Premier League

မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကစားသမားဘဝ နောက်ဆုံးရာသီတွေမှာ ဆုဖလားတွေ ရရှိဖို့ ယှဉ်ပြိုင်ချင်တာကြောင့် ယခုနွေရာသီမှာ အပြောင်းအရွှေ့လှုပ်ရှားမှု ကင်းမဲ့နေတဲ့ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

ဒီသတင်းကို ပေးခဲ့တဲ့သူကတော့ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး စိတ်ချယုံကြည်ရတဲ့သတင်းရင်းမြစ်အဖြစ် မကြာခဏ ရှုမြင်ခြင်းခံခဲ့ရတဲ့ AS သတင်းထောက် မန်နျူရယ် စိန့်ဇ်ဖြစ်ပြီး ရော်နယ်လ်ဒိုဟာ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အသင်းဟောင်းကို စွန့်ခွာခဲ့တဲ့အချိန်တုန်းကအတိုင်း ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ကြိမ် ဂိုးတွေ သွင်းယူပေးခဲ့ပြီး မယုံနိုင်ဖွယ် စွမ်းဆောင်ရည်တွေကို ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၆ နေရာနဲ့သာ ရာသီပြီးဆုံးနိုင်ခဲ့တာကြောင့် ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် လွဲချော်ခဲ့ပြီဖြစ်ပြီး ယခုနွေရာသီမှာ အသင်းအနေနဲ့ အင်အားဖြည့်တင်းပြီး လာမယ့်ရာသီမှာ ဆုဖလားတွေကို ယှဉ်ပြိုင်သွားနိုင်ဖို့ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ ဖရန်ကီ ဒီ ယုံး၊ ခရစ်ရှန် အဲရစ်ဆင်နဲ့ အိုင်းယက်စ်ကြယ်ပွင့် အန်တိုနီကို ခေါ်ယူချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး လာမယ့်အပတ်မှာ ရာသီကြိုကာလရောက်ရှိနေတာမှာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ပစ်မှတ်တစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိသေးတာက ရော်နယ်လ်ဒိုကို စိုးရိမ်စေတယ်လို့ မန်နျူရယ် စိန့်ဇ်က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ ၎င်းရဲ့ ထိပ်တန်းအဆင့်မှာ ကစားနိုင်တဲ့ နောက်ဆုံးရာသီတွေကို နောက်ထပ် စံချိန်တင် ဆုဖလားတွေ မရရှိဘဲ မကုန်ဆုံးချင်ဘဲ မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှု ကင်းမဲ့နေတာကြောင့် နောက်ထပ်တစ်ကြိမ် ဆုဖလားလက်မဲ့ ရာသီတစ်ခုကို ကြုံတွေ့ရမှာကို ထိတ်လန့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အစတုန်းက အိုးထရက်ဖို့ဒ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ ကစားပေးသွားဖို့အတွက် ဆုံးဖြတ်ထားပေမယ့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ခြင်း၊ ဟာလန်းနဲ့ နူးညက်ဇ်တို့လို ကစားသမားတွေ ရောက်ရှိလာမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုမို ဝေးကွာသွားမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်အသင်းကို ယခုနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်သွားစေချင်ပေမယ့် အသင်းက ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိဘဲ အဓိက ကစားသမားတွေ ထွက်ခွာမှုကိုသာ မြင်တွေ့နေရတာကြောင့် စိတ်ပျက်မှုတွေ ကြီးထွားလာနေပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လီဗာပူးလ်နဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားသွားရတော့မှာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စတန် ဗီလာ၊ မဲလ်ဘုန်း ဗစ်တိုရီ၊ ခရစ္စတယ် ပဲလေ့စ်တို့နဲ့ ကစားဖို့ သြစတြေးလျကို သွားရောက်ရမှာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ အမှတ်ရဖွယ် ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်နဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားပြီးနောက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ကစားရမယ့်ပွဲစဉ်မတိုင်မီ အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနိုနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးရာသီေတြမွာ ဆုဖလားေတြ ရရွိဖို႔ ယွဥ္ၿပိဳင္ခ်င္တာေၾကာင့္ ယခုေႏြရာသီမွာ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈ ကင္းမဲ့ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာဖို႔ စဥ္းစားေနၿပီလို႔ သိရပါတယ္။

ဒီသတင္းကို ေပးခဲ့တဲ့သူကေတာ့ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး စိတ္ခ်ယုံၾကည္ရတဲ့သတင္းရင္းျမစ္အျဖစ္ မၾကာခဏ ရႈျမင္ျခင္းခံခဲ့ရတဲ့ AS သတင္းေထာက္ မန္န်ဴရယ္ စိန႔္ဇ္ျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြအခိုင္အမာထြက္ေပၚခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကို ဒုတိယအႀကိမ္ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္းကို စြန႔္ခြာခဲ့တဲ့အခ်ိန္တုန္းကအတိုင္း ခ်န္ပီယံလိဂ္မွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးေတြ သြင္းယူေပးခဲ့ၿပီး မယုံႏိုင္ဖြယ္ စြမ္းေဆာင္ရည္ေတြကို ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဆင့္ ၆ ေနရာနဲ႔သာ ရာသီၿပီးဆုံးႏိုင္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ လြဲေခ်ာ္ခဲ့ၿပီျဖစ္ၿပီး ယခုေႏြရာသီမွာ အသင္းအေနနဲ႔ အင္အားျဖည့္တင္းၿပီး လာမယ့္ရာသီမွာ ဆုဖလားေတြကို ယွဥ္ၿပိဳင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ ဖရန္ကီ ဒီ ယုံး၊ ခရစ္ရွန္ အဲရစ္ဆင္နဲ႔ အိုင္းယက္စ္ၾကယ္ပြင့္ အန္တိုနီကို ေခၚယူခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာၾကားထားၿပီး လာမယ့္အပတ္မွာ ရာသီႀကိဳကာလေရာက္ရွိေနတာမွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိ ပစ္မွတ္တစ္ဦးမွ ေခၚယူႏိုင္ျခင္းမရွိေသးတာက ေရာ္နယ္လ္ဒိုကို စိုးရိမ္ေစတယ္လို႔ မန္န်ဴရယ္ စိန႔္ဇ္က ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၎ရဲ႕ ထိပ္တန္းအဆင့္မွာ ကစားႏိုင္တဲ့ ေနာက္ဆုံးရာသီေတြကို ေနာက္ထပ္ စံခ်ိန္တင္ ဆုဖလားေတြ မရရွိဘဲ မကုန္ဆုံးခ်င္ဘဲ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈ ကင္းမဲ့ေနတာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားလက္မဲ့ ရာသီတစ္ခုကို ႀကဳံေတြ႕ရမွာကို ထိတ္လန႔္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အစတုန္းက အိုးထရက္ဖို႔ဒ္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတဲ့အထိ ကစားေပးသြားဖို႔အတြက္ ဆုံးျဖတ္ထားေပမယ့္လည္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ခဲ့ျခင္း၊ ဟာလန္းနဲ႔ ႏူးညက္ဇ္တို႔လို ကစားသမားေတြ ေရာက္ရွိလာမႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၿပိဳင္ဘက္အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္း ပိုမို ေဝးကြာသြားမွာကို ေၾကာက္႐ြံ႕ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက မန္ခ်က္စတာယူႏိုက္တက္အသင္းကို ယခုေႏြရာသီမွာ ႀကီးမားတဲ့ အေျပာင္းအလဲေတြ ျပဳလုပ္သြားေစခ်င္ေပမယ့္ အသင္းက ကစားသမားသစ္ေခၚယူႏိုင္ျခင္းမရွိဘဲ အဓိက ကစားသမားေတြ ထြက္ခြာမႈကိုသာ ျမင္ေတြ႕ေနရတာေၾကာင့္ စိတ္ပ်က္မႈေတြ ႀကီးထြားလာေနၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ ဇူလိုင္လ ၁၂ ရက္ေန႔ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ လီဗာပူးလ္နဲ႔ ပထမဆုံး ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အက္စတန္ ဗီလာ၊ မဲလ္ဘုန္း ဗစ္တိုရီ၊ ခရစၥတယ္ ပဲေလ့စ္တို႔နဲ႔ ကစားဖို႔ ၾသစေၾတးလ်ကို သြားေရာက္ရမွာျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕ အမွတ္ရဖြယ္ ၿပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္နဲ႔ ဇူလိုင္လ ၃၀ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားၿပီးေနာက္ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္အျဖစ္ ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္မီ အိုးထရက္ဖို႔ဒ္မွာ ဗယ္လက္ကာႏိုနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.