အတြက္ အားေကာင္းတဲ့ေ႐ြးခ်ယ္စရာလို႔ ရႈျမင္ထားတာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ကလည္း ေပၚတူဂီၾကယ္ပြင့္ကို မကမ္းလွမ္းမီ အေျခအေနကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

တန္ဟက္ဂ္ဟာ ဗဟိုခံစစ္ေနရာအတြက္ ပစ္မွတ္စာရင္းထဲမွာ ဂြန္ဆာလို အင္နာဆီယိုကိုလည္း ထည့္သြင္းထားတယ္လို႔ သိရၿပီး Jornal de Noticias ရဲ႕သတင္းအရ စပို႔တင္းလစၥဘြန္းအသင္းဟာ ေနာက္ခံကစားသမားရဲ႕စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၉ သန္းထက္ေလ်ာ့နည္းတဲ့ ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

အင္နာဆီယိုရဲ႕ ေအးဂ်င့္ဟာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေအးဂ်င့္လည္းျဖစ္ၿပီး စပို႔တင္း လစၥဘြန္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ အရင္ကတည္းက အေျပာင္းအေ႐ႊ႕ေတြ လုပ္ေဆာင္ဖူးတာေၾကာင့္ အသက္ ၂၀ အ႐ြယ္ ေနာက္ခံကစားသမားကို ေခၚယူမယ့္ၿပိဳင္ပြဲမွာ ေရွ႕ဆုံးက ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.