Premier League

မာရီနာ ဂရာနော့ဗ်စကားယာကို ကန်ထုတ်ပြီး အပြောင်းအရွှေ့ကို ထိန်းချုပ်သွားမယ့် တော့ဒ် ဘိုလီ

မာရီနာ ဂရာနော့ဗ်စကားယာဟာ နွေရာသီအပြောင်းအရွှေ့ကာလရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအချိန်မှာ အသင်း ဒါရိုက်တာရာထူးကနေ နုတ်ထွက်သွားမှာဖြစ်တယ်လို့ ချဲလ်ဆီးအသင်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရာနော့ဗ်စကားယာဟာ ယခုအပတ်အစောပိုင်းမှာ ချဲလ်ဆီးအသင်းဥက္ကဌ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဘရုစ် ဘက်ခ် ခြေရာလိုက်နင်းသွားတော့မှာဖြစ်ပြီး အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ဘက်ခ်ရဲ့နေရာကို ရယူသွားမှာ ဖြစ်ပါတယ်။

ရုရှားနဲ့ ကနေဒါနွယ်ဖွား မာရီနာ ဂရာနော့ဗ်စကားယာဟာ ပြီးခဲ့တဲ့အပတ်မှာ နောက်ဆုံးအနေနဲ့ ကစားသမားတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ စကးပြောဆိုနေဆဲဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့၊ စာချုပ်တွေနဲ့ စပွန်ဆာသဘောတူညီမှုတွေကို နှစ်အတော်ကြာ ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ လူကာကူးရဲ့အင်တာမီလန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့မှုအတွက် ပြောဆိုဆွေးနွေးမှုတွေကို ဦးဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲမှာ နည်းပြ သောမတ်စ် တူဟယ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့က ပထမဆုံး စိန်ခေါ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂရာနော့ဗ်စကားယာဟာ ကြယ်ပွင့်ကစားသမားအများအပြား ပေါ်ထွက်လာအောင် မွေးထုတ်ပေးခဲ့တဲ့ လက်ရှိ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကော့ဘဟမ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်ပေးခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ အေဘရာမိုဗစ်ချ်ရဲ့ ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ အမှုဆောင်အရာရှိချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းမခံရမီ ၂၀၁၃ ခုနှစ်မှာ ဘုတ်အဖွဲ့ထဲ ရောက်ရှိခဲ့သူဖြစ်ပါတယ်။

မာရီနာ ဂရာနော့ဗ်စကားယာဟာ ချဲလ်ဆီးအသင်းမှာ အသင်းဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ်ကာလအတွင်း ၂၀၂၁ ခုနှစ်အတွက် Golden Boy ဆုပေးပွဲမှာ ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးကလပ်ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

“အသင်းအတွက် နှစ်ပေါင်းများစွာ အလွန်ကောင်းမွန်တဲ့ တာဝန်တွေကို ထမ်းဆောင်ပေးခဲ့တဲ့အတွက် မာရီနာကို ကျွန်တော်တို့ ကျေးဇူးတင်မိပြီး သူ့ရဲ့ အနာဂတ်လုပ်ငန်းတွေမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ တော့ဒ် ဘိုလီက ချဲလ်ဆီးအသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မာရီနာ ဂရာေနာ့ဗ္စကားယာဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလရဲ႕ ဇာတ္ရွိန္အျမင့္ဆုံးအခ်ိန္မွာ အသင္း ဒါ႐ိုက္တာရာထူးကေန ႏုတ္ထြက္သြားမွာျဖစ္တယ္လို႔ ခ်ဲလ္ဆီးအသင္းက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အသက္ ၄၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂရာေနာ့ဗ္စကားယာဟာ ယခုအပတ္အေစာပိုင္းမွာ ခ်ဲလ္ဆီးအသင္းဥကၠဌ ရာထူးကေန ႏုတ္ထြက္ခဲ့တဲ့ ဘ႐ုစ္ ဘက္ခ္ ေျခရာလိုက္နင္းသြားေတာ့မွာျဖစ္ၿပီး အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီဟာ ဘုတ္အဖြဲ႕ဥကၠဌအျဖစ္ ဘက္ခ္ရဲ႕ေနရာကို ရယူသြားမွာ ျဖစ္ပါတယ္။

႐ုရွားနဲ႔ ကေနဒါႏြယ္ဖြား မာရီနာ ဂရာေနာ့ဗ္စကားယာဟာ ၿပီးခဲ့တဲ့အပတ္မွာ ေနာက္ဆုံးအေနနဲ႔ ကစားသမားေတြရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ စကးေျပာဆိုေနဆဲျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕၊ စာခ်ဳပ္ေတြနဲ႔ စပြန္ဆာသေဘာတူညီမႈေတြကို ႏွစ္အေတာ္ၾကာ ထိန္းခ်ဳပ္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီဟာ လူကာကူးရဲ႕အင္တာမီလန္ကို အငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕မႈအတြက္ ေျပာဆိုေဆြးေႏြးမႈေတြကို ဦးေဆာင္ခဲ့ၿပီး အေမရိကန္ႏိုင္ငံသား စီးပြားေရးလုပ္ငန္းရွင္ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြထဲမွာ နည္းျပ ေသာမတ္စ္ တူဟယ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး တည္ေဆာက္ဖို႔က ပထမဆုံး စိန္ေခၚမႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

ဂရာေနာ့ဗ္စကားယာဟာ ၾကယ္ပြင့္ကစားသမားအမ်ားအျပား ေပၚထြက္လာေအာင္ ေမြးထုတ္ေပးခဲ့တဲ့ လက္ရွိ ေလ့က်င့္ေရးကြင္းျဖစ္တဲ့ ေကာ့ဘဟမ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ စီစဥ္ေပးခဲ့တာျဖစ္ၿပီး ၂၀၁၀ ခုႏွစ္မွာ ေအဘရာမိုဗစ္ခ်္ရဲ႕ ကိုယ္စားလွယ္ျဖစ္လာခဲ့ၿပီးေနာက္ ၂၀၁၄ ခုႏွစ္မွာ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ ရာထူးတိုးျမႇင့္ေပးျခင္းမခံရမီ ၂၀၁၃ ခုႏွစ္မွာ ဘုတ္အဖြဲ႕ထဲ ေရာက္ရွိခဲ့သူျဖစ္ပါတယ္။

မာရီနာ ဂရာေနာ့ဗ္စကားယာဟာ ခ်ဲလ္ဆီးအသင္းမွာ အသင္းဒါ႐ိုက္တာအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနစဥ္ကာလအတြင္း ၂၀၂၁ ခုႏွစ္အတြက္ Golden Boy ဆုေပးပြဲမွာ ဥေရာပေဘာလုံးေလာကရဲ႕ အေကာင္းဆုံးကလပ္ဒါ႐ိုက္တာဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

“အသင္းအတြက္ ႏွစ္ေပါင္းမ်ားစြာ အလြန္ေကာင္းမြန္တဲ့ တာဝန္ေတြကို ထမ္းေဆာင္ေပးခဲ့တဲ့အတြက္ မာရီနာကို ကြၽန္ေတာ္တို႔ ေက်းဇူးတင္မိၿပီး သူ႔ရဲ႕ အနာဂတ္လုပ္ငန္းေတြမွာ အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”လို႔ ေတာ့ဒ္ ဘိုလီက ခ်ဲလ္ဆီးအသင္းရဲ႕တရားဝင္ဝက္ဘ္ဆိုက္မွာ တင္ထားတဲ့ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.