Bundesliga Premier League Transfer News

လီဗာပူးလ်နဲ့ ပရိသတ်တွေ ထိုင်ငိုချင်သွားအောင် ပြောလိုက်တဲ့ မာနေး

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းက အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းဖြစ်တာကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကို စွန့်ခွာဖို့ သိပ်အကြာကြီး မစဉ်းစားလိုက်ရဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ယာဂန် ကလော့ပ်လက်ထက် လီဗာပူးလ်ရဲ့ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး မာဆေးဆိုဒ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၆ လုံးအထိ ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မာနေးက ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ယူရို ၄၁ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

“ကျွန်တော့်အေးဂျင့်က ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကို ပထမဆုံးပြောတဲ့အချိန်မှာ ချက်ချင်းပဲ စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော့်ကိုယ်ကို ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် ချက်ချင်းပဲ မြင်မိသွားတယ်။ ကျွန်တော့်အတွက်တော့ ဘိုင်ယန်မြူးနစ်က အချိန်ကောင်း အသင်းကောင်းဖြစ်ခဲ့ပါတယ်”

“ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီးအသင်းက အမြဲတမ်း ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်နေတယ်။ အဲဒီတော့ ကျွန်တော့်အတွက်ကတော့ အရမ်းကောင်းတဲ့ အကြံဖြစ်ခဲ့ပြီး ဒီကိုလာခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်”

ဘာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ လျင်လျင်မြန်မြန် ဆုံးဖြတ်ချက် ချခဲ့တာလဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ မာနေးက “တခြားအသင်းတွေဆီကနေ စုံစမ်းမေးမြန်းတာတွေရှိတယ်လို့ ကျွန်တော့်ရဲ့ အေးဂျင့်က ပြောခဲ့ပါတယ်။ အဲဒါက အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ကျွန်တော့်ကို သူတို့ရဲ့ အစီအစဉ်ကို တင်ပြတဲ့အချိန်မှာ ချက်ချင်းပဲ ခံစားမိခဲ့တယ်။ တခြားလူတွေအားလုံးထက်ပိုပြီး ကျွန်တော့်ကိုယ် ကျွန်တော် ဘိုင်ယန်မြူးနစ်ရဲ့ အစီအစဉ်ထဲမှာ မြင်မိသွားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တကယ်လို့ ဘိုင်ယန်မြူးနစ်အသင်းကိုသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ကူညီပေးနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ မာနေးက “ဟင့်အင်းလို့ ကျွန်တော် မပြောချင်ပါဘူး။ အားလုံးက ချန်ပီယံလိဂ်ဖလားကို ရရှိချင်တယ်။ ကမ္ဘာပေါ်က ဘောလုံးသမားတိုင်းပါပဲ။ ကျွန်တော်က အခုဆိုရင် အရမ်းကို ယှဉ်ပြိုင်မှုပြင်းထန်တဲ့အသင်းနဲ့အတူ ရှိနေပါပြီ”

“ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း ပြောဖို့ကတော့ နည်းနည်းစောနေပါသေးတယ်။ ကျွန်တော်တို့အတူတူ တစ်ပွဲမှတောင် မကစားရသေးဘူးလေ။ ဒါပေမယ့်လည်း ကျွန်တော်တို့ အသင်းကို ဗိုလ်လုပွဲတက်ရောက်နိုင်အောင် အရာအားလုံးပေးသွားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆာဒီယို မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းက အရမ္းကို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အသင္းျဖစ္တာေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကို စြန႔္ခြာဖို႔ သိပ္အၾကာႀကီး မစဥ္းစားလိုက္ရဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယာဂန္ ကေလာ့ပ္လက္ထက္ လီဗာပူးလ္ရဲ႕ အဓိကကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး မာေဆးဆိုဒ္အသင္းကို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ ဆုဖလား ၆ လုံးအထိ ရရွိေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မာေနးက ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လီဗာပူးလ္ကို စြန႔္ခြာဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး လက္ရွိမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းကို ယူ႐ို ၄၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။

“ကြၽန္ေတာ့္ေအးဂ်င့္က ဘိုင္ယန္ျမဴးနစ္ရဲ႕ စိတ္ဝင္စားမႈကို ပထမဆုံးေျပာတဲ့အခ်ိန္မွာ ခ်က္ခ်င္းပဲ စိတ္လႈပ္ရွားခဲ့ရပါတယ္။ ကြၽန္ေတာ့္ကိုယ္ကို ဘိုင္ယန္ျမဴးနစ္ကစားသမားအျဖစ္ ခ်က္ခ်င္းပဲ ျမင္မိသြားတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဘိုင္ယန္ျမဴးနစ္က အခ်ိန္ေကာင္း အသင္းေကာင္းျဖစ္ခဲ့ပါတယ္”

“ကမာၻေပၚက အႀကီးမားဆုံးကလပ္အသင္းေတြထဲက တစ္သင္းျဖစ္ၿပီးအသင္းက အၿမဲတမ္း ဆုဖလားတိုင္းအတြက္ တိုက္ပြဲဝင္ေနတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္အတြက္ကေတာ့ အရမ္းေကာင္းတဲ့ အႀကံျဖစ္ခဲ့ၿပီး ဒီကိုလာခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္”

ဘာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ လ်င္လ်င္ျမန္ျမန္ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာလဲလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ မာေနးက “တျခားအသင္းေတြဆီကေန စုံစမ္းေမးျမန္းတာေတြရွိတယ္လို႔ ကြၽန္ေတာ့္ရဲ႕ ေအးဂ်င့္က ေျပာခဲ့ပါတယ္။ အဲဒါက အေျပာင္းအေ႐ႊ႕ရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းက ကြၽန္ေတာ့္ကို သူတို႔ရဲ႕ အစီအစဥ္ကို တင္ျပတဲ့အခ်ိန္မွာ ခ်က္ခ်င္းပဲ ခံစားမိခဲ့တယ္။ တျခားလူေတြအားလုံးထက္ပိုၿပီး ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ဘိုင္ယန္ျမဴးနစ္ရဲ႕ အစီအစဥ္ထဲမွာ ျမင္မိသြားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

တကယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းကိုသာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္မလားလို႔ ေမးျမန္းခဲ့ရာမွာ မာေနးက “ဟင့္အင္းလို႔ ကြၽန္ေတာ္ မေျပာခ်င္ပါဘူး။ အားလုံးက ခ်န္ပီယံလိဂ္ဖလားကို ရရွိခ်င္တယ္။ ကမာၻေပၚက ေဘာလုံးသမားတိုင္းပါပဲ။ ကြၽန္ေတာ္က အခုဆိုရင္ အရမ္းကို ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့အသင္းနဲ႔အတူ ရွိေနပါၿပီ”

“ဒါေပမယ့္လည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအေၾကာင္း ေျပာဖို႔ကေတာ့ နည္းနည္းေစာေနပါေသးတယ္။ ကြၽန္ေတာ္တို႔အတူတူ တစ္ပြဲမွေတာင္ မကစားရေသးဘူးေလ။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ အသင္းကို ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ အရာအားလုံးေပးသြားမွာပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.