Premier League

ဂျရတ်စကားနားမထောင်မိလို့ မန်စီးတီးနဲ့ ပိုအလှမ်းကွာရတော့မယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရာသီနောက်ဆုံးပိတ်ပွဲစဉ်အပြီး ပရီးမီးယားလိဂ်ဖလား မန်ချက်စတာစီးတီးလက်ထဲ ပါသွားတာကို ထိုင်ကြည့်ခဲ့ရပြီးနောက် ယခုလာမယ့်ရာသီမှာ ပိုလို့တောင် နောက်ရောက်သွားနိုင်တဲ့အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဒီနွေရာသီမှာ ကစားသမား ၃ ဦးအထိ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ထွက်ခွာခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ် ခေါ်ယူထားတဲ့ ကစားသမား ၃ ဦးတွေထဲက တစ်ဦးဖြစ်တဲ့ ဒါဝင် နူးညက်ဇ်တစ်ဦးတည်းသာ ပထမပွဲထွက်ကစားသမားအဖြစ် ရွေးချယ်နိုင်တဲ့ကစားသမားဖြစ်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပထမဦးစားပေးကစားသမားတွေ ခေါ်ယူရမယ့်အစား ထရင့် အလက်ဇန်းဒါး-အာနိုးလ်ရဲ့နေရာမှာ အရန်သင့်သုံးနိုင်မယ့် ကယ်လ်ဗင် ရမ်းဆေးနဲ့ လူငယ်တိုက်စစ်ကစားသမား ဖေဘီယို ကာဗယ်လ်ဟိုတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ အာလင်း ဟာလန်းကို ပေါင် ၅၁ သန်းပေးပြီး ခေါ်ယူခဲ့တဲ့ မန်စီးတီးနဲ့ ယှဉ်ရင် အားတက်စရာသိပ်မရှိတာဖြစ်ပါတယ်။

မန်စီးတီးဟာ လိဒ်စ်ယူနိုက်တက်ကွင်းလယ်ကစားသမား ကယ်လ်ဗင် ဖိလစ်ပ်စ်ကိုလည်း ဖာနန်ဒင်ညိုရဲ့ နေရာအတွက် အစားထိုးခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် ပေါင် ၄၂ သန်း ပေးချေရမှာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ကယ်လ်ဗင် ဖိလစ်ပ်စ်ဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ဘောလုံးဝေဖန်သုံသပ်သူတွေရဲ့ ရှုမြင်ခြင်းခံခဲ့ရတဲ့ကစားသမားဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းကို ပိုလို့တောင် အင်အားတောင့်တင်းစေတော့မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက ၎င်းတို့ရဲ့ ပွဲထွက်လူစာရင်းအတွက် ကစားသမားသစ် ၂ ဦး ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်ကတော့ နောက်ထပ် ကစားသမားသစ် ခေါ်ယူတော့မှာမဟုတ်တာဖြစ်ပြီး ဂန္တဝင်ကွင်းလယ်ကစားသမား စတီဗင် ဂျရတ်ရဲ့ ကွင်းလယ်နေရာကို အင်အားဖြည့်တင်းဖို့ သတိပေးစကားကိုပါ လစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။

“ဂျော်ဒန် ဟန်ဒါဆန်နဲ့ မီလ်နာတို့က အသက်မငယ်တော့ပါဘူး။ သူတို့တွေ ဒီလိုအဆင့်အတန်းမှာ ထိပ်တန်းကစားသမားတွေ ဖြစ်နေသေးတာမှန်ပြီး သူတို့တွေ ဆက်ကစားပြီး ဒီထက်ပိုလုပ်ချင်ကြမှာပါ။ ဒါပေမယ့် လီဗာပူးလ်အတွက်တော့ လာမယ့် ၅ နှစ်၊ ၆ နှစ်လောက်ကို ခင်ဗျား တွေးကြည့်လိုက်ရင် သူတို့တွေ ကွင်းလယ်ကစားသမား လိုတော့မှာပါ။ သွင်းဂိုးတွေ ကိန်းဂဏန်း ၂ လုံးလောက်အထိ သွင်းယူပေးနိုင်မယ့် ကျောနံပါတ် ၈ ကွင်းလယ်ကစားသမားပေါ့”

“သူတို့တွေက တိုက်စစ် ၃ ဦးကို အလွန်အမင်း မှီခိုနေရတယ်။ ဒါမှမဟုတ် ဂျိုတာနဲ့ ဖာမီနိုပါ ပါရင်တော့ တိုက်စစ် ၅ ဦးပေါ့။ ဒါပေမယ့်လည်း ခင်ဗျားမှာ ပင်နယ်တီဧရိယာထဲ ပြေးဝင်ပြီး ဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလောက်တော့ အမြဲတမ်း လိုအပ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

စတီဗင် ဂျရတ်ရဲ့ အကြံပေးစကားကို နားထောင်ရမယ့်အစား လီဗာပူးလ်အသင်းဟာ လာမယ့် နွေရာသီမတိုင်ခင်အထိ ကွင်းလယ်ကစားသမားသစ် ရှာဖွေဖို့ကို ရပ်ဆိုင်းထားပြီး ဂျုဒ် ဘယ်လင်ဟမ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွက် ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်အတွက် လက်ရှိမှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပေမယ့်လည်း လာမယ့်နှစ် နွေရာသီအထိ စောင့်ဆိုင်းရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး မန်စီးတီးကတော့ ယခုလာမယ့်ရာသီမှာလည်း ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်လာနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ရာသီေနာက္ဆုံးပိတ္ပြဲစဥ္အၿပီး ပရီးမီးယားလိဂ္ဖလား မန္ခ်က္စတာစီးတီးလက္ထဲ ပါသြားတာကို ထိုင္ၾကည့္ခဲ့ရၿပီးေနာက္ ယခုလာမယ့္ရာသီမွာ ပိုလို႔ေတာင္ ေနာက္ေရာက္သြားႏိုင္တဲ့အႏၲရာယ္ရွိေနၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ဒီေႏြရာသီမွာ ကစားသမား ၃ ဦးအထိ ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ မာေနးကို ဘိုင္ယန္ျမဴးနစ္အသင္းဆီ ထြက္ခြာခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္ ေခၚယူထားတဲ့ ကစားသမား ၃ ဦးေတြထဲက တစ္ဦးျဖစ္တဲ့ ဒါဝင္ ႏူးညက္ဇ္တစ္ဦးတည္းသာ ပထမပြဲထြက္ကစားသမားအျဖစ္ ေ႐ြးခ်ယ္ႏိုင္တဲ့ကစားသမားျဖစ္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ပထမဦးစားေပးကစားသမားေတြ ေခၚယူရမယ့္အစား ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ရဲ႕ေနရာမွာ အရန္သင့္သုံးႏိုင္မယ့္ ကယ္လ္ဗင္ ရမ္းေဆးနဲ႔ လူငယ္တိုက္စစ္ကစားသမား ေဖဘီယို ကာဗယ္လ္ဟိုတို႔ကို ေခၚယူခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈေတြဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တဲ့ အာလင္း ဟာလန္းကို ေပါင္ ၅၁ သန္းေပးၿပီး ေခၚယူခဲ့တဲ့ မန္စီးတီးနဲ႔ ယွဥ္ရင္ အားတက္စရာသိပ္မရွိတာျဖစ္ပါတယ္။

မန္စီးတီးဟာ လိဒ္စ္ယူႏိုက္တက္ကြင္းလယ္ကစားသမား ကယ္လ္ဗင္ ဖိလစ္ပ္စ္ကိုလည္း ဖာနန္ဒင္ညိဳရဲ႕ ေနရာအတြက္ အစားထိုးေခၚယူႏိုင္ခဲ့ၿပီျဖစ္ၿပီး အဂၤလန္ကြင္းလယ္ကစားသမားအတြက္ ေပါင္ ၄၂ သန္း ေပးေခ်ရမွာျဖစ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။ ကယ္လ္ဗင္ ဖိလစ္ပ္စ္ဟာ ပရီးမီးယားလိဂ္က အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ ေဘာလုံးေဝဖန္သုံသပ္သူေတြရဲ႕ ရႈျမင္ျခင္းခံခဲ့ရတဲ့ကစားသမားျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းကို ပိုလို႔ေတာင္ အင္အားေတာင့္တင္းေစေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးက ၎တို႔ရဲ႕ ပြဲထြက္လူစာရင္းအတြက္ ကစားသမားသစ္ ၂ ဦး ေခၚယူႏိုင္ခဲ့ေပမယ့္လည္း လီဗာပူးလ္ကေတာ့ ေနာက္ထပ္ ကစားသမားသစ္ ေခၚယူေတာ့မွာမဟုတ္တာျဖစ္ၿပီး ဂႏၲဝင္ကြင္းလယ္ကစားသမား စတီဗင္ ဂ်ရတ္ရဲ႕ ကြင္းလယ္ေနရာကို အင္အားျဖည့္တင္းဖို႔ သတိေပးစကားကိုပါ လစ္လ်ဴရႈထားခဲ့တာျဖစ္ပါတယ္။

“ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ မီလ္နာတို႔က အသက္မငယ္ေတာ့ပါဘူး။ သူတို႔ေတြ ဒီလိုအဆင့္အတန္းမွာ ထိပ္တန္းကစားသမားေတြ ျဖစ္ေနေသးတာမွန္ၿပီး သူတို႔ေတြ ဆက္ကစားၿပီး ဒီထက္ပိုလုပ္ခ်င္ၾကမွာပါ။ ဒါေပမယ့္ လီဗာပူးလ္အတြက္ေတာ့ လာမယ့္ ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ကို ခင္ဗ်ား ေတြးၾကည့္လိုက္ရင္ သူတို႔ေတြ ကြင္းလယ္ကစားသမား လိုေတာ့မွာပါ။ သြင္းဂိုးေတြ ကိန္းဂဏန္း ၂ လုံးေလာက္အထိ သြင္းယူေပးႏိုင္မယ့္ ေက်ာနံပါတ္ ၈ ကြင္းလယ္ကစားသမားေပါ့”

“သူတို႔ေတြက တိုက္စစ္ ၃ ဦးကို အလြန္အမင္း မွီခိုေနရတယ္။ ဒါမွမဟုတ္ ဂ်ိဳတာနဲ႔ ဖာမီႏိုပါ ပါရင္ေတာ့ တိုက္စစ္ ၅ ဦးေပါ့။ ဒါေပမယ့္လည္း ခင္ဗ်ားမွာ ပင္နယ္တီဧရိယာထဲ ေျပးဝင္ၿပီး ဂိုးေတြ သြင္းယူေပးႏိုင္တဲ့ ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးေလာက္ေတာ့ အၿမဲတမ္း လိုအပ္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

စတီဗင္ ဂ်ရတ္ရဲ႕ အႀကံေပးစကားကို နားေထာင္ရမယ့္အစား လီဗာပူးလ္အသင္းဟာ လာမယ့္ ေႏြရာသီမတိုင္ခင္အထိ ကြင္းလယ္ကစားသမားသစ္ ရွာေဖြဖို႔ကို ရပ္ဆိုင္းထားၿပီး ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ ပစ္မွတ္အျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္အတြက္ လက္ရွိမွာ ကစားသမားသစ္ ေခၚယူဖို႔ လိုအပ္ေနတာျဖစ္ေပမယ့္လည္း လာမယ့္ႏွစ္ ေႏြရာသီအထိ ေစာင့္ဆိုင္းရေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး မန္စီးတီးကေတာ့ ယခုလာမယ့္ရာသီမွာလည္း ခ်န္ပီယံဘြဲ႕ကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္လာေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.