Bundesliga Premier League Transfer News

ဆန္ခ်ဳိအတြက္ ေဒါ့မြန္ရဲ႕ ေနာက္ဆုံးရက္ သတ္မွတ္မွဳကို ယူႏုိက္တက္ လက္မခံေၾကာင္းဆို

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဒါ့မြန္အသင္းဘက္က သတ္မွတ္လိုက္တဲ့ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူခ်င္ရင္ တနလၤာေန႔မွာ ေနာက္ဆုံးေခၚယူဖို႔ သတ္မွတ္ခ်က္ကို ဘယ္တုန္းကမွ ထည့္သြင္းစဥ္းစားျခင္းမျပဳခဲ့ဘူးလို႔ လန္ဒန္အေျခစုိက္ အီးဗနင္း စတန္းဒတ္သတင္းစာက ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။

ေဒါ့မြန္ရဲ႕ ရာသီႀကဳိ ဆြစ္ဇာလန္ ထရိန္နင္စခန္းအတြက္ ဆန္ခ်ဳိရဲ႕ အမည္ကို ထည့္သြင္းထားခဲ့တာအတြက္ လူေတြက အဂၤလန္ေတာင္ပံကစားသမားနဲ႔ ယူႏုိက္တက္ရဲ႕ ဒီေႏြရာသီဇာတ္လမ္းကေတာ့ တစ္ခန္းရပ္ၿပီလို႔ သုံးသပ္ေနၾကတဲ့အေပၚမွာ မန္ခ်က္စတာကလပ္ဘက္က ဒီလိုမ်ဳိး တစ္ဖက္သတ္ လုပ္ေဆာင္မွဳေတြကို လက္မခံဘူးလို႔လည္း ဆုိခဲ့တာျဖစ္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ရဲ႕ တာဝန္ရွိသူေတြကေတာ့ အသင္းရဲ႕ ၂၀၁၉-၂၀ ရာသီၿပဳိင္ပြဲေတြ မၿပီးဆုံးေသးခ်ိန္မွာ ဆန္ခ်ဳိအတြက္ ေဒါ့မြန္ဘက္က သတ္မွတ္ထားတဲ့ တရားဝင္ အေျပာင္းအေရႊ႕ပိတ္ရက္မဟုတ္တဲ့ လူလုပ္ပိတ္ရက္ကို လက္မခံဘူးလို႔ ဆုိခဲ့တာျဖစ္သလို ေပါင္ ၁၀၈ သန္း တန္ေၾကးကိုလည္း ေပးေခ်သြားဖို႔ အသင့္ရွိေနတယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ ဒီေႏြရာသီမွာေတာ့ ယူႏုိက္တက္အေနနဲ႔ ဘယ္ကစားသမားအတြက္ကိုမွ ေပါင္သန္း ၇၀ ထက္ ပုိေပးမွာ မဟုတ္သလို အသက္ ၂၀ အရြယ္ အဂၤလန္လက္ေရြးစင္အတြက္ ပထမအရစ္သာ ဒီပမာဏနဲ႔ ေပးေခ်ဖို႔ သတ္မွတ္ထားတယ္လို႔ သတင္းေတြက ဆုိၿပီး ကစားသမားရဲ႕ ဆႏၵအရ သူ႕ကို ေက်ာနံပါတ္ ၇ နဲ႔အတူ ျမင္ရဖို႔လည္း အားလုံးက ေမွ်ာ္လင့္ေနၾကပါတယ္။

ဆန္ခ်ဳိဟာ လက္ရွိမွာေတာ့ ဆြစ္ဇာလန္ ဘက္ဒ္ ရာဂက္ဇ္ေဒသမွာ ေလ့က်င့္မယ့္ ေဒါ့မြန္အသင္းရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ စခန္းဝင္ဖို႔ ပူးေပါင္းသြားခဲ့ၿပီျဖစ္ၿပီး ယူႏိုက္တက္ဘက္ကေတာ့ ေဘာလုံးေလာကရဲ႕ တရားဝင္စည္းမ်ဥ္းေတြအတုိင္းပဲ သူ႕ကို ေခၚယူဖို႔ လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ႔လည္း အီးဗနင္း စတန္းဒတ္က ေဖာ္ျပထားပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မွန်အသင်းဘက်က သတ်မှတ်လိုက်တဲ့ သူတို့ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူချင်ရင် တနင်္လာနေ့မှာ နောက်ဆုံးခေါ်ယူဖို့ သတ်မှတ်ချက်ကို ဘယ်တုန်းကမှ ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ဘူးလို့ လန်ဒန်အခြေစိုက် အီးဗနင်း စတန်းဒတ်သတင်းစာက ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ဒေါ့မွန်ရဲ့ ရာသီကြို ဆွစ်ဇာလန် ထရိန်နင်စခန်းအတွက် ဆန်ချိုရဲ့ အမည်ကို ထည့်သွင်းထားခဲ့တာအတွက် လူတွေက အင်္ဂလန်တောင်ပံကစားသမားနဲ့ ယူနိုက်တက်ရဲ့ ဒီနွေရာသီဇာတ်လမ်းကတော့ တစ်ခန်းရပ်ပြီလို့ သုံးသပ်နေကြတဲ့အပေါ်မှာ မန်ချက်စတာကလပ်ဘက်က ဒီလိုမျိုး တစ်ဖက်သတ် လုပ်ဆောင်မှုတွေကို လက်မခံဘူးလို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ရဲ့ တာဝန်ရှိသူတွေကတော့ အသင်းရဲ့ ၂၀၁၉-၂၀ ရာသီပြိုင်ပွဲတွေ မပြီးဆုံးသေးချိန်မှာ ဆန်ချိုအတွက် ဒေါ့မွန်ဘက်က သတ်မှတ်ထားတဲ့ တရားဝင် အပြောင်းအရွှေ့ပိတ်ရက်မဟုတ်တဲ့ လူလုပ်ပိတ်ရက်ကို လက်မခံဘူးလို့ ဆိုခဲ့တာဖြစ်သလို ပေါင် ၁၀၈ သန်း တန်ကြေးကိုလည်း ပေးချေသွားဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနွေရာသီမှာတော့ ယူနိုက်တက်အနေနဲ့ ဘယ်ကစားသမားအတွက်ကိုမှ ပေါင်သန်း ၇၀ ထက် ပိုပေးမှာ မဟုတ်သလို အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင်အတွက် ပထမအရစ်သာ ဒီပမာဏနဲ့ ပေးချေဖို့ သတ်မှတ်ထားတယ်လို့ သတင်းတွေက ဆိုပြီး ကစားသမားရဲ့ ဆန္ဒအရ သူ့ကို ကျောနံပါတ် ၇ နဲ့အတူ မြင်ရဖို့လည်း အားလုံးက မျှော်လင့်နေကြပါတယ်။

ဆန်ချိုဟာ လက်ရှိမှာတော့ ဆွစ်ဇာလန် ဘက်ဒ် ရာဂက်ဇ်ဒေသမှာ လေ့ကျင့်မယ့် ဒေါ့မွန်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် စခန်းဝင်ဖို့ ပူးပေါင်းသွားခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ဘက်ကတော့ ဘောလုံးလောကရဲ့ တရားဝင်စည်းမျဉ်းတွေအတိုင်းပဲ သူ့ကို ခေါ်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း အီးဗနင်း စတန်းဒတ်က ဖော်ပြထားပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.