Article Bundesliga International La Liga Serie A

ဘောလုံးလောကရဲ့ နာမည်ကြီးပေမယ့် အကောင်သေးတဲ့ ဗဟိုခံစစ်မှူးများ

ဘောလုံးလောကမှာ ခံစစ်ဗဟိုကစားသမားတွေဟာ ဖြတ်တင်ဘောတွေ၊ တည်ကန်ဘောတွေနဲ့ တစ်ဖက်အသင်းက တိုက်စစ်ဆင်လာသမျှကို ရင်ဆိုင်နပမ်းလုံးရလေ့ရှိသူတွေဖြစ်ပြီး သူတို့ရဲ့ ခေါင်းတိုက်ဖျက်ထုတ်နိုင်စွမ်းက တခြားနေရာမှာ ကစားသူတွေထက် မြင့်မားရလေ့ရှိတာကြောင့် အများအားဖြင့် အရပ်ရှည်ပြီး ဘော်ဒီတောင့်သူတွေသာ ခံစစ်မှူးဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် သူတို့တွေကြားထဲမှာ အရပ် ၆ ပေတောင် မပြည့်တဲ့ ကစားသမားတွေလည်း ရှိကြပြီး သူတို့ကတော့ သူတို့ရဲ့ မြေပေါ်မှာ လူရော ဘောလုံးပါ မလွတ်အောင် ပိတ်ဆို့နိုင်စွမ်းကြောင့် လေထဲက တာဝန်ကို တွဲဖက်ခံစစ်သမားတွေကို ယူပေးတတ်ကြသလို တချို့ကတော့ အရပ်ပုပေမယ့် အခုန်အပျံကောင်းလွန်းသူတွေလည်း ရှိရာမှာ ဒီထဲက နာမည်ကြီးခဲ့သူတွေကို လေ့လာကြည့်ရအောင်ပါ။

၁၀။ ဒေးဗစ် အလာဘာ (၅ ပေ ၁၁)
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခံစစ်မှူး ဒေးဗစ် အလာဘာကကတော့ သူ့ရဲ့ ကစားသမားဘဝမှာ စွယ်စုံရပြီး ကွင်းလယ်၊ တိုက်စစ်၊ ခံစစ်တောင်ပံ နေရာတွေမှာ ကစားခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဘိုင်ယန်မြူးနစ်မှာ ထွန်းတောက်လာတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို နေရာပေးဖို့ အလယ်ဝင်ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်နဲ့ ပွဲကို ဖတ်ရှုနိုင်စွမ်းကို အခြေခံပြီး ပြောင်းလဲကစားခဲ့ရာမှာ နှစ်သင်းစလုံးမှာ လက်ရှိအောင်မြင်နေသူဖြစ်ပါတယ်။

၉။ ရော်နယ်လ် ကိုးမန်း (၅ ပေ ၁၁)
ဘာစီလိုနာ၊ အိုင်းယက်စ်အသင်းတွေနဲ့ နာမည်ကျော်ခဲ့တဲ့ နည်းပြဟောင်းဟာ အရပ်အမောင်းအားဖြင့် သာမန်သာ ရှိသူဖြစ်ပေမယ့် သူ့ရဲ့ မာကျောတဲ့ ကစားဟန်နဲ့ ဒတ်ချ်ကစားသမားပီပီ Total Football ကို ကျွမ်းကျင်မှုနဲ့ ဉာဏ်ရည်မြင့်မားမှုက ထိပ်တန်းအဆင့်ဆီ တွန်းပို့ခဲ့တာဖြစ်ပါတယ်။ သူတို့ခေတ်က တိုက်စစ်သန်တဲ့ ဗဟိုနောက်ခံလူအဖြစ် နာမည်ကြီးခဲ့ပြီး ဂိုးရှေ့မှာ ထူးချွန်သလို တည်ကန်ဘောနဲ့ ပင်နယ်တီတွေမှာလည်း ကျွမ်းကျင်ခဲ့လို့ သူ့ရဲ့ ကစားသမားဘဝ ၅၃၅ ပွဲမှာ ၁၉၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

၈။ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ (၅ ပေ ၁၁)
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္ထဝင် ဘက်ကင်ဘောင်ဝါကတော့ အနောက်ဂျာမနီအသင်းနဲ့အတူ တစ်ခေတ်တစ်ခါကို ထူထောင်နိုင်ခဲ့တာပါ။ ဉာဏ်ရည်မြင့်မားတဲ့ ဂျာမန်သားကြီးဟာ သူ့ခေတ်မှာတော့ လစ်ဘရိုလို့ ခေါ်တဲ့ တစ်ဖက်တိုက်စစ်ကို ဖြတ်တောက်ကစားသူနေရာကို စွန့်ဦးတီထွင်ခဲ့တဲ့ အထဲက တစ်ဦးဖြစ်ပြီး ဘုရင်ကြီးလို့ အဓိပ္ပါယ်ရတဲ့ ဒါးကိုင်ဇာလို့ အမည်ရခဲ့သူလည်းဖြစ်ပါတယ်။ အရပ်အမောင်း မြင့်မားခြင်း မရှိပေမယ့် တစ်ဖက် တိုက်စစ်ကို ဟန့်တားရာမှာ ထူးချွန်လွန်းသူဖြစ်ပြီး ဘောလုံးပေးပို့မှုတွေမှာလည်း ကောင်းမွန်သူပါ။

၇။ ဖရန့် ဒီဘိုး (၅ ပေ ၁၁)
ဒီဒတ်ချ်ကပ္ပတိန်ကိုတော့ လူလတ်ပိုင်းတော်တော်များများ သိမီလိုက်ကြမှာဖြစ်ပါတယ်။ နယ်သာလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ခံစစ်တန်းကို ဦးဆောင်သူဖြစ်ပြီး နောက်တန်းကနေ Penetrating Pass တွေမှာ ထူးချွန်သူဖြစ်သလို အိုင်းယက်စ်နဲ့ ဘာစီလိုနာအသင်းတွေမှာ နာမည်ကြီးခဲ့တဲ့သူပါ။ ဖရန့် ဒီဘိုးဟာ ညီဖြစ်သူ အလယ်တန်းကစားသမား ရော်နယ်လ် ဒီဘိုးထက် အောင်မြင်ခဲ့သူလည်းဖြစ်ပြီး လက်ရှိမှာတော့ နည်းပြဘဝကိုလည်း ထူးချွန်တဲ့ အရည်အသွေးတွေနဲ့ မှတ်ကျောက်တင်ခံထားနိုင်ခဲ့ပါတယ်။

၆။ ဘော်ဘီမိုး (၅ ပေ ၁၀)
အိမ်ကွင်းမှာ အသင်းလေးတွေကို အနိုင်ကျင့်လေ့ရှိပြီး နိုင်ငံတကာနဲ့ ဥရောပအဆင့်မှာ နာမည်ကြီး ထမင်းငတ်ဖြစ်တဲ့ အင်္ဂလန်တို့ရဲ့ မူးရင် ပြေးပြေးရှူစရာဖြစ်ခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလားကြီးကို ဝင်ဘလီကွင်းမှာ အနောက်ဂျာမနီကို အနိုင်ယူပြီး သိမ်းပိုက်ခဲ့ရာမှာ အဓိက ကစားသမားဖြစ်ခဲ့တဲ့ နောက်ခံလူဟောင်းကြီးကလည်း ခပ်မြင့်မြင့် ခပ်ထွားထွားထဲကတော့ မဟုတ်ခဲ့တာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းဂန္ထဝင်ဟာ အင်္ဂလန်မှာတော့ နာမည်ပြောရင် မီးသေတဲ့ လေးစားမှု အမြင့်မားဆုံးခံရသူဖြစ်ပြီး ပီလီ၊ ဘက်ကင်ဘောင်ဝါနဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့ရဲ့ အမြင့်ဆုံး ချီးကျူးခံရသူလည်းဖြစ်ပါတယ်။

၅။ ကာလက်စ် ပူယိုလ် (၅ ပေ ၁၀)
ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် နောက်ခံလူဟာ ကစားသမားဘဝအစကို ညာနောက်ခံမှာ စတင်ခဲ့သူဖြစ်ပြီး တဖြည်းဖြည်းနဲ့ ဗဟိုခံစစ်ကို ပြောင်းလဲကစားခဲ့တာပါ။ အသင်းရဲ့ သစ္စာဖောက်အဖြစ် ရှုမြင်ခံထားရတဲ့ လူးဝစ် ဖီဂိုကို နူးကမ့်ပရိသတ်ရှေ့မှာ အိတ်ထဲ ထည့်ပြပြီး ကြီးပွားလာတဲ့ စပိန်သားဟာ ရှုပ်ထွေးတဲ့ ဆံပင်ပုံစံကို ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ကစားပုံကတော့ တစ်ဖက်တိုက်စစ်မှူးတွေကို အကျော်မခံဘဲ ကြိုက်သလို လာခဲ့၊ ရအောင် ရှင်းမယ်ဆိုတဲ့ No-Nonsense Defender တစ်ဦးဖြစ်ပြီး စပိန်ရဲ့ ထာဝရအကောင်းဆုံးတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

၄။ ဖရန်ကို ဘာရီစီ (၅ ပေ ၉)
အေစီမီလန်အသင်းရဲ့ နာမည်ကျော် ခံစစ်မှူးတွေဖြစ်ကြတဲ့ ပေါ်လို မာလ်ဒီနီ၊ အလက်ဆန်ဒရို ကော်စတာကူတာ၊ ခရစ္စတီယန် ပါနူချီတို့လို ကစားသမားတွေကို တွဲဖက်အဖြစ် သင်ကြားပေးခဲ့တဲ့ ဆရာကြီး ဘာရီစီကတော့ အရပ်ပုသူတွေကို ရှေ့ပို့ပြီး အရပ်မြင့်သူတွေကို နောက်ထားတဲ့ အီတလီလို နိုင်ငံမျိုးမှာ အသေးလေးဆိုပြီး တခမ်းတနား တန်ဖိုးထားခံရသူဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်တည်းမှာ အငယ်ဖြစ်တဲ့ ဖရန်ကိုဟာ ပြိုင်ဘက် အင်တာ မီလန် ဂန္ထဝင် အစ်ကိုဖြစ်သူ ဂျူဆက်ပီထက် ပိုမိုအောင်မြင်ခဲ့သူလည်းဖြစ်ပြီး အီတလီအသင်းမှာလည်း ၈၁ ပွဲ ကစားပေးခဲ့သူပါ။

၃။ ဖာဘီယို ကန်နာဗာရို (၅ ပေ ၉)
ကန်နာဗာရို ဘာကောင်လဲဆိုတာတော့ လူတိုင်းသိကြပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားရ အီတလီအသင်းကို ကပ္ပတိန်အဖြစ် ဦးဆောင်ခဲ့တဲ့ ခံစစ်မှူးဟာ ပါးမား၊ အင်တာ၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမယ့် ကြီးမားထွားကြိုင်းတဲ့သူမျိုးတော့ မဟုတ်သလို ဆုဖလားတွေက သူ့ရဲ့ အရပ်ထက် အဆပေါင်းများစွာ မြင့်မားနေမှာ သေချာပါတယ်။ အသက်ကြီးလာချိန်မှာ မြေပြင်ပေါ်က ဘောလုံးတွေကို ပိုမိုအာရုံစိုက်လာပေမယ့် သူဟာ ငယ်ရွယ်စဉ်မှာ အရပ်အမောင်းမြင့်မားတဲ့ တိုက်စစ်မှူးတွေနဲ့ ယှဉ်ပြီးတော့ ခေါင်းတိုက်ဖျက်နိုင်အောင် အခုန်အပျံ ကောင်းလွန်းခဲ့သူလည်းဖြစ်ပါတယ်။

၂။ အီဗန် ကော်ဒိုဘာ (၅ ပေ ၈)
အင်တာမီလန်အသင်းရဲ့ ခံစစ်မှာ ကန်နာဗာရိုနဲ့ ကော်ဒိုဘာတို့နှစ်ယောက် တွဲပြီး ပွဲထွက်ခဲ့တာကတော့ ၂၀၀၂-၀၃ နဲ့ ၂၀၀၃-၀၄ ရာသီတွေမှာ ဖြစ်ပြီး စိုးရိမ်တတ်သူ ပရိသတ်တွေအတွက်တော့ တုန်လှုပ်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်နဲ့အတူ ခေါင်းမာတဲ့ ဆေးလိပ်သမားနည်းပြ ဟက်တာ ကူးပါးကို တွဲပေးလိုက်ချိန်မှာတော့ ဒီရာသီတွေက အင်တာအတွက် ဖလားလက်မဲ့ဖြစ်သွားခဲ့ပြီး ဒီအသင်းနဲ့ ကိုလံဘီယာဂန္ထဝင်နောက်ခံလူတစ်ယောက် ဆုဖလားတွေ ရဖို့အတွက် ဂျူဗင်တပ်စ်အသင်း လုပ်ပွဲနဲ့ တန်းဆင်းသွားအောင် စောင့်ဆိုင်းခဲ့ရသလို သူ့ရဲ့ အရပ်အမောင်းကတော့ စီးရီးအေမှာ အထူးခြားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့တာပါ။

၁။ ဟားဗီးယား မာရှေရာနို (၅ ပေ ၈)
အီတလီသံနဲ့ဆို မာစကဲယာနိုလို့ ထွက်တဲ့ ဒီအာဂျင်တီးနားသားဟာ ဘာစီလိုနာအသင်းမှာ ဗဟိုခံစစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့ရသူဖြစ်ပြီး အာဂျင်တီးနားအတွက်တော့ ကွင်းလယ်မှာ အဓိက ကစားခဲ့သလို ပွဲပေါင်း ၁၄၇ ပွဲအထိ မှတ်တမ်းဝင်ခဲ့သူပါ။ ကွင်းလယ်အဖျက်ကစားသမားတစ်ဦးဘဝက လာသူဖြစ်လို့ သူ့ရဲ့ အလစ်မပေးတဲ့ ဖျက်ထုတ်မှု၊ လုပ်အားနှုန်းနဲ့ နေရာယူပုံတွေက ပြောစရာမလိုအောင် ကောင်းမွန်ခဲ့ပြီး ဘာစီလိုနာတို့အတွက်တော့ လီဗာပူးလ်ဆီက အဖိုးတန်ခေါ်ယူမှုတစ်ခုဖြစ်ခဲ့သလို ပြိုင်ပွဲစုံ ဆုဖလား ၁၉ လုံးအထိ သိမ်းပိုက်ပေးနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကမွာ ခံစစ္ဗဟိုကစားသမားေတြဟာ ျဖတ္တင္ေဘာေတြ၊ တည္ကန္ေဘာေတြနဲ႔ တစ္ဖက္အသင္းက တိုက္စစ္ဆင္လာသမွ်ကို ရင္ဆိုင္နပမ္းလုံးရေလ့ရွိသူေတြျဖစ္ၿပီး သူတို႔ရဲ႕ ေခါင္းတိုက္ဖ်က္ထုတ္ႏိုင္စြမ္းက တျခားေနရာမွာ ကစားသူေတြထက္ ျမင့္မားရေလ့ရွိတာေၾကာင့္ အမ်ားအားျဖင့္ အရပ္ရွည္ၿပီး ေဘာ္ဒီေတာင့္သူေတြသာ ခံစစ္မႉးျဖစ္ေလ့ရွိပါတယ္။

ဒါေပမယ့္ သူတို႔ေတြၾကားထဲမွာ အရပ္ ၆ ေပေတာင္ မျပည့္တဲ့ ကစားသမားေတြလည္း ရွိၾကၿပီး သူတို႔ကေတာ့ သူတို႔ရဲ႕ ေျမေပၚမွာ လူေရာ ေဘာလုံးပါ မလြတ္ေအာင္ ပိတ္ဆို႔ႏိုင္စြမ္းေၾကာင့္ ေလထဲက တာဝန္ကို တြဲဖက္ခံစစ္သမားေတြကို ယူေပးတတ္ၾကသလို တခ်ိဳ႕ကေတာ့ အရပ္ပုေပမယ့္ အခုန္အပ်ံေကာင္းလြန္းသူေတြလည္း ရွိရာမွာ ဒီထဲက နာမည္ႀကီးခဲ့သူေတြကို ေလ့လာၾကည့္ရေအာင္ပါ။

၁၀။ ေဒးဗစ္ အလာဘာ (၅ ေပ ၁၁)
ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ခံစစ္မႉး ေဒးဗစ္ အလာဘာကကေတာ့ သူ႔ရဲ႕ ကစားသမားဘဝမွာ စြယ္စုံရၿပီး ကြင္းလယ္၊ တိုက္စစ္၊ ခံစစ္ေတာင္ပံ ေနရာေတြမွာ ကစားခဲ့ေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ဘိုင္ယန္ျမဴးနစ္မွာ ထြန္းေတာက္လာတဲ့ အယ္လ္ဖြန္ဆို ေဒးဗီးစ္ကို ေနရာေပးဖို႔ အလယ္ဝင္ၿပီး သူ႔ရဲ႕ ေဘာလုံးေပးပို႔မႈ စြမ္းရည္နဲ႔ ပြဲကို ဖတ္ရႈႏိုင္စြမ္းကို အေျခခံၿပီး ေျပာင္းလဲကစားခဲ့ရာမွာ ႏွစ္သင္းစလုံးမွာ လက္ရွိေအာင္ျမင္ေနသူျဖစ္ပါတယ္။

၉။ ေရာ္နယ္လ္ ကိုးမန္း (၅ ေပ ၁၁)
ဘာစီလိုနာ၊ အိုင္းယက္စ္အသင္းေတြနဲ႔ နာမည္ေက်ာ္ခဲ့တဲ့ နည္းျပေဟာင္းဟာ အရပ္အေမာင္းအားျဖင့္ သာမန္သာ ရွိသူျဖစ္ေပမယ့္ သူ႔ရဲ႕ မာေက်ာတဲ့ ကစားဟန္နဲ႔ ဒတ္ခ်္ကစားသမားပီပီ Total Football ကို ကြၽမ္းက်င္မႈနဲ႔ ဉာဏ္ရည္ျမင့္မားမႈက ထိပ္တန္းအဆင့္ဆီ တြန္းပို႔ခဲ့တာျဖစ္ပါတယ္။ သူတို႔ေခတ္က တိုက္စစ္သန္တဲ့ ဗဟိုေနာက္ခံလူအျဖစ္ နာမည္ႀကီးခဲ့ၿပီး ဂိုးေရွ႕မွာ ထူးခြၽန္သလို တည္ကန္ေဘာနဲ႔ ပင္နယ္တီေတြမွာလည္း ကြၽမ္းက်င္ခဲ့လို႔ သူ႔ရဲ႕ ကစားသမားဘဝ ၅၃၅ ပြဲမွာ ၁၉၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာပါ။

၈။ ဖရန႔္ဇ္ ဘက္ကင္ေဘာင္ဝါ (၅ ေပ ၁၁)
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဂႏၴဝင္ ဘက္ကင္ေဘာင္ဝါကေတာ့ အေနာက္ဂ်ာမနီအသင္းနဲ႔အတူ တစ္ေခတ္တစ္ခါကို ထူေထာင္ႏိုင္ခဲ့တာပါ။ ဉာဏ္ရည္ျမင့္မားတဲ့ ဂ်ာမန္သားႀကီးဟာ သူ႔ေခတ္မွာေတာ့ လစ္ဘ႐ိုလို႔ ေခၚတဲ့ တစ္ဖက္တိုက္စစ္ကို ျဖတ္ေတာက္ကစားသူေနရာကို စြန႔္ဦးတီထြင္ခဲ့တဲ့ အထဲက တစ္ဦးျဖစ္ၿပီး ဘုရင္ႀကီးလို႔ အဓိပၸါယ္ရတဲ့ ဒါးကိုင္ဇာလို႔ အမည္ရခဲ့သူလည္းျဖစ္ပါတယ္။ အရပ္အေမာင္း ျမင့္မားျခင္း မရွိေပမယ့္ တစ္ဖက္ တိုက္စစ္ကို ဟန႔္တားရာမွာ ထူးခြၽန္လြန္းသူျဖစ္ၿပီး ေဘာလုံးေပးပို႔မႈေတြမွာလည္း ေကာင္းမြန္သူပါ။

၇။ ဖရန႔္ ဒီဘိုး (၅ ေပ ၁၁)
ဒီဒတ္ခ်္ကပၸတိန္ကိုေတာ့ လူလတ္ပိုင္းေတာ္ေတာ္မ်ားမ်ား သိမီလိုက္ၾကမွာျဖစ္ပါတယ္။ နယ္သာလန္ရဲ႕ ေ႐ႊေရာင္မ်ိဳးဆက္မွာ ခံစစ္တန္းကို ဦးေဆာင္သူျဖစ္ၿပီး ေနာက္တန္းကေန Penetrating Pass ေတြမွာ ထူးခြၽန္သူျဖစ္သလို အိုင္းယက္စ္နဲ႔ ဘာစီလိုနာအသင္းေတြမွာ နာမည္ႀကီးခဲ့တဲ့သူပါ။ ဖရန႔္ ဒီဘိုးဟာ ညီျဖစ္သူ အလယ္တန္းကစားသမား ေရာ္နယ္လ္ ဒီဘိုးထက္ ေအာင္ျမင္ခဲ့သူလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ နည္းျပဘဝကိုလည္း ထူးခြၽန္တဲ့ အရည္အေသြးေတြနဲ႔ မွတ္ေက်ာက္တင္ခံထားႏိုင္ခဲ့ပါတယ္။

၆။ ေဘာ္ဘီမိုး (၅ ေပ ၁၀)
အိမ္ကြင္းမွာ အသင္းေလးေတြကို အႏိုင္က်င့္ေလ့ရွိၿပီး ႏိုင္ငံတကာနဲ႔ ဥေရာပအဆင့္မွာ နာမည္ႀကီး ထမင္းငတ္ျဖစ္တဲ့ အဂၤလန္တို႔ရဲ႕ မူးရင္ ေျပးေျပးရႉစရာျဖစ္ခဲ့တဲ့ ၁၉၆၆ ကမာၻ႔ဖလားႀကီးကို ဝင္ဘလီကြင္းမွာ အေနာက္ဂ်ာမနီကို အႏိုင္ယူၿပီး သိမ္းပိုက္ခဲ့ရာမွာ အဓိက ကစားသမားျဖစ္ခဲ့တဲ့ ေနာက္ခံလူေဟာင္းႀကီးကလည္း ခပ္ျမင့္ျမင့္ ခပ္ထြားထြားထဲကေတာ့ မဟုတ္ခဲ့တာပါ။ ဒါေပမယ့္ ဝက္စ္ဟမ္းဂႏၴဝင္ဟာ အဂၤလန္မွာေတာ့ နာမည္ေျပာရင္ မီးေသတဲ့ ေလးစားမႈ အျမင့္မားဆုံးခံရသူျဖစ္ၿပီး ပီလီ၊ ဘက္ကင္ေဘာင္ဝါနဲ႔ ဆာအဲလက္စ္ ဖာဂူဆန္တို႔ရဲ႕ အျမင့္ဆုံး ခ်ီးက်ဴးခံရသူလည္းျဖစ္ပါတယ္။

၅။ ကာလက္စ္ ပူယိုလ္ (၅ ေပ ၁၀)
ဘာစီလိုနာအသင္းရဲ႕ လာမာစီယာအကယ္ဒမီထြက္ ေနာက္ခံလူဟာ ကစားသမားဘဝအစကို ညာေနာက္ခံမွာ စတင္ခဲ့သူျဖစ္ၿပီး တျဖည္းျဖည္းနဲ႔ ဗဟိုခံစစ္ကို ေျပာင္းလဲကစားခဲ့တာပါ။ အသင္းရဲ႕ သစၥာေဖာက္အျဖစ္ ရႈျမင္ခံထားရတဲ့ လူးဝစ္ ဖီဂိုကို ႏူးကမ့္ပရိသတ္ေရွ႕မွာ အိတ္ထဲ ထည့္ျပၿပီး ႀကီးပြားလာတဲ့ စပိန္သားဟာ ရႈပ္ေထြးတဲ့ ဆံပင္ပုံစံကို ပိုင္ဆိုင္ထားေပမယ့္ သူ႔ရဲ႕ ကစားပုံကေတာ့ တစ္ဖက္တိုက္စစ္မႉးေတြကို အေက်ာ္မခံဘဲ ႀကိဳက္သလို လာခဲ့၊ ရေအာင္ ရွင္းမယ္ဆိုတဲ့ No-Nonsense Defender တစ္ဦးျဖစ္ၿပီး စပိန္ရဲ႕ ထာဝရအေကာင္းဆုံးတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

၄။ ဖရန္ကို ဘာရီစီ (၅ ေပ ၉)
ေအစီမီလန္အသင္းရဲ႕ နာမည္ေက်ာ္ ခံစစ္မႉးေတြျဖစ္ၾကတဲ့ ေပၚလို မာလ္ဒီနီ၊ အလက္ဆန္ဒ႐ို ေကာ္စတာကူတာ၊ ခရစၥတီယန္ ပါႏူခ်ီတို႔လို ကစားသမားေတြကို တြဲဖက္အျဖစ္ သင္ၾကားေပးခဲ့တဲ့ ဆရာႀကီး ဘာရီစီကေတာ့ အရပ္ပုသူေတြကို ေရွ႕ပို႔ၿပီး အရပ္ျမင့္သူေတြကို ေနာက္ထားတဲ့ အီတလီလို ႏိုင္ငံမ်ိဳးမွာ အေသးေလးဆိုၿပီး တခမ္းတနား တန္ဖိုးထားခံရသူျဖစ္ပါတယ္။ ညီအစ္ကိုႏွစ္ေယာက္တည္းမွာ အငယ္ျဖစ္တဲ့ ဖရန္ကိုဟာ ၿပိဳင္ဘက္ အင္တာ မီလန္ ဂႏၴဝင္ အစ္ကိုျဖစ္သူ ဂ်ဴဆက္ပီထက္ ပိုမိုေအာင္ျမင္ခဲ့သူလည္းျဖစ္ၿပီး အီတလီအသင္းမွာလည္း ၈၁ ပြဲ ကစားေပးခဲ့သူပါ။

၃။ ဖာဘီယို ကန္နာဗာ႐ို (၅ ေပ ၉)
ကန္နာဗာ႐ို ဘာေကာင္လဲဆိုတာေတာ့ လူတိုင္းသိၾကပါတယ္။ ၂၀၀၆ ကမာၻ႔ဖလားရ အီတလီအသင္းကို ကပၸတိန္အျဖစ္ ဦးေဆာင္ခဲ့တဲ့ ခံစစ္မႉးဟာ ပါးမား၊ အင္တာ၊ ဂ်ဴဗင္တပ္စ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြမွာ ေအာင္ျမင္မႈမ်ားစြာ ရယူႏိုင္ခဲ့ေပမယ့္ ႀကီးမားထြားႀကိဳင္းတဲ့သူမ်ိဳးေတာ့ မဟုတ္သလို ဆုဖလားေတြက သူ႔ရဲ႕ အရပ္ထက္ အဆေပါင္းမ်ားစြာ ျမင့္မားေနမွာ ေသခ်ာပါတယ္။ အသက္ႀကီးလာခ်ိန္မွာ ေျမျပင္ေပၚက ေဘာလုံးေတြကို ပိုမိုအာ႐ုံစိုက္လာေပမယ့္ သူဟာ ငယ္႐ြယ္စဥ္မွာ အရပ္အေမာင္းျမင့္မားတဲ့ တိုက္စစ္မႉးေတြနဲ႔ ယွဥ္ၿပီးေတာ့ ေခါင္းတိုက္ဖ်က္ႏိုင္ေအာင္ အခုန္အပ်ံ ေကာင္းလြန္းခဲ့သူလည္းျဖစ္ပါတယ္။

၂။ အီဗန္ ေကာ္ဒိုဘာ (၅ ေပ ၈)
အင္တာမီလန္အသင္းရဲ႕ ခံစစ္မွာ ကန္နာဗာ႐ိုနဲ႔ ေကာ္ဒိုဘာတို႔ႏွစ္ေယာက္ တြဲၿပီး ပြဲထြက္ခဲ့တာကေတာ့ ၂၀၀၂-၀၃ နဲ႔ ၂၀၀၃-၀၄ ရာသီေတြမွာ ျဖစ္ၿပီး စိုးရိမ္တတ္သူ ပရိသတ္ေတြအတြက္ေတာ့ တုန္လႈပ္ခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္နဲ႔အတူ ေခါင္းမာတဲ့ ေဆးလိပ္သမားနည္းျပ ဟက္တာ ကူးပါးကို တြဲေပးလိုက္ခ်ိန္မွာေတာ့ ဒီရာသီေတြက အင္တာအတြက္ ဖလားလက္မဲ့ျဖစ္သြားခဲ့ၿပီး ဒီအသင္းနဲ႔ ကိုလံဘီယာဂႏၴဝင္ေနာက္ခံလူတစ္ေယာက္ ဆုဖလားေတြ ရဖို႔အတြက္ ဂ်ဴဗင္တပ္စ္အသင္း လုပ္ပြဲနဲ႔ တန္းဆင္းသြားေအာင္ ေစာင့္ဆိုင္းခဲ့ရသလို သူ႔ရဲ႕ အရပ္အေမာင္းကေတာ့ စီးရီးေအမွာ အထူးျခားဆုံးေတြထဲက တစ္ခုျဖစ္ခဲ့တာပါ။

၁။ ဟားဗီးယား မာေရွရာႏို (၅ ေပ ၈)
အီတလီသံနဲ႔ဆို မာစကဲယာႏိုလို႔ ထြက္တဲ့ ဒီအာဂ်င္တီးနားသားဟာ ဘာစီလိုနာအသင္းမွာ ဗဟိုခံစစ္မႉးအျဖစ္ ေျပာင္းလဲကစားခဲ့ရသူျဖစ္ၿပီး အာဂ်င္တီးနားအတြက္ေတာ့ ကြင္းလယ္မွာ အဓိက ကစားခဲ့သလို ပြဲေပါင္း ၁၄၇ ပြဲအထိ မွတ္တမ္းဝင္ခဲ့သူပါ။ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးဘဝက လာသူျဖစ္လို႔ သူ႔ရဲ႕ အလစ္မေပးတဲ့ ဖ်က္ထုတ္မႈ၊ လုပ္အားႏႈန္းနဲ႔ ေနရာယူပုံေတြက ေျပာစရာမလိုေအာင္ ေကာင္းမြန္ခဲ့ၿပီး ဘာစီလိုနာတို႔အတြက္ေတာ့ လီဗာပူးလ္ဆီက အဖိုးတန္ေခၚယူမႈတစ္ခုျဖစ္ခဲ့သလို ၿပိဳင္ပြဲစုံ ဆုဖလား ၁၉ လုံးအထိ သိမ္းပိုက္ေပးႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.