Premier League

၁၁.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၈ ရက္၊ အဂၤါေန႔။

၁၁.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၈ ရက္၊ အဂၤါေန႔၊ ျပႆဒါး၊ ဝါရမိတၱဳႀကီး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၁၀:၀၆ အထိ တိထီ ၆ လုံး။ ေက်ာ္လွ်င္ ၇ လုံး။ ၆ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ မတယုဂ္၊ ထာဝရ ရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ားေရာ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္ အလုပ္မ်ားပါ လုပ္ေဆာင္ရန္ေကာင္း။ ၇ လုံးတြင္ အဆိပ္ယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ အဖ်က္သေဘာေဆာင္ေသာ၊ ထိေရာက္ေစလိုေသာ ကိစၥမ်ားႏွင့္ ဓာတ္႐ိုက္ဓာတ္ဆင္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၅၅ အထိ ဘရဏီနကၡတ္။ ေက်ာ္လွ်င္ ၾကတၱိကာနကၡတ္။ နံနက္ ၉:၃၇ အထိ ဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီး၊ အဖ်က္ႏွင့္ ႀကဳံမည္။ မိမိ၏ မေကာင္းေသာ ဝါသနာမ်ား၊ စြဲလမ္းမွဳမ်ားေၾကာင့္ အလုပ္ ထိခိုက္တတ္၍ ဆႏၵကို သိကၡာျဖင့္ ထိန္းပါ။ ေက်ာ္လွ်င္ ဝုဒၶိယုဂ္၊ ဖြံ႕ၿဖဳိးႀကီးထြားျခင္း၊ ဉာဏ္ပညာကို အရင္းတည္၍ ေျပာဆုိလုပ္ကိုင္ ေဆာင္ရြက္ရသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၀၆ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၃:၁၃ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၁၀:၀၆ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၁.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်၊ အင်္ဂါနေ့၊ ပြဿဒါး၊ ဝါရမိတ္တုကြီး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၀:၀၆ အထိ တိထီ ၆ လုံး။ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့် အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။ ၇ လုံးတွင် အဆိပ်ယုဂ်နှင့် ယာဇ်မီးယုဂ်၊ အဖျက်သဘောဆောင်သော၊ ထိရောက်စေလိုသော ကိစ္စများနှင့် ဓာတ်ရိုက်ဓာတ်ဆင်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၅၅ အထိ ဘရဏီနက္ခတ်။ ကျော်လျှင် ကြတ္တိကာနက္ခတ်။ နံနက် ၉:၃၇ အထိ ဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီး၊ အဖျက်နှင့် ကြုံမည်။ မိမိ၏ မကောင်းသော ဝါသနာများ၊ စွဲလမ်းမှုများကြောင့် အလုပ် ထိခိုက်တတ်၍ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။ ကျော်လျှင် ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၀၆ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၃:၁၃ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၁၀:၀၆ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)