Premier League Serie A Transfer News

နွေရာသီထိပ်တန်းပစ်မှတ်အတွက် တီမို ဗာနာကိုပါ အလိုက်ပေးမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ် ဗဟိုခံစစ်ကစားသမား ဒီလစ်ချ်ကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ တီမို ဗာနာကိုပါ အလိုက်ပေးသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သောမတ်စ် တူဟယ်ဟာ အန်တိုနီယို ရူဒီဂါ ထွက်ခွာသွားပြီးနောက်ပိုင်း ခံစစ်ကို ပြန်လည်အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး ဒီလစ်ချ်ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီးနောက် ဂျူဗင်တပ်ကို စွန့်ခွာချင်နေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂီအန်လူကာ ဒီ မာဇီယိုက ချဲလ်ဆီးအသင်းဟာ အသက် ၂၂ နှစ်အရွယ် ဒတ်ချ်နောက်ခံကစားသမားတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းအပြင် တီမို ဗာနာကိုပါ အလိုက်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ စာချုပ်လျော်ကြေး ပေါင် ၁၀၃ သန်းတန်ကြေးရှိတဲ့ ကစားသမားအတွက် ဒီထက်ပိုပြီး လိုချင်လိမ့်မယ်လို့လည်း ဒီ မာဇီယိုက ပြောကြားခဲ့ပြီး ဒီလစ်ချ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ချင်နေမှာဖြစ်ပေမယ့် ချဲလ်ဆီးအနေနဲ့ ဒတ်ချ်နောက်ခံလူအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပေးဖို့ လိုမှာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ကာလရှည်အသင်းအတွက် ကစားပေးခဲ့တဲ့ တိုက်စစ်မှူး ဒီဘားလားကို ထွက်ခွာခွင့်ပြုခဲ့ရတာကြောင့် တီမို ဗာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း လက်ရှိ တစ်ပတ်လုပ်ခလစာ ပေါင် ၂၇၀၀၀၀ ရရှိနေတဲ့ ဂျာမန်တိုက်စစ်မှူးရဲ့လစာက ပြဿနာဖြစ်နေတယ်လို့ သိရပါတယ်။

တီမို ဗာနာဟာ ၂၀၂၀ ခုနှစ် ဇွန်လမှာ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၅၀ ကုန်ကျစေခဲ့ပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂ ရာသီကစားခဲ့ရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ အသင်းကို စွန့်ခွာသွားတာကြောင့် ခံစစ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဆီဗီလာနောက်ခံလူ ဂျူးစ် ကွန်ဒေးကလည်း ချဲလ်ဆီးနဲ့ သတင်းထွက်ပေါ်နေခဲ့တဲ့ ကမ္ဘာ့အဆင့် နောက်ခံကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ် ဗဟိုခံစစ်ကစားသမား ဒီလစ်ခ်ျကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ တီမို ဗာနာကိုပါ အလိုက်ပေးသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သောမတ်စ် တူဟယ်ဟာ အန်တိုနီယို ရူဒီဂါ ထွက်ခွာသွားပြီးနောက်ပိုင်း ခံစစ်ကို ပြန်လည်အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး ဒီလစ်ခ်ျဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီးနောက် ဂျူဗင်တပ်ကို စွန့်ခွာချင်နေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂီအန်လူကာ ဒီ မာဇီယိုက ချဲလ်ဆီးအသင်းဟာ အသက် ၂၂ နှစ်အရွယ် ဒတ်ခ်ျနောက်ခံကစားသမားတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းအပြင် တီမို ဗာနာကိုပါ အလိုက်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ စာချုပ်လျော်ကြေး ပေါင် ၁၀၃ သန်းတန်ကြေးရှိတဲ့ ကစားသမားအတွက် ဒီထက်ပိုပြီး လိုချင်လိမ့်မယ်လို့လည်း ဒီ မာဇီယိုက ပြောကြားခဲ့ပြီး ဒီလစ်ခ်ျဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျကို ပြောင်းရွှေ့ချင်နေမှာဖြစ်ပေမယ့် ချဲလ်ဆီးအနေနဲ့ ဒတ်ခ်ျနောက်ခံလူအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပေးဖို့ လိုမှာဖြစ်ပါတယ်။


တီမို ဗာနာဟာ ၂၀၂၀ ခုနှစ် ဇွန်လမှာ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၅၀ ကုန်ကျစေခဲ့ပေမယ့် စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂ ရာသီကစားခဲ့ရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.