Premier League Transfer News

မန်ချက်စတာယူနိုက်တက်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ ယူရို သန်း ၇၀ တန်ကြယ်ပွင့်

အိုင်းယက်စ်ကြယ်ပွင့်တောင်ပံကစားသမား အန်တိုနီဟာ ၎င်းအတွက် ဒတ်ချ်ကလပ်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ တိုက်စစ်အင်အားဖြည့်တင်းချင်နေတဲ့ အဲရစ် တန်ဟက်ဂ်အတွက် ဘရာဇီးလ်တောင်ပံကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီ ဒတ်ချ်လူမျိုးနည်းပြလက်အောက်မှာ အိုင်းယက်စ်အတွက် သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် အိုင်းယက်စ်ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် ဒတ်ချ်လိဂ်ချန်ပီယံတွေဟာ အန်တိုနီအတွက် ယူရိုသန်း ၇၀ ကျော် လိုချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

The Times ရဲ့သတင်းအရ အန်တိုနီဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ တွန်းအားပေးလုပ်ဆောင်နေပေမယ့် အိုင်းယက်စ်က ရိုင်ယန် ဂရေဗင်ဘာ့ချ်နဲ့ အဲလားတို့အပြီးမှာ နောက်ထပ် နာမည်ကြီးကစားသမား ထွက်ခွာမှုကို ခွင့်မပြုချင်ကြောင်း ပြသခဲ့ပြီး ဈေးကိုင်ထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အန်တိုနီအတွက် အိုင်းယက်စ်အသင်းကို ပေါင်သန်း ၄၀ လောက်နဲ့ စည်းရုံးလို့ရနိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ကြောင်း ယင်းသတင်းက ဖော်ပြခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဖက်ဘရီဇီယို ရိုမာနိုက တောင်ပံကစားသမားရဲ့ကိုယ်စားလှယ်တွေဟာ လက်ရှိမှာ အိုင်းယက်စ်ကို ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို နားထောင်ဖို့ တောင်းဆိုနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟက်ဂ်က အိုင်းယက်စ်အသင်းဟာ အန်တိုနီရဲ့ နေရာကို အစားထိုးဖို့အတွက် ရုန်းကန်ရလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ အန်တိုနီသာ ထွက်သွားခဲ့ရင် အိုင်းယက်စ်အတွက် ဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်။ လက်ရှိ လူစာရင်းထဲမှာ သူ့ရဲ့နေရာကို ဆက်ခံနိုင်တဲ့ကစားသမားတစ်ဦးမှ မရှိပါဘူး။ သူက ထိပ်တန်းအဆင့်ကစားသမားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အိုင်းယက်စ်ကြယ်ပွင့်တောင်ပံကစားသမား အန်တိုနီဟာ ၎င်းအတွက် ဒတ်ခ်ျကလပ်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ တိုက်စစ်အင်အားဖြည့်တင်းချင်နေတဲ့ အဲရစ် တန်ဟက်ဂ်အတွက် ဘရာဇီးလ်တောင်ပံကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီ ဒတ်ခ်ျလူမျိုးနည်းပြလက်အောက်မှာ အိုင်းယက်စ်အတွက် သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် အိုင်းယက်စ်ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် ဒတ်ခ်ျလိဂ်ချန်ပီယံတွေဟာ အန်တိုနီအတွက် ယူရိုသန်း ၇၀ ကျော် လိုချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

The Times ရဲ့သတင်းအရ အန်တိုနီဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ တွန်းအားပေးလုပ်ဆောင်နေပေမယ့် အိုင်းယက်စ်က ရိုင်ယန် ဂရေဗင်ဘာ့ခ်ျနဲ့ အဲလားတို့အပြီးမှာ နောက်ထပ် နာမည်ကြီးကစားသမား ထွက်ခွာမှုကို ခွင့်မပြုချင်ကြောင်း ပြသခဲ့ပြီး ဈေးကိုင်ထားတာဖြစ်ပါတယ်။




REF: INTERNET SOURCES
SPORTS A2Z.