Premier League Transfer News

အာတီတာရဲ့ထိပ်တန်းပစ်မှတ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဂါဘရီယယ်လ် ဂျေဆူးအတွက် မန်ချက်စတာစီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတို့ဟာ ဘရာဇီးလ်တိုက်စစ်မှူး ဂျေဆူးရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ ယူကေက  သတင်းတွေက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဂါဘရီယယ်လ် ဂျေဆူးအတွက် မန်ချက်စတာစီးတီးအသင်းကို ပေါင် ၄၅ သန်း ပေးချေရမှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ အူဘာမီယန်းနဲ့ လာကာဇက်တို့ ထွက်ခွာပြီးနောက်ပိုင်း တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ယူလီယန် အဲဗားရက်ဇ်နဲ့ အာလင်း ဟာလန်းတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီကတည်းက ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ ဂျေဆူးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ နောက်ဆုံးမှာတော့ ဂျေဆူးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ ပေါင် ၄၅ သန်းတန် အပြောင်းအရွှေ့ ပြုလုပ်ဖို့အတွက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ပြောဆိုဆွေးနွေးမှုတွေကို ယခုအပတ်မှာပဲ အပြီးသတ်ဖို့ မျှော်မှန်းခြင်းခံထားရပြီး ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ရောက်ရှိလာမှုက ပေါ်တိုကွင်းလယ်ကြယ်ပွင့် ဖေဘီယို ဗီယာရာကို ခေါ်ယူမှုအပြီးမှာ ဒုတိယမြောက် နွေရာသီကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိချင်နေတာကြောင့် နည်းပြ အာတီတာက အသင်းတာဝန်ရှိသူတွေကို လိဒ်စ်ကြယ်ပွင့် ရာဖင်ညာကို အရခေါ်ယူပေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ရာဖင်ညာအတွက် ကနဦး ကမ်းလှမ်းမှုဟာ ငြင်းပယ်ခြင်းခံခဲ့ရပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ ဘာစီလိုနာ၊ ချဲလ်ဆီး၊ စပါးစ်တို့ရဲ့ ပစ်မှတ်အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ထားတဲ့ ကမ်းလှမ်းမှုအသစ် ထပ်မံ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဂါဘရီယယ္လ္ ေဂ်ဆူးအတြက္ မန္ခ်က္စတာစီးတီးအသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတို႔ဟာ ဘရာဇီးလ္တိုက္စစ္မႉး ေဂ်ဆူးရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ယူေကက  သတင္းေတြက အတည္ျပဳခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဂါဘရီယယ္လ္ ေဂ်ဆူးအတြက္ မန္ခ်က္စတာစီးတီးအသင္းကို ေပါင္ ၄၅ သန္း ေပးေခ်ရမွာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ ထြက္ခြာၿပီးေနာက္ပိုင္း တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ယူလီယန္ အဲဗားရက္ဇ္နဲ႔ အာလင္း ဟာလန္းတို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီကတည္းက ပုံမွန္ပြဲထြက္ခြင့္မရခဲ့တဲ့ ေဂ်ဆူးကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ေနာက္ဆုံးမွာေတာ့ ေဂ်ဆူးအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာစီးတီးနဲ႔ ေပါင္ ၄၅ သန္းတန္ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။

ေျပာဆိုေဆြးေႏြးမႈေတြကို ယခုအပတ္မွာပဲ အၿပီးသတ္ဖို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ အာဆင္နယ္အသင္းနဲ႔ တစ္ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ေရာက္ရွိလာမႈက ေပၚတိုကြင္းလယ္ၾကယ္ပြင့္ ေဖဘီယို ဗီယာရာကို ေခၚယူမႈအၿပီးမွာ ဒုတိယေျမာက္ ေႏြရာသီကစားသမားေခၚယူမႈ ျဖစ္လာခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရရွိခ်င္ေနတာေၾကာင့္ နည္းျပ အာတီတာက အသင္းတာဝန္ရွိသူေတြကို လိဒ္စ္ၾကယ္ပြင့္ ရာဖင္ညာကို အရေခၚယူေပးဖို႔ ၫႊန္ၾကားခဲ့တာျဖစ္ပါတယ္။

ရာဖင္ညာအတြက္ ကနဦး ကမ္းလွမ္းမႈဟာ ျငင္းပယ္ျခင္းခံခဲ့ရေပမယ့္လည္း အာဆင္နယ္အသင္းအေနနဲ႔ ဘာစီလိုနာ၊ ခ်ဲလ္ဆီး၊ စပါးစ္တို႔ရဲ႕ ပစ္မွတ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး တိုးျမႇင့္ထားတဲ့ ကမ္းလွမ္းမႈအသစ္ ထပ္မံ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.