Premier League

ယူရိုသန်း ၅၀ တန်ပရီးမီးယားလိဂ်ကြယ်ပွင့်ကို ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ညာအတွက် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်တယ်လို့ The Athletic ဘောလုံးသတင်းထောက် ဒေးဗစ် အွန်းစတိုင်း ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုဟာ လိဒ်စ် ယူနိုက်တက်အသင်းက သတ်မှတ်ထားတဲ့ ယူရိုသန်း ၅၀ မရှိတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခံရလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ၃၆ ပွဲမှာ သွင်းဂိုး ၁၁ ဂိုး သွင်းယူပေးခဲ့ပြီး လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ဖန်တီးနိုင်စွမ်းနဲ့ သွင်းဂိုးတွေက လိဒ်စ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်စေဖို့ အရေးပါခဲ့တာဖြစ်ပါတယ်။

တန်းမဆင်းရအောင် ရုန်းကန်နေရတဲ့အသင်းအတွက် ကစားပေးနေပေမယ့်လည်း ရာဖင်ညာဟာ ညာတောင်ပံတိုက်စစ်မှူးအဖြစ်နဲ့ ကစားပြီး ပြသနေတဲ့ ဖန်တီးနိုင်စွမ်းကြောင့် အာဆင်နယ်နည်းပြ အာတီတာရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ နောက်ထပ်တစ်ကြိမ် လွဲချော်ခဲ့ပြီးနောက် တိုက်စစ်ကို အဆင့်မြှင့်တင်ဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပြီး လိဒ်စ်တိုက်စစ်မှူးက အဓိကဦးစားပေး ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ရာဖင်ညာဟာ လိဒ်စ်ယူနိုက်တက်ပရိသတ်တွေရဲ့ အနှစ်သက်ဆုံးကစားသးမားဖြစ်ပြီး ၎င်းရဲ့ လျင်မြန်မှုနဲ့ တစ်ကွက်ကျော်မြင်တတ်တဲ့ ကစားပုံကြောင့် နှစ်သက်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ညာတောင်ပံကနေ အတွင်းထဲ ချိုးဝင်ပြီး အသင်းဖော်တွေဆီကို အလွန်ကောင်းမွန်တဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ တန်းမဆင်းရဖို့ ရုန်းကန်ခဲ့ရချိန်မှာ ဘရာဇီးလ်တိုက်စစ်မှူးက ကယ်တင်ရှင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

အမှတ်အရဆုံးကတော့ ဘရန့်တ်ဖို့ဒ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ရာဖင်ညာရဲ့ ၎င်းရဲ့ ထိုးဖောက်ပြေးလွှားမှုနဲ့ ပွဲစဉ်တလျှောက်လုံး ဘရန့်တ်ဖို့ဒ်ကစားသမားတွေကို ခြောက်လှန့်နိုင်ခဲ့တာဖြစ်ပါတယ်။ ရာဖင်ညာဟာ အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်အရည်အသွေးကို ပိုင်ဆိုင်ထားပြီး တစ်ယောက်ချင်း ရင်ဆိုင်တွေ့ရာမှာ အသာလေး ကျော်ဖြတ်နိုင်တဲ့အပြင် ၎င်းရဲ့ အထင်ကြီးဖွယ် အယိမ်းအနွဲ့ကို အသုံးပြုပြီး ပြိုင်ဘက် ခံစစ်အလယ်တည့်တည့်ကို ပြေးဝင်နိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။

ရာဖင်ညာဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံး လိဒ်ယူနိုက်တက်အတွက် ၎င်းရဲ့ ဖန်တီးနိုင်စွမ်း၊ သွင်းဂိုးတွေနဲ့အတူ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသခဲ့တာကြောင့် အသင်းအများအပြားရဲ့ အလိုရှိခြင်းကို ခံနေရတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ လာမယ့်ရာသီ ဥရောပမှာ ကစားချင်နေပုံ ပေါ်ပေမယ့်လည်း အာတီတာအနေနဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို ၎င်းရဲ့ စီမံကိန်းအပေါ် ယုံကြည်လာအောင် စည်းရုံးနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုကို ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ ရာဖင္ညာအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ၿပီျဖစ္တယ္လို႔ The Athletic ေဘာလုံးသတင္းေထာက္ ေဒးဗစ္ အြန္းစတိုင္း ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈဟာ လိဒ္စ္ ယူႏိုက္တက္အသင္းက သတ္မွတ္ထားတဲ့ ယူ႐ိုသန္း ၅၀ မရွိတာေၾကာင့္ ကမ္းလွမ္းမႈကို ပယ္ခ်ခံရလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ၃၆ ပြဲမွာ သြင္းဂိုး ၁၁ ဂိုး သြင္းယူေပးခဲ့ၿပီး လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ၎ရဲ႕ ဖန္တီးႏိုင္စြမ္းနဲ႔ သြင္းဂိုးေတြက လိဒ္စ္ယူႏိုက္တက္ကို ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ေစဖို႔ အေရးပါခဲ့တာျဖစ္ပါတယ္။

တန္းမဆင္းရေအာင္ ႐ုန္းကန္ေနရတဲ့အသင္းအတြက္ ကစားေပးေနေပမယ့္လည္း ရာဖင္ညာဟာ ညာေတာင္ပံတိုက္စစ္မႉးအျဖစ္နဲ႔ ကစားၿပီး ျပသေနတဲ့ ဖန္တီးႏိုင္စြမ္းေၾကာင့္ အာဆင္နယ္နည္းျပ အာတီတာရဲ႕ စိတ္ဝင္စားမႈကို ဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ တိုက္စစ္ကို အဆင့္ျမႇင့္တင္ဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ၿပီး လိဒ္စ္တိုက္စစ္မႉးက အဓိကဦးစားေပး ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

ရာဖင္ညာဟာ လိဒ္စ္ယူႏိုက္တက္ပရိသတ္ေတြရဲ႕ အႏွစ္သက္ဆုံးကစားသးမားျဖစ္ၿပီး ၎ရဲ႕ လ်င္ျမန္မႈနဲ႔ တစ္ကြက္ေက်ာ္ျမင္တတ္တဲ့ ကစားပုံေၾကာင့္ ႏွစ္သက္ျခင္း ခံခဲ့ရသူ ျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ညာေတာင္ပံကေန အတြင္းထဲ ခ်ိဳးဝင္ၿပီး အသင္းေဖာ္ေတြဆီကို အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္ခဲ့သူျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ တန္းမဆင္းရဖို႔ ႐ုန္းကန္ခဲ့ရခ်ိန္မွာ ဘရာဇီးလ္တိုက္စစ္မႉးက ကယ္တင္ရွင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အမွတ္အရဆုံးကေတာ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္ျဖစ္ၿပီး ရာဖင္ညာရဲ႕ ၎ရဲ႕ ထိုးေဖာက္ေျပးလႊားမႈနဲ႔ ပြဲစဥ္တေလွ်ာက္လုံး ဘရန႔္တ္ဖို႔ဒ္ကစားသမားေတြကို ေျခာက္လွန႔္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ရာဖင္ညာဟာ အလြန္ေကာင္းမြန္တဲ့ အလိမ္အေခါက္အရည္အေသြးကို ပိုင္ဆိုင္ထားၿပီး တစ္ေယာက္ခ်င္း ရင္ဆိုင္ေတြ႕ရာမွာ အသာေလး ေက်ာ္ျဖတ္ႏိုင္တဲ့အျပင္ ၎ရဲ႕ အထင္ႀကီးဖြယ္ အယိမ္းအႏြဲ႕ကို အသုံးျပဳၿပီး ၿပိဳင္ဘက္ ခံစစ္အလယ္တည့္တည့္ကို ေျပးဝင္ႏိုင္စြမ္း ရွိသူ ျဖစ္ပါတယ္။

ရာဖင္ညာဟာ ၿပီးခဲ့တဲ့ ၂ ရာသီစလုံး လိဒ္ယူႏိုက္တက္အတြက္ ၎ရဲ႕ ဖန္တီးႏိုင္စြမ္း၊ သြင္းဂိုးေတြနဲ႔အတူ တည္ၿငိမ္တဲ့ ေျခစြမ္းကို ျပသခဲ့တာေၾကာင့္ အသင္းအမ်ားအျပားရဲ႕ အလိုရွိျခင္းကို ခံေနရတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ လာမယ့္ရာသီ ဥေရာပမွာ ကစားခ်င္ေနပုံ ေပၚေပမယ့္လည္း အာတီတာအေနနဲ႔ ဘရာဇီးလ္တိုက္စစ္မႉးကို ၎ရဲ႕ စီမံကိန္းအေပၚ ယုံၾကည္လာေအာင္ စည္း႐ုံးႏိုင္ခဲ့မယ္ဆိုရင္ အာဆင္နယ္အတြက္ အလြန္ေကာင္းမြန္တဲ့ ေခၚယူမႈကို ျပဳလုပ္သြားႏိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.