Premier League Transfer News

ပေါင်သန်း ၅၀ တန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ချဲလ်ဆီးဘုတ်အဖွဲ့ကို ကစားသမားတွေ တောင်းဆို

ချဲလ်ဆီးကစားသမားတွေဟာ အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို အာဆင်နယ်နဲ့ စပါးစ်ထက် လက်ဦးမှုရယူပြီး အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ခေါ်ယူဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သောမတ်စ် တူဟယ်ရဲ့အသင်းဟာ ယခုနွေရာသီမှာ ကစားသမား တစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိသေးတာဖြစ်ပြီး ရူဒီဂါ၊ ခရစ္စတင်ဆန်၊ လူကာကူးတို့ အသင်းကနေ ထွက်ခွာသွားတာကိုသာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရစ်ချာလီဆန်ကလည်း အဲဗာတန်ကို စွန့်ခွာချင်နေပြီး ပရီးမီးယားလိဂ်က အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူးအတွက် ပေါင်သန်း ၅၀ တောင်းဆိုနေပြီး အာဆင်နယ်နဲ့ စပါးစ်တို့ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ရစ်ချာလီဆန်အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးလူစာရင်းထဲက စီနီယာကစားသမားတွေဟာ ရစ်ချာလီဆန်ကို လူကာကူးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့လာတာကို မြင်ချင်နေကြတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားတွေဟာ ရစ်ချာလီဆန်ရဲ့ ခပ်ကြမ်းကြမ်းကစားနိုင်ပြီး ဇွဲနဘဲရှိမှုက ၎င်းတို့ရဲ့ လူစာရင်းထဲကို ရောက်ရှိလာတာမြင်ချင်တဲ့ ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းတွေဖြစ်တယ်လို့ ရှုမြင်ထားတာဖြစ်ကြောင်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ရစ်ချာလီဆန်ဟာ နည်းပြ ဖရန့်ခ် လမ်းပတ်နဲ့ အဲဗာတန်ထိပ်ပိုင်းတာဝန်ရှိသူတွေကို ယခုနွေရာသီမှာ ဂွတ်ဒီဆင် ပါ့ခ်ကနေ ထွက်ခွာချင်နေတယ်ဆိုတာကို အသိပေးခဲ့ပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။

“ကျွန်တော် ဘုတ်အဖွဲ့ကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြီးပါပြီ။ ကျွန်တော် နည်းပြ လမ်းပတ်ကိုလည်း ပြောခဲ့ပြီးပါပြီ။ ကျွန်တော့်ရဲ့အေးဂျင့်တွေနဲ့လည်း ပြောပြီးပြီဖြစ်တာကြောင့် ကျွန်တော်ဘာလိုချင်လဲဆိုတာ သူတို့တွေ သိပါတယ်။ ဇွန်လအထိတော့ စောင့်လိုက်ကြတာပေါ့”

“အခုတော့ ကျွန်တော် ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းကို စွန့်ခွာမယ့်အကြောင်း ပြောတဲ့အချိန်မှာ ကျွန်တော်ရဲ့ အဲဗာတန်မှာ ရှိတဲ့ သမိုင်းကြောင်းကြောင့်၊ ကျွန်တော့်အပေါ်ထားတဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းတရားကြောင့် ပြောလို့မဖြစ်နိုင်လို့ပါ။ ကျွန်တော်တို့ အသင်းကို စွန့်ခွာမယ့်အကြောင်း ပြောတဲ့အချိန်မှာ ကျွန်တော်နည်းနည်းတော့ ပြောစရာစကားမရှိဖြစ်နေမှာပါ”လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ရတဲ့ အဲဗာတန်အသင်းအတွက် ၁၀ ဂိုး သွင်းယူပေးခဲ့ပြီး ဂွတ်ဒီဆင် ပါ့ခ်မှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ၂ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးကစားသမားေတြဟာ အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြကို အာဆင္နယ္နဲ႔ စပါးစ္ထက္ လက္ဦးမႈရယူၿပီး အဲဗာတန္တိုက္စစ္မႉး ရစ္ခ်ာလီဆန္ကို ေခၚယူဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ေသာမတ္စ္ တူဟယ္ရဲ႕အသင္းဟာ ယခုေႏြရာသီမွာ ကစားသမား တစ္ဦးမွ ေခၚယူႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး ႐ူဒီဂါ၊ ခရစၥတင္ဆန္၊ လူကာကူးတို႔ အသင္းကေန ထြက္ခြာသြားတာကိုသာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ ရစ္ခ်ာလီဆန္ကလည္း အဲဗာတန္ကို စြန႔္ခြာခ်င္ေနၿပီး ပရီးမီးယားလိဂ္က အသင္းေပါင္းမ်ားစြာရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာျဖစ္ပါတယ္။

အဲဗာတန္အသင္းဟာ ဘရာဇီးလ္တိုက္စစ္မႉးအတြက္ ေပါင္သန္း ၅၀ ေတာင္းဆိုေနၿပီး အာဆင္နယ္နဲ႔ စပါးစ္တို႔ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ရစ္ခ်ာလီဆန္အတြက္ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ခဲ့တျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ဲလ္ဆီးလူစာရင္းထဲက စီနီယာကစားသမားေတြဟာ ရစ္ခ်ာလီဆန္ကို လူကာကူးရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕လာတာကို ျမင္ခ်င္ေနၾကတယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

ခ်ဲလ္ဆီးကစားသမားေတြဟာ ရစ္ခ်ာလီဆန္ရဲ႕ ခပ္ၾကမ္းၾကမ္းကစားႏိုင္ၿပီး ဇြဲနဘဲရွိမႈက ၎တို႔ရဲ႕ လူစာရင္းထဲကို ေရာက္ရွိလာတာျမင္ခ်င္တဲ့ ကစားသမားတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြျဖစ္တယ္လို႔ ရႈျမင္ထားတာျဖစ္ေၾကာင္း ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ ရစ္ခ်ာလီဆန္ဟာ နည္းျပ ဖရန႔္ခ္ လမ္းပတ္နဲ႔ အဲဗာတန္ထိပ္ပိုင္းတာဝန္ရွိသူေတြကို ယခုေႏြရာသီမွာ ဂြတ္ဒီဆင္ ပါ့ခ္ကေန ထြက္ခြာခ်င္ေနတယ္ဆိုတာကို အသိေပးခဲ့ၿပီးျဖစ္တယ္လို႔ နားလည္ရပါတယ္။

“ကြၽန္ေတာ္ ဘုတ္အဖြဲ႕ကို ရွင္းရွင္းလင္းလင္းသိေအာင္ ေျပာၿပီးပါၿပီ။ ကြၽန္ေတာ္ နည္းျပ လမ္းပတ္ကိုလည္း ေျပာခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ့္ရဲ႕ေအးဂ်င့္ေတြနဲ႔လည္း ေျပာၿပီးၿပီျဖစ္တာေၾကာင့္ ကြၽန္ေတာ္ဘာလိုခ်င္လဲဆိုတာ သူတို႔ေတြ သိပါတယ္။ ဇြန္လအထိေတာ့ ေစာင့္လိုက္ၾကတာေပါ့”

“အခုေတာ့ ကြၽန္ေတာ္ ေျပာလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အသင္းကို စြန႔္ခြာမယ့္အေၾကာင္း ေျပာတဲ့အခ်ိန္မွာ ကြၽန္ေတာ္ရဲ႕ အဲဗာတန္မွာ ရွိတဲ့ သမိုင္းေၾကာင္းေၾကာင့္၊ ကြၽန္ေတာ့္အေပၚထားတဲ့ ပရိသတ္ေတြရဲ႕ခ်စ္ျခင္းတရားေၾကာင့္ ေျပာလို႔မျဖစ္ႏိုင္လို႔ပါ။ ကြၽန္ေတာ္တို႔ အသင္းကို စြန႔္ခြာမယ့္အေၾကာင္း ေျပာတဲ့အခ်ိန္မွာ ကြၽန္ေတာ္နည္းနည္းေတာ့ ေျပာစရာစကားမရွိျဖစ္ေနမွာပါ”လို႔ ၿပီးခဲ့တဲ့လက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ တန္းဆင္းဇုန္က လြတ္ေျမာက္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ အဲဗာတန္အသင္းအတြက္ ၁၀ ဂိုး သြင္းယူေပးခဲ့ၿပီး ဂြတ္ဒီဆင္ ပါ့ခ္မွာ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကလည္း ၂ ႏွစ္ က်န္ရွိေနေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.