Premier League Transfer News

ဂါရတ် ဘေးလ်ကို အင်္ဂလန်လာပြီး လုပ်မစားဖို့ သတိပေးလိုက်တဲ့ ဝီလ်ရှိုင်းယား

အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ခ် ဝီလ်ရှိုင်းယားက ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ် ဘေးလ်ဟာ အာဆင်နယ်မှာ ပွဲကစားချိန်ရလောက်အောင် ကောင်းမွန်တဲ့ကစားသမားမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

အသက် ၃၂ နှစ်အရွယ် ဝေးလ်ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယခုကုန်မှာ စာချုပ်သက်တမ်းကုန်လို့ အလွတ်နဲ့ ထွက်ခွာရတော့မှာဖြစ်ပြီး လက်ရှိမှာ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ကာဒစ် စီးတီးကို ပြောင်းရွှေ့ဖို့ ပြောဆိုဆွေးနွေးနေတာဖြစ်ပါတယ်။ ဂါရတ် ဘေးလ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်း ပြသခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၈၅.၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂျက်ခ် ဝီလ်ရှိုင်းယားက ဘေးလ်ရဲ့အကောင်းဆုံးနေ့တွေဟာ ကျန်ခဲ့ပြီဖြစ်ပြီး ဝေးလ်လက်ရွေးစင်တောင်ပံကစားသမားအနေနဲ့ အမ်းမရိတ်စ်ကို ပြောင်းလာခဲ့သည့်တိုင်အောင် အာတီတာရဲ့လူစာရင်းထဲမှာ နေရာမရနိုင်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

ဂျက်ခ် ဝီလ်ရှိုင်းယားကို ၎င်းသာဆိုရင် အာဆင်နယ်မှာ ဘေးလ်ကို ခေါ်ထားမလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ “မခေါ်ပါဘူး။ အဲဒီနေရာ(တောင်ပံ)မှာ ကစားတဲ့ ကစားသမားတွေကို ကျွန်တော် ကြည့်လိုက်တဲ့အခါမှာ သူတို့တွေက ငယ်ရွယ်တဲ့ကစားသမားတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်ခဲ့ပါတယ်”

ကာဒစ်စီးတီးကို ပြောင်းရွှေ့မယ့်ကိစ္စက လက်တွေ့ကျရဲ့လားလို့ ပြီးခဲ့တဲ့အပတ်က ဂါရတ် ဘေးလ်ကို မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ်ကို မပြောနိုင်ပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ကျွန်တော် တကယ် အများကြီးလည်း မတွေးခဲ့ပါဘူး။ အဆင့်အတန်းက ကွဲပြားခြားနားမှုတွေအများကြီး ဖြစ်စေမလားဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ ဘောလုံးကစားပွဲကတော့ ဘောလုံးကစားပွဲပါပဲ”

“ဘောလုံးနဲ့ပတ်သက်ပြီး ကျွန်တော့်အရည်အချင်းတွေကတော့ ဘယ်တော့မှ မဆုံးရှုံးသွားသလိုမျိုးပဲ ခံစားရတယ်။ အဲဒါက စကားစမြည်ပြောရမယ့် အကြောင်းလို့ ခန့်မှန်းမိပါတယ်။ ကျွန်တော် ပွဲကစားရမှာ သေချာအောင် လုပ်ဖို့လိုပြီး တတ်နိုင်သမျှ ကြံ့ခိုင်မှု ရချင်တယ်။ အဲဒါက ကြီးကြီးမားမား အရေးပါလာမှာပါ”

“အခု ဒီလေ့ကျင့်ရေးစခန်းကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်လုံးဝ ကြံ့ခိုင်မနေပါဘူး။ ကျွန်တော့်မှာ ပွဲကစားချိန်လည်း များများစားစားမရှိခဲ့ပါဘူး။ တစ်ခါတလေ ကျွန်တော် အဲဒါကို ခိုးယူနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကျွန်တော် ကမ္ဘာ့ဖလားမှာ ပွဲတွေဝင်ကစားပြီး ကျွန်တော် တတ်နိုင်သလောက်တော့ ကြံ့ခိုင်မှု ရှိနေချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္ကြင္းလယ္ကစားသမား ဂ်က္ခ္ ဝီလ္ရႈိင္းယားက ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဂါရတ္ ေဘးလ္ဟာ အာဆင္နယ္မွာ ပြဲကစားခ်ိန္ရေလာက္ေအာင္ ေကာင္းမြန္တဲ့ကစားသမားမဟုတ္ဘူးလို႔ ယုံၾကည္ေနပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ေဝးလ္ၾကယ္ပြင့္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ယခုကုန္မွာ စာခ်ဳပ္သက္တမ္းကုန္လို႔ အလြတ္နဲ႔ ထြက္ခြာရေတာ့မွာျဖစ္ၿပီး လက္ရွိမွာ ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ ကာဒစ္ စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ ေျပာဆိုေဆြးေႏြးေနတာျဖစ္ပါတယ္။ ဂါရတ္ ေဘးလ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ကမာၻ႔ထိပ္တန္းအဆင့္ ေျခစြမ္း ျပသခဲ့ၿပီးေနာက္ ၂၀၁၃ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ေပါင္ ၈၅.၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဂ်က္ခ္ ဝီလ္ရႈိင္းယားက ေဘးလ္ရဲ႕အေကာင္းဆုံးေန႔ေတြဟာ က်န္ခဲ့ၿပီျဖစ္ၿပီး ေဝးလ္လက္ေ႐ြးစင္ေတာင္ပံကစားသမားအေနနဲ႔ အမ္းမရိတ္စ္ကို ေျပာင္းလာခဲ့သည့္တိုင္ေအာင္ အာတီတာရဲ႕လူစာရင္းထဲမွာ ေနရာမရႏိုင္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

ဂ်က္ခ္ ဝီလ္ရႈိင္းယားကို ၎သာဆိုရင္ အာဆင္နယ္မွာ ေဘးလ္ကို ေခၚထားမလားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ “မေခၚပါဘူး။ အဲဒီေနရာ(ေတာင္ပံ)မွာ ကစားတဲ့ ကစားသမားေတြကို ကြၽန္ေတာ္ ၾကည့္လိုက္တဲ့အခါမွာ သူတို႔ေတြက ငယ္႐ြယ္တဲ့ကစားသမားေတြျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အာဆင္နယ္ရဲ႕ အေကာင္းဆုံးကစားသမားေတြျဖစ္ခဲ့ပါတယ္”

ကာဒစ္စီးတီးကို ေျပာင္းေ႐ႊ႕မယ့္ကိစၥက လက္ေတြ႕က်ရဲ႕လားလို႔ ၿပီးခဲ့တဲ့အပတ္က ဂါရတ္ ေဘးလ္ကို ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္ တကယ္ကို မေျပာႏိုင္ပါဘူး။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီးလည္း ကြၽန္ေတာ္ တကယ္ အမ်ားႀကီးလည္း မေတြးခဲ့ပါဘူး။ အဆင့္အတန္းက ကြဲျပားျခားနားမႈေတြအမ်ားႀကီး ျဖစ္ေစမလားဆိုတာ ကြၽန္ေတာ္ တကယ္မသိပါဘူး။ ေဘာလုံးကစားပြဲကေတာ့ ေဘာလုံးကစားပြဲပါပဲ”

“ေဘာလုံးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္အရည္အခ်င္းေတြကေတာ့ ဘယ္ေတာ့မွ မဆုံးရႈံးသြားသလိုမ်ိဳးပဲ ခံစားရတယ္။ အဲဒါက စကားစျမည္ေျပာရမယ့္ အေၾကာင္းလို႔ ခန႔္မွန္းမိပါတယ္။ ကြၽန္ေတာ္ ပြဲကစားရမွာ ေသခ်ာေအာင္ လုပ္ဖို႔လိုၿပီး တတ္ႏိုင္သမွ် ႀကံ့ခိုင္မႈ ရခ်င္တယ္။ အဲဒါက ႀကီးႀကီးမားမား အေရးပါလာမွာပါ”

“အခု ဒီေလ့က်င့္ေရးစခန္းကို ေရာက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္လုံးဝ ႀကံ့ခိုင္မေနပါဘူး။ ကြၽန္ေတာ့္မွာ ပြဲကစားခ်ိန္လည္း မ်ားမ်ားစားစားမရွိခဲ့ပါဘူး။ တစ္ခါတေလ ကြၽန္ေတာ္ အဲဒါကို ခိုးယူႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ့ ကြၽန္ေတာ္ ကမာၻ႔ဖလားမွာ ပြဲေတြဝင္ကစားၿပီး ကြၽန္ေတာ္ တတ္ႏိုင္သေလာက္ေတာ့ ႀကံ့ခိုင္မႈ ရွိေနခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.