Premier League

ဘင္နီတက္ဇ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ ဟိုတယ္ေျပာင္းတည္းခဲ့ရ

စပိန္ႏိုင္ငံ၊ မာဘယ္လာမွာ ပရီးမီးယားလိဂ္ရဲ႕ ေဆာင္းရာသီနားရက္အတြင္း စခန္းသြင္းေလ့က်င့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကို႐ိုးနား ဗိုင္းရပ္စ္နဲ႔ ႀကဳံေတြ႕ႏိုင္တဲ့ အႏၲရာယ္ကို ေၾကာက္ၿပီး သူတို႔ နားခိုဖို႔ စီစဥ္ထားတဲ့ ဟိုတယ္ကို အေျပာင္းအလဲ ျပဳလုပ္လိုက္ရပါတယ္။

အေစာပိုင္းက Golf Resort ဟိုတယ္ တစ္ခုျဖစ္တဲ့ ဝက္စ္တင္ လာကြင္တာမွာ တည္းခိုဖို႔ စီစဥ္ခဲ့ေပမယ့္ သူတို႔မတိုင္ခင္ ပရီးမီးယားလိဂ္နည္းျပေဟာင္း ရာေဖးလ္ ဘင္နီတက္ဇ္နဲ႔အတူ တာ့လ်န္ ယီဖန႔္အသင္းသားေတြဟာ ဝက္စ္တင္လာကြင္တာမွာ မန္ခ်က္စတာယူႏိုက္တက္ထက္အရင္ ၃ ရက္ေလာက္က တည္းခိုသြားတာျဖစ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန အစျပဳလိုက္တဲ့ ကို႐ိုးနားဗိုးရပ္စ္အႏၲရာယ္ကို မစြန႔္စားဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဘင္နီတက္ဇ္တို႔ တည္းသြားတဲ့ ဟိုတယ္မွာ ဆက္မတည္းခိုဖို႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြက ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အခုေတာ့ ၾကယ္ငါးပြင့္အဆင့္ရွိ ကမ္ပင္စကီး ဟိုတယ္မွာပဲ တည္းခိုခဲ့တာျဖစ္ၿပီး ကမ္ပင္စကီးဟိုတယ္ဟာ ကမ္းေျခကို မ်က္ႏွာစာေပးထားတဲ့ ဟိုတယ္ျဖစ္တာေၾကာင့္ ကစားသမားေတြ အပန္းေျဖဖို႔လည္း ပိုမိုသင့္ေတာ္ပါတယ္။

ယူႏိုက္တက္ဟာ ကို႐ိုးနားဗိုင္းရပ္စ္ေၾကာင့္ အလုပ္အမ်ားရဆုံး ပရီးမီးယားလိဂ္အသင္းလည္းျဖစ္ၿပီး ဒီအေတာအတြင္း တ႐ုတ္စူပါလိဂ္က အငွားနဲ႔ေခၚထားတဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး အိုဒီယြန္ အီဂါလိုကိုလည္း ကာရင္တန္ေလ့က်င့္ေရးကြင္းကို ဝင္ခြင့္မေပးဘဲ ပိတ္ပင္ထားတယ္လို႔ သိရပါတယ္။

အီဂါလိုကို ေဆးစစ္ရာမွာ ကို႐ိုးနားဗိုင္းရပ္စ္မေတြ႕ရေပမယ့္ တ႐ုတ္ႏိုင္ငံကလာတဲ့သူတိုင္းကို ေစာင့္ၾကည့္ကာလ ၁၄ ရက္ သတ္မွတ္ထားလို႔ အဲဒီအေတာအတြင္း ကာရင္တန္ေလ့က်င့္ေရးကြင္းကို မန္ခ်က္စတာၿမိဳ႕က တျခားေနရာ တစ္ေနရာမွာပဲ သီးျခားေလ့က်င့္ေရးမႉးတစ္ေယာက္နဲ႔အတူ ေလ့က်င့္ခန္းဆင္းေနရတယ္လို႔ သိရွိရပါတယ္။

REF: MIRROR & THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: စပိန်နိုင်ငံ၊ မာဘယ်လာမှာ ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီနားရက်အတွင်း စခန်းသွင်းလေ့ကျင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကိုရိုးနား ဗိုင်းရပ်စ်နဲ့ ကြုံတွေ့နိုင်တဲ့ အန္တရာယ်ကို ကြောက်ပြီး သူတို့ နားခိုဖို့ စီစဉ်ထားတဲ့ ဟိုတယ်ကို အပြောင်းအလဲ ပြုလုပ်လိုက်ရပါတယ်။

အစောပိုင်းက Golf Resort ဟိုတယ် တစ်ခုဖြစ်တဲ့ ဝက်စ်တင် လာကွင်တာမှာ တည်းခိုဖို့ စီစဉ်ခဲ့ပေမယ့် သူတို့မတိုင်ခင် ပရီးမီးယားလိဂ်နည်းပြဟောင်း ရာဖေးလ် ဘင်နီတက်ဇ်နဲ့အတူ တာ့လျန် ယီဖန့်အသင်းသားတွေဟာ ဝက်စ်တင်လာကွင်တာမှာ မန်ချက်စတာယူနိုက်တက်ထက်အရင် ၃ ရက်လောက်က တည်းခိုသွားတာဖြစ်တဲ့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အစပြုလိုက်တဲ့ ကိုရိုးနားဗိုးရပ်စ်အန္တရာယ်ကို မစွန့်စားဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘင်နီတက်ဇ်တို့ တည်းသွားတဲ့ ဟိုတယ်မှာ ဆက်မတည်းခိုဖို့ မန်ချက်စတာယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ကြယ်ငါးပွင့်အဆင့်ရှိ ကမ်ပင်စကီး ဟိုတယ်မှာပဲ တည်းခိုခဲ့တာဖြစ်ပြီး ကမ်ပင်စကီးဟိုတယ်ဟာ ကမ်းခြေကို မျက်နှာစာပေးထားတဲ့ ဟိုတယ်ဖြစ်တာကြောင့် ကစားသမားတွေ အပန်းဖြေဖို့လည်း ပိုမိုသင့်တော်ပါတယ်။

ယူနိုက်တက်ဟာ ကိုရိုးနားဗိုင်းရပ်စ်ကြောင့် အလုပ်အများရဆုံး ပရီးမီးယားလိဂ်အသင်းလည်းဖြစ်ပြီး ဒီအတောအတွင်း တရုတ်စူပါလိဂ်က အငှားနဲ့ခေါ်ထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အီဂါလိုကိုလည်း ကာရင်တန်လေ့ကျင့်ရေးကွင်းကို ဝင်ခွင့်မပေးဘဲ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အီဂါလိုကို ဆေးစစ်ရာမှာ ကိုရိုးနားဗိုင်းရပ်စ်မတွေ့ရပေမယ့် တရုတ်နိုင်ငံကလာတဲ့သူတိုင်းကို စောင့်ကြည့်ကာလ ၁၄ ရက် သတ်မှတ်ထားလို့ အဲဒီအတောအတွင်း ကာရင်တန်လေ့ကျင့်ရေးကွင်းကို မန်ချက်စတာမြို့က တခြားနေရာ တစ်နေရာမှာပဲ သီးခြားလေ့ကျင့်ရေးမှူးတစ်ယောက်နဲ့အတူ လေ့ကျင့်ခန်းဆင်းနေရတယ်လို့ သိရှိရပါတယ်။

REF: MIRROR & THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.