Other Leagues Premier League Transfer News

အိုလံပီယာေကာ့စ္ေနာက္ခံလူကို ေခၚယူဖို႔ သေဘာတူညီခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အနားမရွိ ကစားေနရတဲ့ ဘယ္ေနာက္ခံလူ အန္ဒ႐ူး ေရာဘတ္ဆန္ရဲ႕ ပခုံးေပၚက တာဝန္နဲ႔ ဖိအားေတြကို ခြဲေဝေပးႏုိင္မယ့္ ကစားသမားတစ္ဦးကို ရွာေဖြေနရာမွာ ဂရိကလပ္ အိုလံပီယာေကာ့စ္အသင္းရဲ႕ ေနာက္ခံလူ ကြန္စတန္တီႏို႔စ္(ေကာ့စတတ္စ္) ဆီမီကတ္စ္ကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

ဆီမီကတ္စ္ဟာ ဥေရာပရဲ႕ ေျခစြမ္းအတည္ၿငိမ္ဆုံး ဘယ္ေနာက္ခံလူေတြထဲက တစ္ဦးျဖစ္ၿပီး ဂရိမီဒီယာေတြရဲ႕ ထင္သေလာက္ မေထာက္ပံ့ႏုိင္မွဳေၾကာင့္ မ်ားစြာ ေက်ာ္ၾကားျခင္းမရွိလွေပမယ့္ လီဗာပူးလ္ကေတာ့ ဒီလိုကစားသမားေတြကို အေကာင္းဆုံး ရွာေဖြတတ္သူျဖစ္လို႔ သူနဲ႔ အၿပဳိင္ စိတ္ဝင္စားေနတဲ့ လက္စတာစီးတီးကို ေက်ာ္ျဖတ္ေခၚယူသြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက မာေဆးဆုိက္အေျခစုိက္ အန္းဖီးလ္ကလပ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္တန္းဆင္း ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဂ်မားလ္ လူးဝစၥကို ေခၚယူဖို႔ ႀကဳိးစားခဲ့ေသးေပမယ့္ ကေနရီငွက္ေတြအေနနဲ႔ ဒီေျမာက္အုိင္ယာလန္ေနာက္ခံလူအတြက္ သူတုိ႔ဘက္က ကမ္းလွမ္းတဲ့ ေဈးရဲ႕ ႏွစ္ဆျဖစ္တဲ့ ေပါင္သန္း ၂၀ အထိ အလိုရွိေနတာေၾကာင့္ လက္ေလွ်ာ့ခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆီမီကတ္စ္ဟာ ဂရိလက္ေရြးစင္အျဖစ္ သုံးပြဲ ကစားထားခဲ့ၿပီးသူျဖစ္သလို အရပ္ ၅ ေပ ၁၀ လက္မ ရွိသူျဖစ္လုိ႔ ပရီးမီးယားလိဂ္ရဲ႕ ကာယစိန္ေခၚမွဳကို လိုက္ပါလုပ္ေဆာင္ႏုိင္မယ့္သူလုိ႔လည္း ေစာင့္ၾကည့္သူေတြက သုံးသပ္ထားၾကၿပီး လက္ရွိအခ်ိန္အထိ ဂရိအင္အားႀကီးကလပ္အတြက္ ၿပဳိင္ပြဲစုံ ၈၄ ပြဲ ကစားထားခဲ့ၿပီးလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ အသက္အရြယ္ေထာက္လာတဲ့ ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာကို အရန္ဘယ္ေနာက္ခံလူအျဖစ္ အသုံးျပဳေနရတာကို ဒီရာသီမွာ စတင္ေျပာင္းလဲသြားဖို႔ စီစဥ္ေနၿပီး ဆီမီကတ္စ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၁.၇၅ သန္း (ယူ႐ို ၁၃ သန္း)နဲ႔ မၾကာမီရက္ပုိင္းအတြင္း ေခၚယူႏုိင္ဖို႔နဲ႔ ေဆးစစ္မွဳေတြ ျပဳလုပ္သြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ အနားမရှိ ကစားနေရတဲ့ ဘယ်နောက်ခံလူ အန်ဒရူး ရောဘတ်ဆန်ရဲ့ ပခုံးပေါ်က တာဝန်နဲ့ ဖိအားတွေကို ခွဲဝေပေးနိုင်မယ့် ကစားသမားတစ်ဦးကို ရှာဖွေနေရာမှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းရဲ့ နောက်ခံလူ ကွန်စတန်တီနို့စ်(ကော့စတတ်စ်) ဆီမီကတ်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဆီမီကတ်စ်ဟာ ဥရောပရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးဖြစ်ပြီး ဂရိမီဒီယာတွေရဲ့ ထင်သလောက် မထောက်ပံ့နိုင်မှုကြောင့် များစွာ ကျော်ကြားခြင်းမရှိလှပေမယ့် လီဗာပူးလ်ကတော့ ဒီလိုကစားသမားတွေကို အကောင်းဆုံး ရှာဖွေတတ်သူဖြစ်လို့ သူနဲ့ အပြိုင် စိတ်ဝင်စားနေတဲ့ လက်စတာစီးတီးကို ကျော်ဖြတ်ခေါ်ယူသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မာဆေးဆိုက်အခြေစိုက် အန်းဖီးလ်ကလပ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်တန်းဆင်း နော့ဝစ်ချ်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ဂျမားလ် လူးဝစ္စကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ကနေရီငှက်တွေအနေနဲ့ ဒီမြောက်အိုင်ယာလန်နောက်ခံလူအတွက် သူတို့ဘက်က ကမ်းလှမ်းတဲ့ ဈေးရဲ့ နှစ်ဆဖြစ်တဲ့ ပေါင်သန်း ၂၀ အထိ အလိုရှိနေတာကြောင့် လက်လျှော့ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီမီကတ်စ်ဟာ ဂရိလက်ရွေးစင်အဖြစ် သုံးပွဲ ကစားထားခဲ့ပြီးသူဖြစ်သလို အရပ် ၅ ပေ ၁၀ လက်မ ရှိသူဖြစ်လို့ ပရီးမီးယားလိဂ်ရဲ့ ကာယစိန်ခေါ်မှုကို လိုက်ပါလုပ်ဆောင်နိုင်မယ့်သူလို့လည်း စောင့်ကြည့်သူတွေက သုံးသပ်ထားကြပြီး လက်ရှိအချိန်အထိ ဂရိအင်အားကြီးကလပ်အတွက် ပြိုင်ပွဲစုံ ၈၄ ပွဲ ကစားထားခဲ့ပြီးလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အသက်အရွယ်ထောက်လာတဲ့ ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာကို အရန်ဘယ်နောက်ခံလူအဖြစ် အသုံးပြုနေရတာကို ဒီရာသီမှာ စတင်ပြောင်းလဲသွားဖို့ စီစဉ်နေပြီး ဆီမီကတ်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁.၇၅ သန်း (ယူရို ၁၃ သန်း)နဲ့ မကြာမီရက်ပိုင်းအတွင်း ခေါ်ယူနိုင်ဖို့နဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.