Match Report Premier League UCL&UEL

ယူႏိုက္တက္နဲ႔ ဆိုးလ္ရွားတုိ႔ ဒီပုံစံနဲ႔ ယူ႐ိုပါလိဂ္ကို အဆုံးအထိသြားႏုိင္မွာလား

ၿပီးခဲ့တဲ့ ညက ျမင္ခဲ့ရတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကစားပုံကေတာ့ အားလုံးထင္ျမင္ထားခဲ့ၾကသလို လြယ္ကူတဲ့ ပြဲတစ္ပြဲ မဟုတ္ခဲ့ဘဲ ကိုပင္ေဟဂင္ကို ထိန္းခ်ဳပ္ကစားႏုိင္ခဲ့ေပမယ့္ တန္ျပန္တုိက္စစ္ေတြမွာ အသည္းအသန္ျဖစ္ခဲ့ရသလို တုိက္စစ္ဆင္မွဳေတြမွာလည္း ထင္သေလာက္ လုပ္မျပႏုိင္ခဲ့တာမို႔ အုိလီဂန္နာ ဆုိးလ္ရွားတစ္ေယာက္ ဒီထက္ ခက္ခဲတဲ့ အဆင့္ေတြမွာ ႐ုန္းကန္ရေတာ့မလားလို႔ သံသယဝင္ခ်င္စရာေတြျဖစ္လာခဲ့ပါတယ္။

တစ္ပြဲလုံးမွာ ၂၆ ႀကိမ္ ကန္ခြင့္ရခဲ့ၿပီး ၁၄ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တာကေတာ့ သူတုိ႔ရဲ႕ တုိက္စစ္ကို ေလွ်ာ့တြက္လို႔ မရေပမယ့္ ပိတ္ကစားတဲ့ အသင္းေတြကို ထိထိေရာက္ေရာက္ မထိုးေဖာက္ႏုိင္တာနဲ႔ Plan B အတြက္ ေကာင္းေကာင္းျပင္ဆင္မထားတာကို ျမင္ေတြ႕ရေစၿပီး ပိုမိုခက္ခဲတဲ့ အသင္းေတြ၊ တစ္ပြဲတုိးေကာင္းတဲ့ အသင္းေတြနဲ႔ဆိုရင္ ႐ုန္းကန္လာရႏုိင္ပါတယ္။

အဓိကအားျဖင့္ေတာ့ မာစီယယ္လ္တုိးမရခ်ိန္မွာ ေဘာ္ဒီပုိေကာင္းတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ေနရာလဲကစားဖို႔ ပ်က္ကြက္တာမ်ဳိး၊ Final Pass ေတြမွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔အဖြဲ႕ အနည္းငယ္ လုိအပ္ေနတာမ်ဳိးေတြျဖစ္ၿပီး ခံစစ္ေတာင္ပံေတြရဲ႕ ဖန္တီးႏုိင္စြမ္းကလည္း တျခားအသင္းႀကီးေတြနဲ႔ ယွဥ္ရင္ အာေပ်ာ့ေနတာကေတာ့ ဒီတစ္ရာသီလုံး ႀကဳံခဲ့ရတဲ့ ျပႆနာပါပဲ။

ပိတ္ကစားတဲ့ အသင္းေတြကို ခ်ဲထုတ္ဖို႔ တစ္ပြဲလုံးကစားေနရတဲ့ 3M တုိက္စစ္က ေကာင္းေကာင္းမလုပ္တတ္ခ်ိန္မွာ ဆုိးလ္ရွားအေနနဲ႔ အီဂါလိုကို ေခါက္ထားခဲ့တာကေတာ့ အံ့အားသင့္စရာကိစၥျဖစ္ၿပီး ဒီႏုိင္ဂ်ီးရီးယားသားရဲ႕ တုိးအားနဲ႔ ေနရာလြတ္ေတြ ရွာေဖြဖို႔ဟာ သူ႕ရဲ႕ Plan A နဲ႔ ျခားနားတဲ့ အရန္အစီအစဥ္ Plan B ျဖစ္ရမွာကို ပင္ပန္းေနတဲ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တုိ႔ကိုပဲ ဆက္သုံးေနတာေတာ့ အားမရခ်င္စရာလည္း ျဖစ္ပါတယ္။

ခံစစ္မွာ ဝီလီယမ္စ္ကေတာ့ အေတြ႕အႀကဳံႏုဆဲျဖစ္ေပမယ့္ အရင္ပြဲေတြကထက္ ပိုေကာင္းလာခဲ့တာကို ျမင္ရၿပီး မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြအတြက္ စိတ္သက္သာစရာျဖစ္ခဲ့ေပမယ့္ ေတာင္ပံတုိက္စစ္ေတြမွာ ေတာင္ပံသမားစစ္စစ္ မရွိတာက လက္ရွိအခ်ိန္အထိ မလုပ္ေဆာင္ႏိုင္ေသးတဲ့ ဆန္ခ်ဳိရဲ႕ အေျပာင္းအေရႊ႕အတြက္ ျဖစ္မွ ျဖစ္ႏုိင္ပါေတာ့မလားဆုိတာနဲ႔ ေရာက္မလာခဲ့ရင္ ဒီတုိင္းေတာ့ ေရွ႕ဆက္လုိ႔ မျဖစ္ႏုိင္ဘူးဆုိတာကို စိုးရိမ္ရေတာ့မွာျဖစ္ပါတယ္။

ကိုယ့္ထက္ အင္အားနည္းတဲ့ အသင္းမ်ဳိးကို မိနစ္ ၉၀ အထိ ဂိုးမသြင္းႏုိင္ခဲ့တာကေတာ့ ေနာက္တစ္ဆင့္မွာ ဘယ္သူနဲ႔ပဲေတြ႕ေတြ႕ အႏၲရာယ္ႀကီးမားတဲ့ ဝုလ္ဗ္စ္နဲ႔ ဆီဗီလာတုိ႔ထဲက တစ္သင္းနဲ႔ပြဲကို ပိုၿပီး ခက္ခက္ခဲခဲ ကစားရဖို႔ ရွိေနသလို အခ်ိန္မီ Plan B ကို မေဖာ္ေဆာင္ႏုိင္ရင္ေတာ့ ဥေရာပဖလားတစ္လုံးနဲ႔ ရာသီအပိတ္လွဖို႔ အိပ္မက္ ပ်က္စီးရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ တဒိုင္းဒိုင္း ကန္သြင္းခ်က္ေတြနဲ႔ ရင္ခုန္စရာကလြဲလို႔ အားရစရာမျဖစ္ခဲ့တဲ့ ယူႏိုက္တက္ကို ဆုိးလ္ရွားတစ္ေယာက္ ဘယ္လိုပုံစံ ေျပာင္းလဲေမာင္းႏွင္ဦးမလဲဆုိတာနဲ႔ အခ်ိန္မီ ျပဳျပင္ေျပာင္းလဲေရးေတြ ေဆာင္ရြက္ႏုိင္ဖို႔ဟာ လာမယ့္ပြဲစဥ္ေတြမွာ အေရးအပါဆုံးျဖစ္ေနၿပီး ဆုေပးစင္ျမင့္အထိ ေလွ်ာက္လွမ္းႏုိင္ဖို႔ လုပ္စရာအလုပ္ေတြနဲ႔ ေျဖရွင္းစရာေတြ အမ်ားႀကီး က်န္ရွိေနေသးေၾကာင္း သုံးသပ္ေရးသားလုိက္ရပါတယ္။

PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ညက မြင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားပုံကတော့ အားလုံးထင်မြင်ထားခဲ့ကြသလို လွယ်ကူတဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ဘဲ ကိုပင်ဟေဂင်ကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် တန်ပြန်တိုက်စစ်တွေမှာ အသည်းအသန်ဖြစ်ခဲ့ရသလို တိုက်စစ်ဆင်မှုတွေမှာလည်း ထင်သလောက် လုပ်မပြနိုင်ခဲ့တာမို့ အိုလီဂန်နာ ဆိုးလ်ရှားတစ်ယောက် ဒီထက် ခက်ခဲတဲ့ အဆင့်တွေမှာ ရုန်းကန်ရတော့မလားလို့ သံသယဝင်ချင်စရာတွေဖြစ်လာခဲ့ပါတယ်။

တစ်ပွဲလုံးမှာ ၂၆ ကြိမ် ကန်ခွင့်ရခဲ့ပြီး ၁၄ ကြိမ် ဂိုးပေါက်တည့်ခဲ့တာကတော့ သူတို့ရဲ့ တိုက်စစ်ကို လျှော့တွက်လို့ မရပေမယ့် ပိတ်ကစားတဲ့ အသင်းတွေကို ထိထိရောက်ရောက် မထိုးဖောက်နိုင်တာနဲ့ Plan B အတွက် ကောင်းကောင်းပြင်ဆင်မထားတာကို မြင်တွေ့ရစေပြီး ပိုမိုခက်ခဲတဲ့ အသင်းတွေ၊ တစ်ပွဲတိုးကောင်းတဲ့ အသင်းတွေနဲ့ဆိုရင် ရုန်းကန်လာရနိုင်ပါတယ်။

အဓိကအားဖြင့်တော့ မာစီယယ်လ်တိုးမရချိန်မှာ ဘော်ဒီပိုကောင်းတဲ့ ရက်ရှ်ဖို့ဒ်နဲ့ နေရာလဲကစားဖို့ ပျက်ကွက်တာမျိုး၊ Final Pass တွေမှာ ဘရူနို ဖာနန်ဒက်စ်နဲ့အဖွဲ့ အနည်းငယ် လိုအပ်နေတာမျိုးတွေဖြစ်ပြီး ခံစစ်တောင်ပံတွေရဲ့ ဖန်တီးနိုင်စွမ်းကလည်း တခြားအသင်းကြီးတွေနဲ့ ယှဉ်ရင် အာပျော့နေတာကတော့ ဒီတစ်ရာသီလုံး ကြုံခဲ့ရတဲ့ ပြဿနာပါပဲ။

ပိတ်ကစားတဲ့ အသင်းတွေကို ချဲထုတ်ဖို့ တစ်ပွဲလုံးကစားနေရတဲ့ 3M တိုက်စစ်က ကောင်းကောင်းမလုပ်တတ်ချိန်မှာ ဆိုးလ်ရှားအနေနဲ့ အီဂါလိုကို ခေါက်ထားခဲ့တာကတော့ အံ့အားသင့်စရာကိစ္စဖြစ်ပြီး ဒီနိုင်ဂျီးရီးယားသားရဲ့ တိုးအားနဲ့ နေရာလွတ်တွေ ရှာဖွေဖို့ဟာ သူ့ရဲ့ Plan A နဲ့ ခြားနားတဲ့ အရန်အစီအစဉ် Plan B ဖြစ်ရမှာကို ပင်ပန်းနေတဲ့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကိုပဲ ဆက်သုံးနေတာတော့ အားမရချင်စရာလည်း ဖြစ်ပါတယ်။

ခံစစ်မှာ ဝီလီယမ်စ်ကတော့ အတွေ့အကြုံနုဆဲဖြစ်ပေမယ့် အရင်ပွဲတွေကထက် ပိုကောင်းလာခဲ့တာကို မြင်ရပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် စိတ်သက်သာစရာဖြစ်ခဲ့ပေမယ့် တောင်ပံတိုက်စစ်တွေမှာ တောင်ပံသမားစစ်စစ် မရှိတာက လက်ရှိအချိန်အထိ မလုပ်ဆောင်နိုင်သေးတဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ဖြစ်မှ ဖြစ်နိုင်ပါတော့မလားဆိုတာနဲ့ ရောက်မလာခဲ့ရင် ဒီတိုင်းတော့ ရှေ့ဆက်လို့ မဖြစ်နိုင်ဘူးဆိုတာကို စိုးရိမ်ရတော့မှာဖြစ်ပါတယ်။

ကိုယ့်ထက် အင်အားနည်းတဲ့ အသင်းမျိုးကို မိနစ် ၉၀ အထိ ဂိုးမသွင်းနိုင်ခဲ့တာကတော့ နောက်တစ်ဆင့်မှာ ဘယ်သူနဲ့ပဲတွေ့တွေ့ အန္တရာယ်ကြီးမားတဲ့ ဝုလ်ဗ်စ်နဲ့ ဆီဗီလာတို့ထဲက တစ်သင်းနဲ့ပွဲကို ပိုပြီး ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေသလို အချိန်မီ Plan B ကို မဖော်ဆောင်နိုင်ရင်တော့ ဥရောပဖလားတစ်လုံးနဲ့ ရာသီအပိတ်လှဖို့ အိပ်မက် ပျက်စီးရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် တဒိုင်းဒိုင်း ကန်သွင်းချက်တွေနဲ့ ရင်ခုန်စရာကလွဲလို့ အားရစရာမဖြစ်ခဲ့တဲ့ ယူနိုက်တက်ကို ဆိုးလ်ရှားတစ်ယောက် ဘယ်လိုပုံစံ ပြောင်းလဲမောင်းနှင်ဦးမလဲဆိုတာနဲ့ အချိန်မီ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နိုင်ဖို့ဟာ လာမယ့်ပွဲစဉ်တွေမှာ အရေးအပါဆုံးဖြစ်နေပြီး ဆုပေးစင်မြင့်အထိ လျှောက်လှမ်းနိုင်ဖို့ လုပ်စရာအလုပ်တွေနဲ့ ဖြေရှင်းစရာတွေ အများကြီး ကျန်ရှိနေသေးကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS A2Z.