Premier League

၁၂.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၉ ရက္၊ ဗုဒၶဟူးေန႔။

၁၂.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၉ ရက္၊ ဗုဒၶဟူးေန႔၊ ရက္ရာဇာ၊ မြန္းလြဲျပႆဒါး၊ ဝါရမိတၱဳႀကီး၊ ဝါရမိတၱဳငယ္၊ ရက္ပုပ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
မြန္းလြဲ ၁၂:၁၅ အထိ တိထီ ၈ လုံး။ ေက်ာ္လွ်င္ ၉ လုံး။ ၈ လုံးတြင္ မတယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ ကိစၥမ်ားအတြက္ ပူေဇာ္ဆုေတာင္းမွဳမ်ား၊ ဓာတ္႐ိုက္ဓာတ္ဆင္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ၉ လုံးတြင္ လႊသြားယုဂ္၊ အဖ်က္သေဘာေဆာင္ေသာ၊ ထိေရာက္ထင္ရွားေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၂၅ အထိ ၾကတၱိကာနကၡတ္။ ေက်ာ္လွ်င္ ေရာဟိဏိနကၡတ္။ နံနက္ ၁၀:၂၃ အထိ ဝုဒၶိယုဂ္၊ ဖြံ႕ၿဖဳိးႀကီးထြားျခင္း၊ ဉာဏ္ပညာကို အရင္းတည္၍ ေျပာဆုိလုပ္ကိုင္ေဆာင္ရြက္ရသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဓူဝယုဂ္၊ တည္ၿငိမ္ျခင္း၊ အင္အားရွိျခင္း၊ တစ္သမတ္တည္း ျဖစ္ျခင္း၊ မိမိအား အက်ဳိးေပးလ်က္ရွိေသာ လုပ္ငန္းကို ျမႇင့္တင္ပါ။ သန္ရာသန္ရာ ဖိဖိစီးစီး ေဆာင္ရြက္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
မြန္းလြဲ ၁၂:၁၅ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၁:၁၁ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆိုျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
မြန္းလြဲ ၁၂:၁၅ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၂.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ရက်ရာဇာ၊ မွန်းလွဲပြဿဒါး၊ ဝါရမိတ္တုကြီး၊ ဝါရမိတ္တုငယ်၊ ရက်ပုပ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
မွန်းလွဲ ၁၂:၁၅ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ ၈ လုံးတွင် မတယုဂ်နှင့် ယာဇ်မီးယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော ကိစ္စများအတွက် ပူဇော်ဆုတောင်းမှုများ၊ ဓာတ်ရိုက်ဓာတ်ဆင်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ၉ လုံးတွင် လွှသွားယုဂ်၊ အဖျက်သဘောဆောင်သော၊ ထိရောက်ထင်ရှားစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၂၅ အထိ ကြတ္တိကာနက္ခတ်။ ကျော်လျှင် ရောဟိဏိနက္ခတ်။ နံနက် ၁၀:၂၃ အထိ ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဓူဝယုဂ်၊ တည်ငြိမ်ခြင်း၊ အင်အားရှိခြင်း၊ တစ်သမတ်တည်း ဖြစ်ခြင်း၊ မိမိအား အကျိုးပေးလျက်ရှိသော လုပ်ငန်းကို မြှင့်တင်ပါ။ သန်ရာသန်ရာ ဖိဖိစီးစီး ဆောင်ရွက်ပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၁၅ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၁:၁၁ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
မွန်းလွဲ ၁၂:၁၅ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)