La Liga Premier League Transfer News

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ကို ယခုနွေရာသီ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီအသင်းကနေ ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးက နောက်ဆုံးမှာတော့ ပဲရစ်မှာပဲ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုပြီး ဆက်နေဖို့ ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာ အမ်ဘာပေကို မရခဲ့လို့ စိတ်ပျက်နေရာကနေ ပြန်လည်နိုးထလာခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် ဆွန်ဟောင်မင်ကို ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဆာလားနဲ့အတူ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။

ပိုပြီး အထင်ကြီးဖို့ကောင်းတာက တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူးရဲ့ သွင်းဂိုး ၂၃ ဂိုးမှာ ပင်နယ်တီကနေ သွင်းယူခဲ့တဲ့သွင်းဂိုး လုံးဝမပါဝင်ခဲ့တာဖြစ်ပြီး ဆွန်ဟာ စပါးစ်အသင်း အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ၂၀၂၅ ခုနှစ် ဇွန်လအထိ ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ တောင်ကိုရီးယားတိုက်စစ်မှူးကို မြောက်လန်ဒန်ကနေ ခေါ်ယူနိုင်အောင် ပြောင်းရွှေ့ကြေးဘယ်လောက်နဲ့ ကမ်းလှမ်းသွားမလဲဆိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းရဲ့ အဓိကဂိုးသွင်းရှင် ၂ ဦးထဲက တစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင်ကိုတော့ လွယ်လွယ်နဲ့ သူများလက်ထဲအပါခံမှာမဟုတ်ဘဲ ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဈေးကွက်ပေါက်ဈေး ယူရို ၇၅ သန်းတန်ကြေးရှိတဲ့ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၇ ရာသီစလုံး တော့တင်ဟမ်ဟော့စပါးအသင်းအတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၃၂၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္ကို ယခုေႏြရာသီ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီအသင္းကေန ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးက ေနာက္ဆုံးမွာေတာ့ ပဲရစ္မွာပဲ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး ဆက္ေနဖို႔ ဆုံးျဖတ္သြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္ရွိမွာ အမ္ဘာေပကို မရခဲ့လို႔ စိတ္ပ်က္ေနရာကေန ျပန္လည္ႏိုးထလာခဲ့ၿပီး ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္ ဆြန္ေဟာင္မင္ကို ပစ္မွတ္ထားေနၿပီျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၂၃ ဂိုးအထိ သြင္းယူေပးခဲ့တာေၾကာင့္ လီဗာပူးလ္တိုက္စစ္မႉး ဆာလားနဲ႔အတူ ေ႐ႊဖိနပ္ဆုကို ပူးတြဲရရွိခဲ့တာျဖစ္ပါတယ္။

ပိုၿပီး အထင္ႀကီးဖို႔ေကာင္းတာက ေတာင္ကိုရီးယားလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ သြင္းဂိုး ၂၃ ဂိုးမွာ ပင္နယ္တီကေန သြင္းယူခဲ့တဲ့သြင္းဂိုး လုံးဝမပါဝင္ခဲ့တာျဖစ္ၿပီး ဆြန္ဟာ စပါးစ္အသင္း အဆင့္ ၄ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ဖို႔ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ၂၀၂၅ ခုႏွစ္ ဇြန္လအထိ ရွိေနမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ေတာင္ကိုရီးယားတိုက္စစ္မႉးကို ေျမာက္လန္ဒန္ကေန ေခၚယူႏိုင္ေအာင္ ေျပာင္းေ႐ႊ႕ေၾကးဘယ္ေလာက္နဲ႔ ကမ္းလွမ္းသြားမလဲဆိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အသင္းရဲ႕ အဓိကဂိုးသြင္းရွင္ ၂ ဦးထဲက တစ္ဦးျဖစ္တဲ့ ဆြန္ေဟာင္မင္ကိုေတာ့ လြယ္လြယ္နဲ႔ သူမ်ားလက္ထဲအပါခံမွာမဟုတ္ဘဲ ေရကုန္ေရခမ္း တိုက္ပြဲဝင္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေဈးကြက္ေပါက္ေဈး ယူ႐ို ၇၅ သန္းတန္ေၾကးရွိတဲ့ ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ ၇ ရာသီစလုံး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ စုစုေပါင္း ၿပိဳင္ပြဲစုံ ၃၂၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၃၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၃ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.