Premier League Transfer News

မန်ချက်စတာယူနိုက်တက်က ထွက်ပြီး ချဲလ်ဆီးဆီ ရော်နယ်လ်ဒို ပြောင်းတော့မှာလား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိရာသီမှာ ရည်မှန်းချက်နည်းပါးတဲ့ ပုံစံတွေနဲ့ အပြောင်းအရွှေ့လုပ်ဆောင်ပုံတွေကို သဘောကျ နှစ်ခြိုက်ခြင်းမရှိတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ များနေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဆီကို ပြောင်းရွှေ့သွားနိုင်ဖို့ သတင်းထွက်လာခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် စကိုင်းစပို့စ်နဲ့ တယ်လီဂရပ်ဖ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားကြီးအနေနဲ့ ပိုင်ရှင်သစ် တော့ဒ် ဘိုလီက အပြောင်းအရွှေ့ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်မှာဖြစ်တဲ့ ချဲလ်ဆီးအသင်းဆီကို အေးဂျင့်ဖြစ်သူရဲ့ ကမ်းလှမ်းမှု ထွက်ပေါ်လာခဲ့တယ်လို့ ဆိုနေခဲ့ကြတာပါ။

အပြောင်းအရွှေ့လုပ်ဆောင်မှုတွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ တာဝန်ခံ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ ရွှေ့ကွက်တွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပြီး ရိုမီလူ လူကာကူးကို အင်တာမီလန်အသင်းဆီ တစ်ရာသီစာ အငှားချထားခဲ့တဲ့ တိုက်စစ်မှာ ဝါရင့်အဆုံးသတ်သမားကောင်းတစ်ယောက် အလိုရှိနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ အသံထွက်နေခဲ့တဲ့ ချဲလ်ဆီးအသင်းဆီကို အိုးလ်ထရက်ဖို့ဒ်နဲ့ နည်းပြသစ် အဲရစ် တန်ဟတ်တို့ရဲ့ အစီအစဉ်တွေမှာ ခေါင်းစားနေရတဲ့ ကျောနံပါတ် ၇ ပိုင်ရှင်ရဲ့ အေးဂျင့် ဂျော်ဂျီ မန်ဒက်စ်က ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့တာဖြစ်ပြီး ကစားသမားဘက်ကတော့ စိတ်က နှစ်ခွဖြစ်နေတယ်လို့ ဆိုနေကြတာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟတ်ရဲ့ လူငယ်ဦးစားပေး ပေါ်လစီမှာ ရော်နယ်လ်ဒိုတစ်ယောက် စိတ်မသက်မသာဖြစ်နေပေမယ့် သူချစ်တဲ့ အသင်းမှာ ဆက်နေဖို့လည်းဖြစ်နိုင်ပေမယ့် လက်ရှိအချိန်အထိ ပြိုင်ဘက်အသင်းတွေ အဓိက ကစားသမားသစ် နှစ်ယောက်လောက် သေချာပြီးချိန်မှာ ဘာမှဖြစ်မလာသေးတာကိုတော့ ဖီးလ်ကျဲနေပုံလည်း ရှိနေခဲ့ပါတယ်။

မန်ဒက်စ်ရဲ့ ကမ်းလှမ်းမှုအရတော့ တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၁၅ ဂိုးလောက် အာမခံနိုင်တဲ့ ပေါ်တူဂီသားကြီးကို ပြောင်းလဲစဉ်းစားဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ဘက်က ပြင်ဆင်လာဖွယ်ရှိနေပြီး နဂိုမူလ စိတ်ဝင်စားထားတဲ့ မန်ချက်စတာစီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်နဲ့ ယှဉ်ရင် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မလား စောင့်ကြည့်ရမှာပါ။

ပြီးခဲ့တဲ့ ရာသီက ရော်နယ်လ်ဒိုနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အတူတွဲကစားခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကတော့ သူအငှားနဲ့ ခြေစွမ်းပြခဲ့ဖူးပြီး ပြောင်းရွှေ့ဖို့ အဆင်မပြေခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို နည်းပြ ဒေးဗစ် မွိုက်စ်နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်နေသလို လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာတော့ အလွတ်ပြောင်းရွှေ့ခွင့်ရှိမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လက္ရွိရာသီမွာ ရည္မွန္းခ်က္နည္းပါးတဲ့ ပုံစံေတြနဲ႔ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္ပုံေတြကို သေဘာက် ႏွစ္ၿခိဳက္ျခင္းမရွိတဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ မ်ားေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြဆီကို ေျပာင္းေ႐ႊ႕သြားႏိုင္ဖို႔ သတင္းထြက္လာခဲ့ပါတယ္။

ၿဗိတိန္အေျခစိုက္ စကိုင္းစပို႔စ္နဲ႔ တယ္လီဂရပ္ဖ္သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအေနနဲ႔ ပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီက အေျပာင္းအေ႐ႊ႕ကိစၥေတြကို ကိုင္တြယ္ေဆာင္႐ြက္မွာျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းဆီကို ေအးဂ်င့္ျဖစ္သူရဲ႕ ကမ္းလွမ္းမႈ ထြက္ေပၚလာခဲ့တယ္လို႔ ဆိုေနခဲ့ၾကတာပါ။

အေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈေတြမွာ ကြၽမ္းက်င္ပိုင္ႏိုင္တဲ့ တာဝန္ခံ ဒါ႐ိုက္တာ မာရီနာ ဂရာေနာ့ဗ္စကားယာ ထြက္ခြာသြားခဲ့ၿပီးေနာက္ပိုင္းမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ေ႐ႊ႕ကြက္ေတြက တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲလာႏိုင္ၿပီး ႐ိုမီလူ လူကာကူးကို အင္တာမီလန္အသင္းဆီ တစ္ရာသီစာ အငွားခ်ထားခဲ့တဲ့ တိုက္စစ္မွာ ဝါရင့္အဆုံးသတ္သမားေကာင္းတစ္ေယာက္ အလိုရွိေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ရဲ႕ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ အသံထြက္ေနခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဆီကို အိုးလ္ထရက္ဖို႔ဒ္နဲ႔ နည္းျပသစ္ အဲရစ္ တန္ဟတ္တို႔ရဲ႕ အစီအစဥ္ေတြမွာ ေခါင္းစားေနရတဲ့ ေက်ာနံပါတ္ ၇ ပိုင္ရွင္ရဲ႕ ေအးဂ်င့္ ေဂ်ာ္ဂ်ီ မန္ဒက္စ္က ေခၚယူဖို႔ ကမ္းလွမ္းလာခဲ့တာျဖစ္ၿပီး ကစားသမားဘက္ကေတာ့ စိတ္က ႏွစ္ခြျဖစ္ေနတယ္လို႔ ဆိုေနၾကတာပါ။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ တန္ဟတ္ရဲ႕ လူငယ္ဦးစားေပး ေပၚလစီမွာ ေရာ္နယ္လ္ဒိုတစ္ေယာက္ စိတ္မသက္မသာျဖစ္ေနေပမယ့္ သူခ်စ္တဲ့ အသင္းမွာ ဆက္ေနဖို႔လည္းျဖစ္ႏိုင္ေပမယ့္ လက္ရွိအခ်ိန္အထိ ၿပိဳင္ဘက္အသင္းေတြ အဓိက ကစားသမားသစ္ ႏွစ္ေယာက္ေလာက္ ေသခ်ာၿပီးခ်ိန္မွာ ဘာမွျဖစ္မလာေသးတာကိုေတာ့ ဖီးလ္က်ဲေနပုံလည္း ရွိေနခဲ့ပါတယ္။

မန္ဒက္စ္ရဲ႕ ကမ္းလွမ္းမႈအရေတာ့ တစ္ရာသီကို အနည္းဆုံး သြင္းဂိုး ၁၅ ဂိုးေလာက္ အာမခံႏိုင္တဲ့ ေပၚတူဂီသားႀကီးကို ေျပာင္းလဲစဥ္းစားဖို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္က ျပင္ဆင္လာဖြယ္ရွိေနၿပီး နဂိုမူလ စိတ္ဝင္စားထားတဲ့ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္နဲ႔ ယွဥ္ရင္ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးကို ဆုပ္ကိုင္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ၿပီးခဲ့တဲ့ ရာသီက ေရာ္နယ္လ္ဒိုနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ အတူတြဲကစားခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကေတာ့ သူအငွားနဲ႔ ေျခစြမ္းျပခဲ့ဖူးၿပီး ေျပာင္းေ႐ႊ႕ဖို႔ အဆင္မေျပခဲ့တဲ့ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းဆီကို နည္းျပ ေဒးဗစ္ မြိဳက္စ္နဲ႔ အလုပ္တြဲလုပ္ဖို႔ စိတ္အားထက္သန္ေနသလို လာမယ့္ ဇူလိုင္လ ၁ ရက္ေန႔မွာေတာ့ အလြတ္ေျပာင္းေ႐ႊ႕ခြင့္ရွိမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.