Premier League Serie A Transfer News

ယူရိုသန်း ၇၀ ကျော်တန် နောက်ခံလူကို စိတ်ဝင်စားလာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ယခုနွေရာသီမှာ ယူလီယန် အဲဗားရက်ဇ်နဲ့ အာလင်း ဟာလန်းတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ဒီမှာတင် မပြီးသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။

ယူကရိန်းလက်ရွေးစင်ကြယ်ပွင့် ဇင်ချန်ကိုဟာ ယခုနွေရာသီမှာ အစ်တီဟတ်ကို စွန့်ခွာဖို့ ပြင်ဆင်နေတယ်လို့ မကြာသေးမီက ဖက်ဘရီဇီယို ရိုမာနိုက ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီအပြင် အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုလည်း ထွက်ခွာမှာဖြစ်တာကြောင့် မန်စီးတီးဟာ လိဒ်စ်ကွင်းလယ်ကြယ်ပွင့် ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီကစားသမားတွေကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကွင်းလယ်နဲ့ ဘယ်နောက်ခံနေရာအတွက် ပြန်လည်အားဖြည့်ပြီး ဖြစ်သွားမှာဖြစ်ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်း အင်အားဖြည့်တင်းဖို့လိုအပ်နေတဲ့ တစ်နေရာကတော့ ဗဟိုခံစစ်နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၆ ဂိုး အနည်းဆုံးသွင်းဂိုးခွင့်ပြုခဲ့ရတဲ့အသင်းအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့တာက မန်ချက်စတာစီးတီးအသင်းရဲ့ ခံစစ်ဟာ ဘယ်လောက်အထိ ကျစ်လစ်လဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ရူဘင် ဒီယက်စ်ဟာ ကမ္ဘာပေါ်က ထိပ်တန်းနောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသလို ဂျွန် စတုန်း၊ လာပေါ့တ်နဲ့ နေသန် အာကီတို့ကလည်း ထိပ်တန်းခြေစွမ်းပိုင်ဆိုင်ထားတာကြောင့် ဗဟိုခံစစ်နေရာအတွက် အင်အားမဖြစ်မနေ ဖြည့်တင်းဖို့တော့ လိုအပ်ခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့်ရာသီမတိုင်ခင် ခံစစ်ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ ကြိုးပမ်းတော့မယ်လို့ သတင်းတွေက ထွက်ပေါ်လာခဲ့ပြီး Calciomercato ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ဂျူဗင်တပ်နောက်ခံလူ ဒီလစ်တ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့ရာသီမှာ ခံစစ်ပိုင်း တော်တော်လေး ဆိုးရွားနေခဲ့တာကြောင့် နည်းပြတန်ဟက်ဂ်နဲ့အလုပ်အတူတူတွဲလုပ်ဖူးတဲ့ အိုင်းယက်စ်ကြယ်ပွင့်နောက်ခံလူဟောင်းကို မျက်စိကျနေတာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်ကို ပထမဆုံးဆက်သွယ်မှုတောင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးရော မန်ချက်စတာယူနိုက်တက်ပါ ဂျူဗင်တပ်နောက်ခံလူကို ခေါ်ယူဖို့အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရခြင်းမရှိသေးဘဲ ဒီလစ်တ်ရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၁၂၀ ဟာ ဒီနွေရာသီမှာလည်း အသက်ဝင်နေဆဲဖြစ်တာကြောင့် စီးရီးအေထိပ်သီးအသင်းကြီးဟာ ဒတ်ချ်နောက်ခံလူအတွက် ယူရိုသန်း ၇၀ နဲ့အထက် ပြောင်းရွှေ့ကြေးတောင်းဆိုသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အယ်လီဂရီရဲ့အသင်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် အိုင်းယက်စ်ကြယ်ပွင့်ဟောင်းအနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိဘူးဆိုရင်တော့ ရောင်းထုတ်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီလစ်တ်ကို မန်ချက်စတာ ၂ သင်းအပြင် ရူဒီဂါထွက်ခွာသွားမှုကြောင့် အင်အားချိနဲ့သွားတဲ့ ချဲလ်ဆီးအသင်းကပါ စိတ်ဝင်စားနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ကသာ လုပ်ဖော်ကိုင်ဘက်အဟောင်းနဲ့ ပြန်လည်ပေါင်းစည်းသွားဖို့ ပိုမို များပြားနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းဟာ ယခုေႏြရာသီမွာ ယူလီယန္ အဲဗားရက္ဇ္နဲ႔ အာလင္း ဟာလန္းတို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း ဒီမွာတင္ မၿပီးေသးဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။

ယူကရိန္းလက္ေ႐ြးစင္ၾကယ္ပြင့္ ဇင္ခ်န္ကိုဟာ ယခုေႏြရာသီမွာ အစ္တီဟတ္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ မၾကာေသးမီက ဖက္ဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အဲဒီအျပင္ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳလည္း ထြက္ခြာမွာျဖစ္တာေၾကာင့္ မန္စီးတီးဟာ လိဒ္စ္ကြင္းလယ္ၾကယ္ပြင့္ ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီကစားသမားေတြကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ကြင္းလယ္နဲ႔ ဘယ္ေနာက္ခံေနရာအတြက္ ျပန္လည္အားျဖည့္ၿပီး ျဖစ္သြားမွာျဖစ္ေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္း အင္အားျဖည့္တင္းဖို႔လိုအပ္ေနတဲ့ တစ္ေနရာကေတာ့ ဗဟိုခံစစ္ေနရာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၆ ဂိုး အနည္းဆုံးသြင္းဂိုးခြင့္ျပဳခဲ့ရတဲ့အသင္းအျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့တာက မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခံစစ္ဟာ ဘယ္ေလာက္အထိ က်စ္လစ္လဲဆိုတာကို ျပသေနတာျဖစ္ပါတယ္။

႐ူဘင္ ဒီယက္စ္ဟာ ကမာၻေပၚက ထိပ္တန္းေနာက္ခံလူေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရသလို ဂြၽန္ စတုန္း၊ လာေပါ့တ္နဲ႔ ေနသန္ အာကီတို႔ကလည္း ထိပ္တန္းေျခစြမ္းပိုင္ဆိုင္ထားတာေၾကာင့္ ဗဟိုခံစစ္ေနရာအတြက္ အင္အားမျဖစ္မေန ျဖည့္တင္းဖို႔ေတာ့ လိုအပ္ျခင္းမရွိတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းဟာ လာမယ့္ရာသီမတိုင္ခင္ ခံစစ္ကစားသမားတစ္ဦး ေခၚယူသြားဖို႔ ႀကိဳးပမ္းေတာ့မယ္လို႔ သတင္းေတြက ထြက္ေပၚလာခဲ့ၿပီး Calciomercato ရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီးဟာ ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလစ္တ္ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ၿပီးခဲ့တဲ့ရာသီမွာ ခံစစ္ပိုင္း ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့တာေၾကာင့္ နည္းျပတန္ဟက္ဂ္နဲ႔အလုပ္အတူတူတြဲလုပ္ဖူးတဲ့ အိုင္းယက္စ္ၾကယ္ပြင့္ေနာက္ခံလူေဟာင္းကို မ်က္စိက်ေနတာျဖစ္ၿပီး ကစားသမားရဲ႕ေအးဂ်င့္ကို ပထမဆုံးဆက္သြယ္မႈေတာင္ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးေရာ မန္ခ်က္စတာယူႏိုက္တက္ပါ ဂ်ဴဗင္တပ္ေနာက္ခံလူကို ေခၚယူဖို႔အတြက္ တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္ရျခင္းမရွိေသးဘဲ ဒီလစ္တ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၁၂၀ ဟာ ဒီေႏြရာသီမွာလည္း အသက္ဝင္ေနဆဲျဖစ္တာေၾကာင့္ စီးရီးေအထိပ္သီးအသင္းႀကီးဟာ ဒတ္ခ်္ေနာက္ခံလူအတြက္ ယူ႐ိုသန္း ၇၀ နဲ႔အထက္ ေျပာင္းေ႐ႊ႕ေၾကးေတာင္းဆိုသြားႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း အယ္လီဂရီရဲ႕အသင္းဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ နယ္သာလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းအေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီျခင္းမရွိဘူးဆိုရင္ေတာ့ ေရာင္းထုတ္သြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီလစ္တ္ကို မန္ခ်က္စတာ ၂ သင္းအျပင္ ႐ူဒီဂါထြက္ခြာသြားမႈေၾကာင့္ အင္အားခ်ိနဲ႔သြားတဲ့ ခ်ဲလ္ဆီးအသင္းကပါ စိတ္ဝင္စားေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ကသာ လုပ္ေဖာ္ကိုင္ဘက္အေဟာင္းနဲ႔ ျပန္လည္ေပါင္းစည္းသြားဖို႔ ပိုမို မ်ားျပားေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.