La Liga Ligue1

မက်ဆီကို ဘာကြောင့် ခွေးသန်းလို့ နာမည်ပြောင်ပေးထားတာလဲ

အာဂျင်တီးနားတိုက်စစ်မှူးဟာ တသက်တာအကောင်းဆုံးကစားသမား GOAT လို့ လူသိများပေမယ့် တခြားလူတွေကတော့ မက်ဆီဟာ ခွေးသန်းအဖြစ် သိထားကြပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားအများစုမှာ နာမည်ပြောင်တွေ ရှိကြပြီး မက်ဆီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာလည်း စပိန်လို ‘El Bicho'(ပိုးကောင်)ဆိုတဲ့ နာမည်ပြောင်ရှိတာဖြစ်ပါတယ်။ အလားတူပဲ မက်ဆီဟာလည်း အခြားကစားသမားတွေနည်းတူ နာမည်ပြောင်ရှိပြီး ‘La Pulga'(ခွေးလှေး၊ ခွေးသန်း)လို့ ခေါ်တွင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒီနာမည်ပြောင်ဟာ လီယွန်နယ် မက်ဆီ ကလေးဘဝကတည်းက ခေါ်ဝေါ်ခြင်းခံခဲ့ရတာဖြစ်ပြီး ၎င်းရဲ့ အစ်ကို ၂ ဦးက ညီဖြစ်သူကို ‘La Pulgita'(သန်းကောင်လေး)လို့ ချစ်စနိုး ခေါ်ရာကနေ နောက်ပိုင်းမှာ ‘La Pulga’ ဖြစ်လာတာဖြစ်ပါတယ်။

မက်ဆီဟာ မွေးရာပါ ကိုယ်ခန္ဓာဖွံ့ဖြိုးတဲ့ဟော်မုန်း ချို့တဲ့သူဖြစ်တာကြောင့် ကွင်းထဲမှာ လူကောင်အသေးဆုံးကစားသမားဖြစ်နေလေ့ရှိတာဖြစ်ပြီး စပိန်မီဒီယာအချို့က အာဂျင်တီးနားကြယ်ပွင့်ရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ဦးတည်ချက်ကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်စွမ်းရှိတာကြောင့် La Pulga Atomica လို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

တကယ်တော့ မက်ဆီရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှုက ၎င်းကို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေခဲ့တာဖြစ်ပြီး လျင်မြန်တဲ့ခြေထောက်တွေကလည်း မယုံနိုင်ဖွယ် အနုတ်အသိမ်း ပြုလုပ်နိုင်စေခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် မက်ဆီရဲ့ အရပ်အမောင်းကြောင့် ဆွဲငင်အား ဗဟိုချက်ဟာ အားနည်းတဲ့အတွက် ဘောလုံးနဲ့အတူ လိမ်ခေါက်နေချိန် သို့မဟုတ် ပြေးလွှားနေချိန်မှာ ကိုယ်ခန္ဓာက ဟန်ချက်ညီနေတာဖြစ်ပါတယ်(လဲကျအောင် ပြုလုပ်ဖို့ ခက်ခဲ)။

မက်ဆီမှာ နောက်ထပ် နာမည်ပြောင်တွေလည်း ရှိနေသေးပြီး လူသိများတဲ့ နာမည်ပြောင်ကတော့ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ ပထမနာမည် လီယွန်နယ်ကို အတိုကောက်အနေနဲ့ လီယိုလို့ ခေါ်ဝေါ်တာဖြစ်ပြီး ပုံမှန်အားဖြင့် ဘောလုံးသမားတွေ၊ အသင်းဖော်တွေ၊ ဘောလုံးဝေဖန်သူတွေလိုမျိုးလူတွေက ခေါ်ဝေါ်သုံးစွဲလေ့ ရှိပါတယ်။

မက်ဆီ အမာခံပရိသတ်တွေကတော့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာနဲ့ အာဂျင်တီးနားအတွက် သေရေးရှင်ရေးဖြစ်နေချိန်မှာ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တဲ့အတွက် Messiah(ကယ်တင်ရှင်)လို့လည်း သတ်မှတ်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဂ်င္တီးနားတိုက္စစ္မႉးဟာ တသက္တာအေကာင္းဆုံးကစားသမား GOAT လို႔ လူသိမ်ားေပမယ့္ တျခားလူေတြကေတာ့ မက္ဆီဟာ ေခြးသန္းအျဖစ္ သိထားၾကပါတယ္။

ကမာၻေက်ာ္ေဘာလုံးသမားအမ်ားစုမွာ နာမည္ေျပာင္ေတြ ရွိၾကၿပီး မက္ဆီရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုမွာလည္း စပိန္လို ‘El Bicho'(ပိုးေကာင္)ဆိုတဲ့ နာမည္ေျပာင္ရွိတာျဖစ္ပါတယ္။ အလားတူပဲ မက္ဆီဟာလည္း အျခားကစားသမားေတြနည္းတူ နာမည္ေျပာင္ရွိၿပီး ‘La Pulga'(ေခြးေလွး၊ ေခြးသန္း)လို႔ ေခၚတြင္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဒီနာမည္ေျပာင္ဟာ လီယြန္နယ္ မက္ဆီ ကေလးဘဝကတည္းက ေခၚေဝၚျခင္းခံခဲ့ရတာျဖစ္ၿပီး ၎ရဲ႕ အစ္ကို ၂ ဦးက ညီျဖစ္သူကို ‘La Pulgita'(သန္းေကာင္ေလး)လို႔ ခ်စ္စႏိုး ေခၚရာကေန ေနာက္ပိုင္းမွာ ‘La Pulga’ ျဖစ္လာတာျဖစ္ပါတယ္။

မက္ဆီဟာ ေမြးရာပါ ကိုယ္ခႏၶာဖြံ႕ၿဖိဳးတဲ့ေဟာ္မုန္း ခ်ိဳ႕တဲ့သူျဖစ္တာေၾကာင့္ ကြင္းထဲမွာ လူေကာင္အေသးဆုံးကစားသမားျဖစ္ေနေလ့ရွိတာျဖစ္ၿပီး စပိန္မီဒီယာအခ်ိဳ႕က အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ဆြဲငင္အားကို ဆန႔္က်င္ၿပီး ဦးတည္ခ်က္ကို လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲႏိုင္စြမ္းရွိတာေၾကာင့္ La Pulga Atomica လို႔ ေခၚေဝၚခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ မက္ဆီရဲ႕ ခႏၶာကိုယ္အေပၚပိုင္း ႀကံ့ခိုင္မႈက ၎ကို ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရာမွာ အေထာက္အကူျဖစ္ေစခဲ့တာျဖစ္ၿပီး လ်င္ျမန္တဲ့ေျခေထာက္ေတြကလည္း မယုံႏိုင္ဖြယ္ အႏုတ္အသိမ္း ျပဳလုပ္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။ အဲဒီအျပင္ မက္ဆီရဲ႕ အရပ္အေမာင္းေၾကာင့္ ဆြဲငင္အား ဗဟိုခ်က္ဟာ အားနည္းတဲ့အတြက္ ေဘာလုံးနဲ႔အတူ လိမ္ေခါက္ေနခ်ိန္ သို႔မဟုတ္ ေျပးလႊားေနခ်ိန္မွာ ကိုယ္ခႏၶာက ဟန္ခ်က္ညီေနတာျဖစ္ပါတယ္(လဲက်ေအာင္ ျပဳလုပ္ဖို႔ ခက္ခဲ)။

မက္ဆီမွာ ေနာက္ထပ္ နာမည္ေျပာင္ေတြလည္း ရွိေနေသးၿပီး လူသိမ်ားတဲ့ နာမည္ေျပာင္ကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ ပထမနာမည္ လီယြန္နယ္ကို အတိုေကာက္အေနနဲ႔ လီယိုလို႔ ေခၚေဝၚတာျဖစ္ၿပီး ပုံမွန္အားျဖင့္ ေဘာလုံးသမားေတြ၊ အသင္းေဖာ္ေတြ၊ ေဘာလုံးေဝဖန္သူေတြလိုမ်ိဳးလူေတြက ေခၚေဝၚသုံးစြဲေလ့ ရွိပါတယ္။

မက္ဆီ အမာခံပရိသတ္ေတြကေတာ့ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာနဲ႔ အာဂ်င္တီးနားအတြက္ ေသေရးရွင္ေရးျဖစ္ေနခ်ိန္မွာ အႀကိမ္ေပါင္းမ်ားစြာ ကယ္တင္ခဲ့တဲ့အတြက္ Messiah(ကယ္တင္ရွင္)လို႔လည္း သတ္မွတ္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.